ဆီးလမ်းကြောင်းကျောက်တည်ခြင်းဟာ ကျောက်ကပ်ကစလို့ ဆီးပြွန်၊ ဆီးအိမ်၊ ဆီးထွက်ပေါက် တောက်လျှောက် ဘယ်နေရာမဆို ဖြစ်နိုင်ပါတယ်။ဆီးထဲမှာပါတဲ့ ကျောက်အမှုန်လေးတွေအနည်ထိုင်ပြီး ကျောက်အကြီးတစ်ခုဖြစ်လာပါတယ်။ ဒီကျောက်ကလေးက နူးညံ့လှတဲ့ဆီးလမ်းကြောင်းတောက်လျှောက်ဆင်းသွားတဲ့အခါ လက္ခဏာတွေစတင်ခံစားရပါတယ်။
လက္ခဏာတွေကတော့…
– ဖြစ်တဲ့ဘက် နံရိုးအောက် ကျောကုန်းဘက်မှာ အရမ်းနာတတ်ပါတယ်။ နာတာဟာ ပြင်းထန်လွန်းလို့ ကလေးမွေးခါနီးနာတာနီးပါး နာတယ်လို့တောင်ပြောကြပါတယ်။
– ဒီလိုနာတဲ့ နာကျင်ခြင်းဟာ တစ်ခါတစ်ရံ ပေါင်ရင်းထိပ်နားထိရောက်တတ်ပါတယ်။ တစ်ချက်တစ်ချက် ညှစ်ပြီး ဆုတ်ဆွဲထားသလို နာတတ်ပါတယ်။
– ပျို့အန်ခြင်း၊ ချမ်းတုန်ဖျားခြင်း
– ဆီး အရောင်နောက်ခြင်း သို့ ဆီးထဲမှာသွေးပါခြင်း
– ဆီးမကြာခဏသွားလိုခြင်း စတဲ့လက္ခဏာတွေပြတတ်ပါတယ်။
ဘယ်သူတွေမှာဖြစ်လေ့ရှိပါသလဲ?
ဆီးလမ်းကြောင်းကျောက် အမျိုးအစား ၄ မျိုးရှိပါတယ်။
၁)ထုံးကျောက်လို့ခေါ်တဲ့ ( Calcium) ကျောက်သူကတော့ Calcium Oxylate ပါတဲ့ အစားအစာ အစားများတဲ့လူတွေမှာဖြစ်တတ်ပါတယ်။ချောကလက်၊ မြေပဲ၊ အာလူးကြော် တို့ဖြစ်ပါတယ်။
၂)Uric Acid ကြောင့်ဖြစ်တဲ့ ဆီးကျောက်ယောကျာ်းလေးတွေမှာပိုဖြစ်တတ်ပြီး အဆစ်ရောင် ဂေါက်ရောဂါနဲ့တွဲပြီးဖြစ်တတ်ပါတယ်။
၃) _ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကြောင့်ဖြစ်ခြင်း ဖြစ်တဲ့ဆီးကျောက်မိန်းကလေးတွေမှာအဖြစ်များပြီး ဆီးလမ်းကြောင်းမကြာခဏပိုးဝင်သူတွေမှာတွေ့ရပါတယ်။
၄) _ Cystine လို့ခေါ်တဲ့ ကျောက်မျိုးရိုးကြောင့်အဓိကဖြစ်ပါတယ်။
ဖြစ်နိုင်ခြေရှိတဲ့သူတွေကတော့
======================
တစ်နေ့ ရေ ၁လီတာ ပြည့်အောင်မသောက်သူတွေက အဖြစ်နိုင်ဆုံးပါ။
– အသက် ၂၀ မှ ၅၀ တွင်းအဖြစ်များပါတယ်
– မိသားစုမျိုးရိုးအရ ဆီးကျောက်တည်တတ်သူတွေ
– ချွေးထွက်များပြီး ရေသောက်နည်းသူတွေ
– အစားအသောက်ထဲမှာ အသားဓာတ်၊ ဆားဓာတ် ၊ အချိုဓာတ်အစားများသူတွေ
– အဝလွန်သူတွေ
– Parathyroid ဟော်မုန်းများသူတွေ
– ဆီးဆေး၊ အတက်ကျဆေး၊ Calcium ကို အခြေခံထားတဲ့လေဆေး စွဲသောက်သူတွေ မှာ ပိုဖြစ်နိုင်ပါတယ်။ဆီးကျောက်တည်ခြင်း မှာ အချို့ကျောက်တည်ခြင်းတွေက အရွယ်အစားသေးပေမယ့်နာကျင်တာ၊ အောင့်တာတွေ ခံစားရပြီး တစ်ချို့ကျောက်တည်ခြင်းတွေက အရွယ်ကြီးပေမယ့်လက္ခဏာ မပြဘဲ ဆေးစစ်ကြည့်မှသိတာလည်းရှိပါတယ်။ဆီးကျောက်တည်ခြင်းရှိမရှိသိချင်ရင်
– ရိုးရိုးဓာတ်မှန်ရိုက်ကြည့်တာ
– ကွန်ပြူတာ ဓာတ်မှန်( Ultrasound) ရိုက်ကြည့်လို့ရနိုင်ပါတယ်။
– တချို့ကိုလည်း ဆေးသောက်ပြီး ဓာတ်မှန်ရိုက်ကြည့်တာ မျိုးနဲ့ ကျောက်တည်တဲ့နေရာ၊ အရွယ်အစားကို သေချာအောင်ကြည့်တာမျိုးလည်းရှိပါတယ်။
ဆီးကျောက်ဖြစ်ရတဲ့ အကြောင်းနဲ့လက္ခဏာတွေသိလောက်ပြီဆိုတော့ဆီးကျောက်ကြောင့်ဘာတွေဖြစ်တတ်တယ်။ ဘယ်လိုကုသနိုင်တယ်ဆိုတာဆက်လက်ဖော်ပြပေးသွားပါမယ်။
မယ်တင်( ဆေး ၁)