Uncategorizedကျန်းမာရေး( အ )

ခရုသင်း သမင်ဖြူ ဖြစ်လာလျှင် ကုလို့ရလား?

1 Mins read

Vitiligo ( ခရုသင်း သမင်ဖြူ ) ဆိုတာ အရေပြားရဲ့ အချို့နေရာတွေမှာ Melanin လို့ခေါ်တဲ့ ရောင်ခြယ်ပစ္စည်းများ ဆုံးရှုံးခြင်းကြောင့် အဖြူကွက်များ ဖြစ်ပေါ်လာတဲ့ အရေပြားအခြေအနေတစ်ခုဖြစ်ပါတယ်။ အရေပြား၊ ဆံပင်နှင့် မျက်လုံးတို့အား အရောင်ခြယ်ပေးသော မယ်လနင် (Melanin) ကိုထုတ်လုပ်ပေးတဲ့ melanocytes ဆဲလ်များ ပျက်စီးခြင်း သို့မဟုတ် အလုပ်မလုပ်တော့ခြင်းကြောင့် ဖြစ်ပေါ်ပါတယ်။ ခရုသင်း သမင်ဖြူ ကို ဖြစ်စေတဲ့ အကြောင်းရင်း အတိအကျကို အပြည့်အဝ မသိသေးသော်လည်း ကိုယ်ခံအားစနစ်က melanocytes များကို မှားယွင်းစွာ ဖျက်ဆီးတိုက်ခိုက်တဲ့ autoimmune disorder ဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။

ခရုသင်း သမင်ဖြူ ဟာ အသက်အရွယ်၊ ကျားမ မရွေး၊ သက်ရောက်မှုရှိနိုင်သော်လည်း အသားအရောင် ပိုမည်းတဲ့ လူတွေမှာတော့ ပိုမိုသိသာစေပါတယ်။ အဓိကလက္ခဏာမှာ အရေပြားပေါ်တွင် အဖြူရောင် အကွက်များ ရှိနေခြင်းဖြစ်ပါတယ်။ အဖြူကွက်တွေဟာ မျက်နှာ၊ လက်၊ ခြေ၊ လက်နှင့် လိင်အင်္ဂါ အပါအဝင် ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုခုမှာ ပေါ်လာနိုင်ပါတယ်။

ခရုသင်း သမင်ဖြူ ဟာ ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်ရှိတဲ့ အခြေအနေတော့ မဟုတ်ပါဘူး။ နာကျင်မှု၊ မသက်မသာ ဖြစ်စေခြင်း (သို့) ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲများကို မခံစားရစေနိုင်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် လည်း မကူးစက်နိုင်ပါဘူး။ ဒါပေမယ့်  စိတ်ပိုင်းဆိုင်ရာနှင့် စိတ်ခံစားမှုဆိုင်ရာ အကျိုးသက်ရောက်မှုများတော့ ရှိနိုင်ပါတယ်။  အကျိုးသက်ရောက်မှုများဟာလည်း လူတစ်ဦးနှင့်တစ်ဦး ကွဲပြားနိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာဒုက္ခ- ခရုသင်းသမင်ဖြူခံစားနေရသူမှာ အဖြူကွက်များကြောင့် ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စိတ်၊ ရှက်ရွံ့မှုနှင့် လူမှုရေးဆိုင်ရာစိုးရိမ်ပူပန်မှုတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ခွဲခြားဆက်ဆံခံရခြင်း- အသားရောင်မညီဘဲ အဖြူအကွက် အကွက်များရှိနေခြင်းကြောင့် ခွဲခြားဆက်ဆံခြင်းကို ခံရနိုင်ပါတယ်။ ခွဲခြားဆက်ဆံခံရပါက အထီးကျန်ဆန်ခြင်း၊ လူမှုဆက်ဆံရေး လျော့ပါးလာခြင်းနှင့် ပညာရေး၊ အလုပ်အကိုင်နှင့် ဆက်ဆံရေးများအပါအဝင် ဘဝရဲ့ ရှုထောင့်အမျိုးမျိုးမှာ အပျက်သဘောဆောင်တဲ့ အတွေ့အကြုံများကို ဖြစ်ပေါ်စေနိုင်ပါတယ်။

စိတ်ခံစားမှုဆိုင်ရာ သက်ရောက်မှု- ခရုသင်း သမင်ဖြူ ရှိနေခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု၊ စိုးရိမ်ပူပန်မှုနှင့် စိတ်ဓာတ်ကျခြင်းကို ဖြစ်စေနိုင်ပါတယ်။

လူနေမှုဘဝအပေါ် သက်ရောက်မှု- ခရုသင်း သမင်ဖြူ ခံစားနေရသူဟာ အရေပြား ပေါ်က အဖြူကွက်များကို ရှက်ရွံ့တဲ့အတွက် အဝတ်အစားနဲ့ ဖုံးအုပ်ထားတတ်ကြတဲ့အတွက် အဝတ်အစားရွေးချယ်မှုအပေါ် အကန့်အသတ် များ ရှိနိုင်ပါတယ်။ အချို့သောလှုပ်ရှားမှုများ (ဥပမာ -ရေကူးခြင်း (သို့) အားကစားတစ်ခုခု) မှာ သူ့အနေနဲ့ ပါဝင်ဖို့ ရှက်ရွံ့နေနိုင်တဲ့အတွက် သူ့ဘဝပျော်ရွှင်မှုကို ဟန့်တားမှု ဖြစ်စေနိုင်ပါတယ်။

ဆက်စပ်ကျန်းမာရေးအခြေအနေများ- ခရုသင်း သမင်ဖြူ က ရောဂါပြဿနာများကို မဖြစ်စေသော်လည်း ခရုသင်း သမင်ဖြူ ရှိသူများမှာ သိုင်းရွိုက်ရောဂါ၊ rheumatoid arthritis နှင့် အမျိုးအစား ၁ ဆီးချိုရောဂါ ကဲ့သို့သော အခြားသော autoimmune disorders ဖြစ်နိုင်ခြေပိုများစေနိုင်ပါတယ်။

လက်ရှိတွင် ခရုသင်း သမင်ဖြူ အတွက် ကုသရန်ဆေးမရှိသေးသော်လည်း အခြေအနေကို စီမံခန့်ခွဲရန်နှင့် ထိခိုက် နေသော အရေပြား ရဲ့ ပုံပန်းအသွင်အပြင်ကို တိုးတက်စေရန်အတွက် ကုသမှုနည်းလမ်းများစွာတော့ ရှိပါတယ်။

ယခုလိုဗဟုသုတရစရာအကြောင်းအရာတွေကို https://www.facebook.com/myDoctorMyanmar facebook channel နှင့် www.mydoctor.com.mm မှာအမြဲမပြတ်ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါတယ်။

#Dr.Shoon(ဆေး-၁)

#myDoctor

#teleMedicine

Related posts
Uncategorized

ရဲဆေး( အရက် ) တင်ထားမှ ကြာတယ်ဆိုတာဟုတ်လား?

1 Mins read
အရက် ဟာ လိင်မှုဆိုင်ရာကိစ္စရပ်များအပေါ် ရှုပ်ထွေးတဲ့ သက်ရောက်မှုရှိနိုင်ပြီး အကျိုးသက်ရောက်မှုဟာ လူတစ်ဦးနှင့်တစ်ဦး ကွဲပြားနိုင်ပါတယ်။ တချို့သူတွေမှာ အရက်ကို ပမာဏအသင့်အတင့်သောက်သုံးခြင်းဟာ စိတ်ကိုပြေလျော့စေပြီး ယုံကြည်မှုတိုးလာစေကာ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကို မြှင့်တင်ပေးနိုင်တယ်လို့ ဆိုကြပါတယ်။ အရက် သောက်ပြီး လိင်ဆက်ဆံခြင်းဟာ သုက်လွှတ်ခြင်းကို…
Uncategorized

လေလည်ခြင်း ဆိုတာ

1 Mins read
လေလည်ခြင်း ဆိုတာ အစာခြေမှု လုပ်ငန်းစဉ်အတွင်း ခန္ဓာကိုယ်မှ ပိုလျှံနေသော လေ (သို့) ဓာတ်ငွေ့များကို စွန့်ထုတ်ရန် လိုအပ်တဲ့အခါ ဖြစ်ပေါ်တဲ့ သဘာဝအလျောက် လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။ လေလည်ခြင်း ဆိုတာ သင့်ရဲ့ အစာခြေစနစ် ကောင်းမွန်စွာ အလုပ်လုပ်နေတယ်ဆိုတဲ့ လက္ခဏာပါပဲ။…
Uncategorized

ဦးထုပ်မဆောင်းမိခဲ့လျှင်... ( ကွန်ဒုံး )

1 Mins read
ကွန်ဒုံး မသုံးဘဲ လိင်ဆက်ဆံမိတဲ့အခါ ကြုံတွေ့ရနိုင်တဲ့ အဓိကအန္တရာယ် နှစ်ခုရှိပါတယ်။ (၁) လိင်မှတစ်ဆင့်ကူးစက်သောရောဂါများကွန်ဒုံးဟာ ပါးစပ်၊ စအို သို့မဟုတ် မိန်းမအင်္ဂါဖြင့် လိင်ဆက်ဆံစဉ်အတွင်း လိင်ကတစ်ဆင့်ကူးစက်သော ကူးစက် ရောဂါများကို တားဆီးရာမှာ အထိရောက်ဆုံးနည်းလမ်းဖြစ်ပြီး  ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံခြင်းဟာ လိင်က တစ်ဆင့်…

Leave a Reply

Your email address will not be published. Required fields are marked *