PRUHealth Article 3_Updated
Healthနေထိုင်မှုပုံစံ

ကျန်းမာရေးအာမခံနဲ့ပတ်သက်တဲ့ ယုံတမ်းစကားတွေအကြောင်း ပြောရအောင်

1 Mins read

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ခပ်ပေါ့ပေါ့ပြောဆိုနေတဲ့ စကားတွေကြားရတော့ ဆရာဝန်တစ်ယောက်အနေနဲ့ ကျန်းမာရေးအတွက် ဘယ်လို ရင်းနှီးမြုပ်နှံသင့်လဲဆိုတာ ပြောပြချင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာက တခြားနိုင်ငံတွေလို ကိုယ်ရတဲ့ဝင်ငွေထဲက ကျန်းမာရေးအတွက် ပုံမှန် ဘယ်လောက်သုံးမယ်ဆိုတာမျိုး ဖယ်ထားတတ်တဲ့အကျင့် သိပ်မရှိတော့ ရောဂါဖြစ်မှ အသည်းအသန် ကုတတ်ကြတာများတယ်။ ဒါ့ကြောင့် တစ်ချို့ပြောနေကျ ယုံတမ်းစကားတွေကို ပြန်စဉ်းစားဖို့ တိုက်တွန်းချင်ပါတယ်။

ငါက အသက်ငယ်ပြီး ကျန်းမာနေတာပဲ။ ကျန်းမာရေးအာမခံဝယ်ဖို့ မလိုဘူး

ဒါဆိုမေးချင်တာတစ်ခုက ဘာဖြစ်လို့ kilo zero ကားတွေကို အာမခံထည့်ပြီး ရောင်းတာလဲ။ အခုသစ်နေပေမယ့် မမြင်နိုင်တဲ့ မတော်တဆ မဖြစ်အောင်လို့၊ အခုအသစ်ပေမယ့် ဖြစ်လာနိုင်တဲ့ ပျက်စီးမှုအတွက် cover ဖြစ်အောင်လို့၊ အသစ်ကို အာမခံထားရတာ အဟောင်းကို အာမခံရတာထက် ဈေးသက်သာလို့ စတဲ့ အချက်တွေကြောင့်ပါပဲ။

ဒါဆို လူတစ်ယောက်ရဲ့ ကျန်းမာရေးက ပိုတောင် ဂရုစိုက်သင့်တယ် မဟုတ်ဘူးလား။ အသက်ငယ်တုန်း အာမခံထားမယ်ဆိုရင် ဈေးလည်းပိုသက်သာတဲ့အပြင် ပရူဒန်ရှယ်အာမခံရဲ့ Pulse လိုမျိုး အက်ပလီကေးရှင်းကနေ ကျန်းမာစေတဲ့ အလေ့အကျင့်တွေကို ငယ်ငယ်ကတည်းက ရရှိနိုင်တာပေါ့။

အသက်အာမခံအတွက် ပိုက်ဆံပေးနေမယ့်အစား စုထားလိုက်တာ ပိုကောင်းပါတယ်။

ကျန်းမာရေး အသုံးစရိတ်ဆိုတာ လုံးဝ မတည်ငြိမ်တဲ့ ဈေးနှုန်းထဲမှာ ပါတယ်။ ဥပမာ ကိုဗစ်လူနာတွေ သွေးခဲတာကို တားဆီးဖို့ သောက်ရတဲ့ သွေးကျဲဆေးတစ်မျိုးဆိုရင် ပုံမှန်အချိန်မှာ ၁၅,၀၀၀ လောက်ပဲ ပေးရပေမယ့် လူတွေ အရမ်းလိုအပ်လာတဲ့ အချိန်မှာ ၅၀,၀၀၀ လောက်အထိ ပေးဝယ်လိုက်ရတာ အားလုံးအသိပါပဲ။ အံဆွဲထဲမှာ သိမ်းထားတဲ့ ငွေတွေက ကိုယ့်ကျန်းမာရေးအတွက် လိုအပ်လာရင် cover ဖြစ်ချင်မှ ဖြစ်မှာပါ။ ကျန်းမာရေး အာမခံအတွက် လက်ရှိကိုယ်တတ်နိုင်တဲ့ ပမာဏလေးကနေ စပြီး ဝယ်ထားလိုက်တာက ပိုစိတ်ချရပါတယ်။

ငွေရေးကြေးရေး အဆင်ပြေ၊ တတ်နိုင်တဲ့သူတွေပဲ အာမခံ ဝယ်နိုင်တာပါ

အဲ့တာကတော့ လုံးဝမှားပါတယ်။ လက်ဖက်ရည်၊ ကော်ဖီ ကြိုက်တဲ့သူတွေအတွက် တစ်လစာ လက်ဖက်ရည်ဖိုးတောင် မရှိတဲ့ ပမာဏနဲ့ အာမခံထားလို့ရပါတယ်။ အခုဆိုရင် လက်ဖက်ရည် သွားသောက်တာလောက်တောင် မခက်ခဲဘဲ အိမ်မှာနေရင်း ဖုန်းလေးနဲ့တင် ဝယ်လို့ရနေပြီ။

ဖုန်းထဲမှာ Pulse အက်ပလီကေးရှင်းထည့်၊ အကောင့်ဖွင့်ပြီး PRUHealth ကျန်းမာရေးအာမခံကို မြန်မာငွေ တစ်သောင်းကျော်လောက်နဲ့ ထိုင်ရာကမထဘဲ ဝယ်လို့ရနေပါပြီ။ အချိန်ကုန်၊ ငွေကုန် သက်သာပြီး ဝယ်ရတာ အရမ်းလွယ်လို့ အိမ်ကမိသားစုကိုပါ တစ်ခါတည်း Pulse အက်ပလီကေးရှင်းထည့်ပြီး PRUHealth ကျန်းမာရေးအာမခံ ဝယ်ပေးထားလိုက်တယ်။

အာမခံအကြောင်း သူများတွေပြောတာကို လိုက်နားထောင်နေမယ့်အစား Pulse ကို ဒီလင့်ခ်မှာ (https://tinyurl.com/ff3zckja) ကိုယ်တိုင်ဒေါင်းလုဒ်လုပ်ပြီး ကျန်းမာရေးအတွက် အခုပဲ ကြိုတင်ပြင်ဆင်ထားကြဖို့ အကြံပေးလိုက်ရပါတယ်။

#Dr. Zaw Htet Aung

Related posts
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
နေထိုင်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

When should you give your brain a break ?

1 Mins read
🧠 ကျွန်တော်တို့ ခန္တာကိုယ်မှာ တရစပ် မရပ်မနား သေတဲ့အထိ အလုပ်လုပ်ရတဲ့ အကောင်က နှလုံးနဲ့ ဉီးနှောက်ပါပဲ။ လူသေသွားရင် နှလုံးကရပ်သွားပေမယ့် ဉီးနှောက်ကဆက်လုပ်နေရတုန်းပဲ အဲ့တာကြောင့်သေသွားပေမယ့် Brain Wave တွေကျန်နေသေးတယ်ဆိုတာကြားဖူးမှာပါ။ စိတ်ရှုပ်စရာတွေ စိတ်မချမ်းမြေ့စရာသတင်းတွေချည်းပဲ ဆက်တိုက်ကြားလာရတဲ့အခါ လူက လောင်မြိုက်လာတတ်ပါတယ်။…
နေထိုင်မှုပုံစံအလှအပအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

မျက်နှာအဆီပြန်ခြင်း ကိုလျှော့ချဖို့ ဘာတွေလုပ်ရမလဲ

1 Mins read
👍 Do’s 💫 မျက်နှာပုံမှန်သစ်ပါ၊ မနက်တစ်ခါ၊ ညနေတစ်ခါ၊ ချွေးထွက်အောင် လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါတိုင်း မျက်နှာသစ်ပါ။ (အရမ်းမပွတ်ပါနဲ့။ Scrub နေ့တိုင်းမလုပ်ပါနဲ့) 💫 မျက်နှာသစ်ဆေးနဲ့ Skin care, makeup တွေကို “oil free” and “noncomedogenic…