ကိုဗစ်တတိယလှိုင်းဖြစ်တုန်းက ကျွန်တော်တို့ရဲ့ နေ့စဉ် ကျန်းမာရေးကဏ္ဍမှာ နည်းပညာက အရေးကြီးတဲ့ နေရာကနေ ပါဝင်နေတယ်ဆိုတာ ပိုသိလာရပါတယ်။ တစ်ပြည်လုံးမှာ ဗိုင်းရပ်စ်ကူးစက်မှုက အရမ်းပြင်းထန်နေတဲ့ အချိန်ဆိုတော့ ဆရာဝန်တွေ ကိုယ်တိုင်တောင် လူနာကို အိမ်လိုက်ကြည့်ဖို့ အခက်အခဲတွေ ရှိခဲ့ပါတယ်။ ဒီတော့ လူကိုယ်တိုင်သွားကြည့်မယ့်အစား video call ခေါ်ပြီး လူနာကြည့်ပေးလို့ရတဲ့ telemedicine ဝန်ဆောင်မှုတွေကို ဆရာဝန်တော်တော်များများ သုံးလာကြပါတယ်။ လူနာအခြေအနေကလည်း စိုးရိမ်စရာမလိုဘူး၊ ဆရာဝန် ကိုယ်တိုင်လည်း သွားစရာမလိုဘူးဆိုရင် ဒီနည်းလမ်းက အန္တရာယ်ကင်းကင်းနဲ့ ဆေးကုပေးဖို့ အကောင်းဆုံးပါ။
မြန်မာနိုင်ငံမှာ telemedicine ကို ပိုပြီး အားထားလာကြတာက ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအတွက် နည်းပညာကို ပိုပြီး အားထားလာကြတယ်ဆိုတာ ပြလိုက်တာပဲလို့ ကျွန်တော်ကတော့ မြင်ပါတယ်။ ဒါက ရောဂါမကူးအောင် ကာကွယ်တာတင်မကပါဘူး။ လူနာအတွက်အတွက်လည်း ပိုအဆင်ပြေတဲ့အပြင် တစ်ချို့ နေရာတွေမှာဆို ဆေးဖိုးဝါးခပါ သက်သာစေပါတယ်။
နောက်ထပ် ဥပမာတစ်ခုပေးရရင်တော့ Pulse by Prudential လို့ခေါ်တဲ့ မိုဘိုင်းအက်ပလီကေးရှင်းကို ပြောရမှာပါ။ သူဆိုရင်လည်း နည်းပညာနဲ့ မြန်မာနိုင်ငံကလူတွေ ပိုကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်အောင် ကူညီပေးနေတာပါ။ ဒီအက်ပလီကေးရှင်းကို ပရူဒန်ရှယ်အာမခံရဲ့ PRUHealth ကျန်းမာရေးအာမခံ စထားပြီးပြီးချင်း သိခဲ့ပါတယ်။
ကျွန်တော့အမြင်တော့ ဒီ App က AI နည်းပညာသုံးထားတဲ့ ဖုန်းထဲက ဆရာဝန်တစ်ယောက်လိုပါပဲ။ ဥပမာ ကျွန်တော်က ခေါင်းကိုက်နေတယ်ဆိုရင် Pulse ထဲက Symptom Checker မှာ Headache လို့ ရိုက်ထည့်လိုက်ရုံနဲ့ ခေါင်းက ဘယ်လိုကိုက်တာလဲ၊ ဘယ်နှစ်ရက်ကြာပြီလဲ၊ မူးလား၊ အန်လား ဘာညာ အကုန်အစုံအစိ မေးပြီး နောက်ဆုံးမှာမှ ဘာဖြစ်နေပါတယ်ဆိုတဲ့ အကြံပြုချက်ကို ထုတ်ပေးတာပါ။ ကျွန်တော်စမ်းကြည့်တော့ တကယ်သာ မှန်မှန်ကန်ကန်၊ တိတိကျကျ ဖြည့်နိုင်မယ်ဆိုရင် Pulse က ဆရာဝန်တစ်ယောက်နီးပါးလောက် အနီးစပ်ဆုံး အဖြေကို ထုတ်ပေးနိုင်ပါတယ်။
ပြီးတော့ Pulse ထဲက ‘My Wearables’ ဆိုတာလေးကလည်း Fitness သုံး လက်ပတ်လေးနဲ့ ချိတ်လိုက်ရင် ကိုယ့်ရဲ့ တစ်နေ့တာ လှုပ်ရှားမှုတွေကို မှတ်သားပေးထားနိုင်ပါတယ်။ အခုဆို ဒါလေးနဲ့ နေ့တိုင်း ခြေလှမ်းဘယ်လောက် လျှောက်ဖြစ်လဲဆိုတာ စောင့်ကြည့်ဖြစ်နေတာ တစ်ပတ်၊ နှစ်ပတ်လောက်ရှိနေပြီ။ ဒီလို မှတ်ထားပေးတော့ အရင်ကထက်ပိုပြီး လမ်းလျှောက်ဖြစ်အောင် အားပေးသလိုဖြစ်နေတာပေါ့။ အရင်ကလို မပျင်းတော့ဘဲ ကျန်းမာတဲ့ လူနေမှုဘဝကိုရဖို့ ကူညီပေးပါတယ်။
နောက်တစ်ချက်ကေ ကျွန်တော့်ရဲ့ PRUHealth ကျန်းမာရေးအာမခံမှာ Telemedicine အခမဲ့ ဆွေးနွေးနိုင်ခွင့် ရထားတော့ အတော်လေး ကျေနပ်မိတယ်။ Pulse နဲ့ ကျန်းမာရေးအခြေအနေ စစ်ဆေးပြီးရင် ပရူဒန်ရှယ်အာမခံနဲ့ ချိတ်ဆက်ထားတဲ့ Telemedicine ဆရာဝန်တွေနဲ့ အခမဲ့ ဆွေးနွေးတိုင်ပင်နိုင်တယ်လေ။
ဒီတော့ အာရောဂျံ၊ ပရံမံ၊ လာဘံ ဆိုတဲ့အတိုင်း လာဘ်ကြီး တစ်ပါးဖြစ်တဲ့ ကျန်းမာခြင်းဆုလာဘ်ကို ပိုင်ဆိုင်ချင်ကြတဲ့သူတွေအနေနဲ့ Pulse ကို ဒီလင့်ခ်မှာ (https://tinyurl.com/ff3zckja) ကိုယ်တိုင်ဒေါင်းလုဒ် ရယူပြီး စမ်းသုံးကြည့်ကြဖို့ တိုက်တွန်းလိုက်ချင်ပါတယ်။ PRUHealth ကျန်းမာရေးအာမခံ အကြောင်း ပိုပြီး သိချင်ရင်တော့ ဒီလင့်ခ်မှာ (https://bit.ly/3C4oCh7) ဝင်ကြည့်နိုင်ပါတယ်။
#myDoctor
#PrudentialMyanmar
#PRUHealth
#Dr.ZawHtetAung (I am your doctor)