စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

ခုခံအားအမြန်ဆုံးတက်စေမယ့် အစားအသောက်(၁၀)မျိုး – Resistance Foods

1 Mins read

ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် ကို အမြန်ဆုံးပြန်လည်မြှင့်တင်ပေးနိုင်မယ့် အစားအသောက်များ (Resistance Foods) တွေကတော့…

(1)ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာပါဝင်တဲ့ Allicin ဆိုတဲ့ဒြပ်ပေါင်းဟာ ကူးစက်ရောဂါများနဲ့ ဘက်တီးရီးယားအချို့ကိုတိုက်ဖျက်နိုင်ပါတယ်။

(2)ချင်း

ချင်းမှာပါဝင်တဲ့ Gingerol လို့ခေါ်တဲ့ဒြပ်ပေါင်းကတော့ ရောင်ရမ်းမှုကိုသက်သာစေပြီး ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများပါဝင်ပါတယ်။

(3)ချဉ်သောအသီး

Vitamin C ပါဝင်တဲ့အသီးတော်တော်များများဟာ ကိုယ်ခံအားစနစ်ကိုပိုမိုကောင်းမွန်အောင်ထောက်ပံ့ပေးပါတယ်။

(4)ဘယ်ရီသီး

ဘယ်ရီသီးမှာကတော့ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိကြွယ်ဝစွာပါဝင်ပြီး အိုမင်းရင့်ရော်မှုနဲ့

ခန္ဓာကိုယ်တွင်း အန္တရာယ်ရှိတဲ့ဓာတ်ပစ္စည်းမျာ းထုတ်လုပ်မှုမှကာကွယ်ပေးပါတယ်။

(5)ဟင်းရွက်စိမ်း

အထူးသဖြင့် သံဓာတ်နဲ့ ဗီတာမင်စီ ကဲ့သို့ ဗီတာမင်နဲ့သတ္ထုဓာတ်များပါဝင်ပြီး ခန္ဓာကိုယ်ရဲ့

ခုခံအားစနစ်တည်ဆောက်ရေးမှာများစွာအထောက်ကူပြုပါတယ်။

(6)အခွံမာသီးနှင့်အစေ့အဆံ

ဗီတာမင်အီး ကြွယ်ဝစွာပါဝင်ပြီး ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးနိုင်ပါတယ်။

(7)ဒိန်ချဉ်

ဒိန်ချဉ်မှာ Probiotics လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားများပါဝင်ပြီး ရောဂါပိုးများကိုခုခံကာကွယ်ရာမှာ အဓိကအခန်းကဏ္ဍမှလုပ်ဆောင်ပေးပါတယ်။

(8)နနွင်း

Curumin ဒြပ်ပေါင်းပါဝင်တဲ့အတွက် ချင်းကဲ့သို့အလားတူ ရောင်ရမ်းခြင်းကိုသက်သာစေပြီး

ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိပါတယ်။

(9)မှို

Beta-glucans လို့ခေါ်တဲ့အမျှင်ဓာတ်တစ်မျိုးပါဝင်လို့ မှိုဟာလည်း ကိုယ်ခံအားစနစ်ကိုမြှင့်တင်

ပေးနိုင်ပါတယ်။

(10) လက်ဖက်စိမ်း

Catechin လို့ခေါ်တဲ့သဘာဝဓာတ်ပစ္စည်းပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိနဲ့အတူ

ကိုယ်ခံအားစနစ်ကိုထောက်ပံ့ပေးပါတယ်။

myDoctor ရဲ့ ချစ်ပရိသတ်ကြီးတို့လည်း ဒီလိုကျန်းမာရေးအတွက်အထောက်ကူပြုတဲ့အစားအသောက်တွေကို စားပေးဖို့မမေ့ကြနဲ့ဦးနော်

ယခုလိုဗဟုသုတရစရာအကြောင်းအရာတွေကို https://www.facebook.com/myDoctorMyanmar facebook channel နှင့် www.mydoctor.com.mm မှာအမြဲမပြတ်ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါတယ်။

#myDoctor

#teleMedicine #ResistanceFoods

Related posts
နေထိုင်မှုပုံစံအခြားရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

မခံမရပ်နိုင်အောင် ဇက်ကြောတက် နေရခြင်းရဲ့ ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ

1 Mins read
ယနေ့ခေတ်လို ကွန်ပျူတာ၊ laptop၊ ဖုန်း၊ tablet စတာတွေကို အသုံးများလာတဲ့ခေတ်မှာ ဇက်ကြောတက် ခြင်းက အဖြစ် များလာတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။  ဇက်ကြောတက်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ကတော့- (၁) ကြွက်သားတောင့်တင်းခြင်း သို့မဟုတ် ညောင်းညာခြင်း ကိုယ်ဟန်အနေအထား မမှန်ခြင်း၊ ရုတ်တရက်…
နေထိုင်မှုပုံစံအလှအပအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

ဒေါက်ဖိနပ် အမြဲစီးသူတို့ သိထားသင့်သောအရာများ

1 Mins read
သင်ဟာ ဒေါက်ဖိနပ် အမြဲစီးတတ်တဲ့သူတစ်ယောက်ဆိုရင် သက်တောင့်သက်သာဖြစ်ရေး၊ ဘေးကင်းမှုနဲ့ ကျန်းမာ ရေးအတွက် သင်သိထားသင့်တဲ့ အရေးကြီးအချက်တွေရှိပါတယ်။ ဒေါက်ဖိနပ်စီးခြင်းဟာ အရပ် ရှည်သွားစေ ခြင်း၊ စမတ်ကျခြင်း၊ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိစေခြင်း၊ ဆွဲဆောင်မှုရှိစေခြင်း စတဲ့အချက်တွေကြောင့် စီးလေ့ ရှိကြပါတယ်။ သို့သော်လည်း တစ်ဖက်မှာတော့…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

လတ်ဆတ်တဲ့ အသား နဲ့အသားခြောက် တို့မှာကွာခြားချက်ရှိနေလား

1 Mins read
အသား လတ်လတ်ဆတ်ဆတ်နဲ့ အသားခြောက်တို့ကြား သိသာထင်ရှားတဲ့ ကွာခြားချက်ရှိပါတယ်။ အစိုဓာတ် ပါဝင်မှု၊ လျှာပေါ်မှာထိတွေ့ခံစားရတဲ့ အနေအထား၊ ထိန်းသိမ်းမှုနည်းလမ်းများနှင့် ချက်ပြုတ်တဲ့ နည်းလမ်းများမှာ ကွာခြားမှုတွေ ရှိပါတယ်။ အစိုဓာတ်ပါဝင်မှု- လက်ဆတ်တဲ့အသားနဲ့ အသားခြောက်တို့ကြား အဓိကကွာခြားချက်မှာ အစိုဓာတ် ပါဝင်မှုပဲ ဖြစ်ပါတယ်။ လတ်ဆတ်သောအသားတွေမှာ…

Leave a Reply

Your email address will not be published. Required fields are marked *