PRUHealth
Healthအခြားရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

ကျွန်တော့်ရဲ့ ပထမဦးဆုံး ကျန်းမာရေးအာမခံ ဝယ်ဖူးတဲ့ အတွေ့အကြုံ

1 Mins read

ကျွန်တော့်ရဲ့ ပထမဦးဆုံး ကျန်းမာရေးအာမခံ ဝယ်ဖူးတဲ့ အတွေ့အကြုံ

ကျွန်တော်ကိုယ်တိုင်က ဆရာဝန်တစ်ယောက်လည်းဖြစ်သလို အမြဲတမ်း လူနာတွေနဲ့ ထိတွေ့နေတော့ အိုခြင်း၊ နာခြင်း ဆိုတဲ့အရာကို မကြာခဏဆိုသလို တွေးမိနေတတ်ပါတယ်။ ခုတလော လူနာတစ်ယောက်ကို မြင်ပြီး ပုံမှန် ကျန်းမာရေးကောင်းတဲ့သူတွေလည်း မျက်စိတမှိတ်အတွင်း နာမကျန်းဖြစ်သွားနိုင်တယ်ဆိုတာ စဉ်းစားနေမိပါတယ်။

လူနာဆိုပေမယ့် ကျွန်တော်နဲ့လည်း အမျိုးမကင်းသူ၊ ဝင်ငွေကောင်းတဲ့အလုပ်အကိုင်နဲ့ တစ်အိမ်လုံးကို ဦးဆောင်နေတဲ့ အသက် (၄၀) ဝန်းကျင် အမျိုးသမီးတစ်ဦးပါ။ ဒါပေမယ့် သိပ်မကြာသေးခင်က သူမရဲ့ ကျောက်ကပ်နှစ်ဖက်လုံး ပျက်စီးသွားပြီး ကျောက်ကပ်အစားထိုးတာနဲ့ ကျောက်ကပ်ဆေးတာ နှစ်မျိုးပဲ လုပ်လို့ရတော့မယ့်အဆင့်ကို ရောက်နေပြီဆိုတာ သိလိုက်ရပါတယ်။ အစပိုင်းတော့ စည်းစိမ်ပြုတ်မတတ် ကျောက်ကပ်ဆေးခဲ့ပေမယ့် နောက်ဆုံး ငွေရေးကြေးရေး အခက်အခဲကြောင့် ဆရာဝန် ညွှန်ကြားချက်အတိုင်းတောင် ကျောက်ကပ်မဆေးနိုင်တော့ပဲ ဝေဒနာကို ကြီးမားစွာ ခံစားနေရပါတယ်။

စိတ်သဘောထားကောင်းမွန်ပြီး မိဘကို ရှာဖွေကျွေးမွေးနေတဲ့ အမျိုးသမီး တစ်ယောက်အတွက် ဒီလိုခံစားနေရတာ ထိုက်တန်ပါရဲ့လား။ သူမလို… ကျွန်တော်တို့လို… ဘဝအတွက် ရုန်းကန်လှုပ်ရှားနေရသူတွေအတွက် မကျန်းမာတဲ့အချိန်မှာ အာမခံချက်ပေးနိုင်တဲ့ အရာတစ်ခုကို ကျွန်တော်ကိုယ်တိုင် မက်မက်မောမော လိုချင်လာပါတော့တယ်။ ဒီအချိန်မှာ သူငယ်ချင်းတစ်ယောက် ထောက်ခံပေးတာနဲ့ ပရူဒန်ရှယ်အာမခံရဲ့ ကျန်းမာရေးအာမခံအကြောင်း စုံစမ်းကြည့်မိပါတယ်။

အစပိုင်းမှာတော့ ကျန်းမာရေးအာမခံဆိုတဲ့ သဘောသဘာဝကို သိပ်နားမလည်ပါဘူး။ ဒါပေမယ့် ပရူဒန်ရှယ်အာမခံက ကျွမ်းကျင် ငွေရေးကြေးရေး အကြံပေးတစ်ဦးရဲ့ မောင်နှမအရင်းအချာလို သဘောထားရှင်းပြမှုကြောင့် ကျန်းမာရေး အာမခံဆိုတာ အတော်လေး ကောင်းမွန်တဲ့ စနစ်တစ်ခုဆိုတာ သိလာပါတယ်။ ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောရရင် ဘီယာဆိုင်တစ်ခါထိုင်ရင် ကုန်မယ့်ငွေပမာဏကို ဘီယာဆိုင်မထိုင်တော့ပဲ ကိုယ့်ကျန်းမာရေးအတွက် ရင်းနှီးမြုပ်နှံသလိုပါပဲ။ ဒီရင်းနှီးမြုပ်နှံမှုက ကျွန်တော့်ရဲ့ အခုဖြစ်မယ့်၊ နောင်ဖြစ်လာမယ့် နာမကျန်းမှုတွေအတွက် အကာအကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အစားအသောက်၊ နေထိုင်မှုပုံစံတွေကို လိုက်နာကြဖို့ တိုက်တွန်းအားပေးပြီး ကျန်းမာကြံ့ခိုင်ရေးဆိုင်ရာ အကျိုးခံစားခွင့်တွေလည်း ပေးအပ်ထားတော့ ရောဂါကာကွယ်ရေး၊ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက် အားလုံးပြည့်စုံသွားတာပေါ့။

ပြီးတော့ ကိုဗစ်ကာလအတွင်း PRUHealth ကျန်းမာရေးအာမခံ ဝယ်ယူထားသူတွေအတွက် ထပ်ဆောင်း ကျန်းမာရေးအကာအကွယ် ပေးအပ်ထားတာသိရတော့ အတော်လေး ဝမ်းသာမိပါတယ်။ ကျွန်တော်ကိုယ်တိုင် လူနာတွေကို ကုပေးခဲ့သူမို့ ဆိုးဆိုးဝါးဝါး ခံစားခဲ့ရတဲ့ ကိုဗစ်-၁၉ လူနာတစ်ယောက်ရဲ့ ကုန်ကျငွေက သိန်းဆယ်ဂဏန်းနဲ့ အထက်မှာ ရှိတာကို ကောင်းကောင်းသိပါတယ်။

နောက်တစ်ချက် ကျွန်တော်သဘောကျမိတာက PRUHealth Calculator လေးပါ။ ကျွန်တော်တို့ ဆရာဝန်တွေ ကိုယ်တိုင်တောင် ဘယ်ရောဂါက ဘယ်ဆေးရုံမှာကုရင် ခန့်မှန်းကုန်ကျငွေ ဘယ်လောက်ရှိမယ်ဆိုတာ မခန့်မှန်းတတ်တဲ့ အချိန်မှာ ဒီ PRUHealth Calculator လေးက ရောဂါအမျိုးအစား၊ အသက်အရွယ်နဲ့ ကုသလိုတဲ့ ဆေးရုံတွေကို ရိုက်ထည့်လိုက်ရင် ဆေးကုသဖို့ ခန့်မှန်းကုန်ကျစရိတ်ကို ပြပေးနိုင်ပါတယ်။

ဒီအချက်တွေကို ကြည့်ပြီး နောင်လာမယ့်ရှေ့ရေးမှာ ကျွန်တော်တို့ မိသားစုဘဝ မပူမပင်မကြောင့်မကျ နေနိုင်ဖို့ ကျွန်တော့်ရဲ့ အနာဂတ်ကျန်းမာရေးအတွက် PRUHealth ကျန်းမာရေးအာမခံကိုပဲ ယုံကြည်စိတ်ချစွာ ရွေးချယ်ဖြစ်ခဲ့ပါတယ်။ စာဖတ်သူတွေလည်း PRUHealth ကျန်းမာရေးအာမခံအကြောင်း ပိုပြီး သိချင်တယ်ဆိုရင် https://bit.ly/3C4oCh7 မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ ဆေးကုသမှုအတွက် ခန့်မှန်းကုန်ကျစရိတ်ကို PRUHealth Calculator နဲ့ တွက်ချင်ရင်တော့ https://bit.ly/3qkS941 မှာ တွက်ချက်နိုင်ပါတယ်ခင်ဗျာ။

Related posts
အခြားရောဂါများအထွေထွေရောဂါများ

ရေယုန် ပေါက်ခြင်း (Herpes)

1 Mins read
ရေယုန် (Herpes) ဆိုတာ နာကျင်သော အရည်ကြည်ဖုများ သို့မဟုတ် အနာများကို ဖြစ်စေနိုင်သော အဖြစ်များသော ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ Herpes simplex virus (HSV) ရောဂါပိုး ကူးစက်ခံရခြင်းကြောင့် ဖြစ်တာပါ။ အဓိကအားဖြင့် အရေပြားချင်း ထိတွေ့ခြင်းကြောင့် ပျံ့နှံ့တာပါ။…
အခြားရောဂါများအထွေထွေရောဂါများ

အူရောင်ခဲ့သည်ရှိသော် - Inflammatory bowel disease (IBD)

1 Mins read
အူရောင်ခြင်း Inflammatory bowel disease (IBD) ဆိုတာ အများအားဖြင့် ဗိုင်းရပ်စ်၊ ဘက်တီးရီးယား သို့မဟုတ် ကပ်ပါးပိုးဝင်ခြင်း (အစာအဆိပ် သင့်ခြင်း၊ အစာအိမ်ပိုးဝင်ခြင်း) တို့ကြောင့် အူနံရံတွေ ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဓာတ်ရောင်ခြည်၊ ဆေးဝါးများ သို့မဟုတ်…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

ခုခံအားအမြန်ဆုံးတက်စေမယ့် အစားအသောက်(၁၀)မျိုး - Resistance Foods

1 Mins read
ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် ကို အမြန်ဆုံးပြန်လည်မြှင့်တင်ပေးနိုင်မယ့် အစားအသောက်များ (Resistance Foods) တွေကတော့… (1)ကြက်သွန်ဖြူ ကြက်သွန်ဖြူမှာပါဝင်တဲ့ Allicin ဆိုတဲ့ဒြပ်ပေါင်းဟာ ကူးစက်ရောဂါများနဲ့ ဘက်တီးရီးယားအချို့ကိုတိုက်ဖျက်နိုင်ပါတယ်။ (2)ချင်း ချင်းမှာပါဝင်တဲ့ Gingerol လို့ခေါ်တဲ့ဒြပ်ပေါင်းကတော့ ရောင်ရမ်းမှုကိုသက်သာစေပြီး ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများပါဝင်ပါတယ်။ (3)ချဉ်သောအသီး Vitamin…