ကွမ်းစားခြင်းရဲ့နောက်ဆက်တွဲ
💋”သိပ်လှတဲ့ နှုတ်ခမ်းပိုင်ရှင်လေးဖြစ်ချင်သလား။ ရေ့ာ နိုင်တီတူးနဲ့ တယာစား” 💋လို့ ရွတ်နောက်နောက်နဲ့ ပြောနေကျသလို ကျွန်တော်တို့ နိုင်ငံအပါအဝင် အာရှနိုင်ငံ တော်တော်များများမှာ ကွမ်းစားလို့ နီရဲနေတဲ့ အာခေါင်နီလေးတွေဟာ မြင်နေကျမြင်ကွင်းတွေထဲကတခုပါပဲ။
ကွမ်းယာထဲမှာ များသောအားဖြင့်တော့ ကွမ်းသီးကိုကြိတ်ပြီးတော့ထည့်တယ်၊ ကွမ်းရွက်ပါမယ်၊ ပြီးတော့ တခြား ကိုယ်ရောလိုရာ ဆေးရွက်ကြီးတို့၊ နှပ်ဆေးတို့၊ နွယ်ချိုတို့ အစရှိသဖြင့်ထည့်ပြီး ဝါးကြပါတယ်။
ကွမ်းစားတာမကောင်းဘူးလို့ သွားပြောရင် သူ့ပုရိတ်သတ်က ကွမ်းစားရင် အိပ်ငိုက်ပြေတယ်တို့၊ သွေးမလေးဘူး၊ ကားမောင်းနေရင် ကွမ်းလေးဝါးထားမှ အာရုံကောင်းကောင်းစိုက်နိုင်တာလို့ ပြန်ကြွယ်ပါလိမ့်မယ်။
💥အဲ့လို့ဖြစ်စေရတဲ့အကြောင်းရင်းက ကွမ်းသီးထဲမှာ သဘာဝအတိုင်းပါဝင်တဲ့ Alkaloids ဓာတ်ပေါင်းတွေက Adrenaline ဟော်မုန်းကိုထွက်စေတာကြောင့်လို့ ယူဆလို့ရပါတယ်။ ဒီဟော်မုန်းက လူကို လန်းစေပြီး နေထိုင်လို့ကောင်းသွားသလိုဖြစ်စေပါတယ်။💥
📌ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ကွမ်းသီးကို နီကိုတင်း၊ အရက်၊ ကဖင်း တို့နဲ့တူတူ Psychoactive substance အဖြစ် အုပ်စုဖွဲ့သတ်မှတ်ထားတာတွေ့ရှိရပါတယ်။
📌ကွမ်းသီးနဲ့ ကွမ်းရွက်မှာ သူ့ကောင်းတဲ့ အာနိသင်လေးတွေလည်းရှိပါတယ်။ မြန့်မာတိုင်းရင်းဆေးတွေထဲမှာ ကွမ်းရွက်ဟာ အရေးပါတဲ့ ပါဝင်ပစ္စည်းတမျိုးလည်းဖြစ်တယ်လို့ဆိုပါတယ်။
အစာကြေလွယ်စေတယ်၊
ခံတွင်းအနံ့ဆိုးကို ကာကွယ်ပေးတယ်၊
အနာကျက်တာကို မြန်စေတယ်၊ ရောင်ယမ်းနေတဲ့ အနာ ရင်းနေတဲ့ အနာတို့ကို ကွမ်းရွက်အုံလိုက်ရင် အရောင်ကျသွားတယ်၊
အပူကန်နေရင် ကွမ်းရွက်လေး အုံပေးထားတာတို့၊ ဆံပင်သန်ချင်ရင် ကွမ်းရိုးနဲ့ဆွဲတာမျိုးတို့ဟာ မြန်မာလူမျိုးတွေ အတွက် ဆေးဖက်ဝင်အသုံးပြုလေ့ရှိကျပါတယ်။
📌ဒါပေမယ့် ကွမ်းစားတဲ့လူတွေကလည်း
ကွမ်းယာထဲမှာ တခြားဆေးလေးတွေ ထည့်မှစားတတ်တာတို့၊
ဆေးလိပ်လေးက လည်း မပြတ်ဘူး တွဲသောက်လိုက်သေးတတ်တာ၊
အရက်ကလေးသောက်နေရင် ကွမ်းယာလေးဝါးနေရမှတို့၊
ကွမ်းကို အဆတ်မပြတ်စားတာ၊ အကြာကြီး ငုံထားတာ၊ မထွေးထုတ်ပဲ မျိုချတာ တို့စတဲ့ အပြုအမူတွေက ရောဂါဖြစ်စေတာပဲ။
📌ကွမ်းစားခြင်းအားဖြင့် အာခေါင်ကင်ဆာ၊ အူမကြီးကင်ဆာ၊ ဆီးကျောက်တည်တာ အစရှိသဖြင့်ရောဂါတွေဖြစ်နိုင်တယ် ဆိုတာကတော့ စာဖတ်သူတို့ ခဏခဏ မြင်နေရပြီးဖြစ်လို့ ထူးပြီးပြောမနေတော့ပါဘူး။
📌အရင်ခေတ်တွေတုန်းကလည်း စားခဲ့တာပဲ၊ တို့အဘွားဆို သွားမရှိတော့တာတောင် ကွမ်းလေးမြုံထားတာ ဘာရောဂါမှ မဖြစ်ဘူးလို့တော့ ပြန်မငြင်းပါနဲ့။
ခေတ်မတူတော့တဲ့အတွက် ဒီခေတ်မှာ ကွမ်းပင်မှာကတည်းက ပိုးသတ်ဆေး အကြွင်းအကျန်ပါလာနိုင်တဲ့အပြင် ကွမ်းသီးကို အမြောက်အမြားထုတ်လာတဲ့အခါ တာရှည်ခံအောင်လို့ ဆာလ်ဖာ ပါတဲ့ ဒြပ်ပေါင်းတွေနဲ့ ဖြန်းတာတို့ပါ လုပ်လာတဲ့အတွက် အရင်ခေတ်ကထက် ပိုအန္တရာယ်ရှိပါတယ်။
📌ကွမ်းရွက်တွေဆိုရင်လည်း နွမ်းတာမြန်တဲ့အတွက်ကြောင့် သဘာဝမဟုတ်တဲ့ နည်းလမ်းတွေနဲ့ တာရှည်ခံအောင်လုပ်တာတွေ၊ ရေဖြန်းပြီး စိုထိုင်းနေအောင်လုပ်ပေးရတဲ့အတွက် မှိုပေါက်နိုင်ပါသေးတယ်။
📌တခြားဆေးနဲ့ ဆေးရွက်ကြီးတွေထည့်စားခြင်းအားဖြင့်လည်း လူကို စွဲလန်းစေနိုင်တဲ့ အတွက်ကြောင့် တတ်နိုင်ရင်တော့ မစားတာ အကောင်းဆုံးပါပဲ။ ဆေးလိပ်ဖြတ်ဖို့ ကွမ်းစားတာမျိုးလည်း မလုပ်ကျဖို့ တိုက်တွန်းလိုပါတယ်။
“တိုင်ပင်ဆွေးနွေး ကျန်းမာရေး myDoctor နှင့်ဆက်သွယ်ပေး”
#myDoctor #Dr_KyawYe_ဆေး(၁)