sleep wealthy
Uncategorized

“ကောင်းကောင်းအိပ်စက်ရတာဟာ လူ့စည်းစိမ်ကိုခံစားရတာပဲ” ဆိုတဲ့စကားကို ဘာလို့ပြောကြတာလဲ…🤔❓🌃

1 Mins read

“ကောင်းကောင်းအိပ်စက်ရတာဟာ လူ့စည်းစိမ်ကိုခံစားရတာပဲ” ဆိုတဲ့စကားကို ဘာလို့ပြောကြတာလဲ…🤔❓🌃

အိပ်စက်ခြင်းဆိုတာ လူ့စည်းစိမ်ဆိုတာ တကယ်အမှန်ပါပဲ။ လူတွေဟာ ညဘက်ကောင်းကောင်းအိပ်စက်နိုင်မှ နောက်တစ်နေ့တာမှာ စိတ်ကြည်လင်လန်းဆန်းပြီး လုပ်ငန်းဆောင်တာတွေဖြစ်မြောက်စေတာပါ။ ဒါဆို ကောင်းကောင်းအိပ်စက်ရတာဟာ လူ့စည်းစိမ်ကိုခံစားရတာပဲ လို့ ဘာလို့ပြောကြလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်…

📌ဦးနှောက်လုပ်ဆောင်မှုကို ကောင်းမွန်စေခြင်း

🌌 အိပ်ရေးပျက်တဲ့အခါမှာ လုပ်ငန်းခွင်မှာ၊ ကျောင်းစာ စတာတွေမှာ အာရုံစူးစိုက်လို့ မရတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အိပ်ရေးပျက်တာကြာလာရင် မှတ်ဉာဏ်ကိုပါထိခိုက်လာစေပါတယ်။ အိပ်ရေးသာ ဝဝအိပ်ရရင် ဦးနှောက်ရဲ့ လုပ်ဆောင်မှုပိုင်းဆိုင်ရာတွေ ကောင်းလာပြီး မိမိတစ်နေ့တာ လုပ်ဆောင်မှုတွေမှာလည်း အာရုံစူးစိုက်မှုအပြည့်နဲ့ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

📌စိတ်ခံစားမှုကိုကောင်းမွန်စေခြင်း

🌌 အိပ်ရေးမဝတဲ့သူတွေဟာ တခြားသူတွေထက် စိတ်ပိုင်းဆိုင်ရာမှာ ပြောင်းလဲတာ၊ စိတ်ဓာတ်ကျတာမျိုးတွေ ခံစားရတတ်လေ့ရှိပါတယ်။ အိပ်ရေးဝဝသာ အိပ်စက်ရရင် မနက်နိုးထတဲ့အခါ စိတ်ကြည်လင် တက်ကြွနေပြီး ဒီလိုစိတ်ပိုင်းဆိုင်ရာ ပြဿနာတွေလည်းဖြစ်ဖို့နည်းစေပါတယ်။

📌ခန္တာကိုယ် အလေးချိန်ကို ထိန်းပေးနိုင်ခြင်း

🌌 အိပ်ရေးပျက်တဲ့အခါ အစာစားချင်စိတ်ကို ထိန်းချုပ်ပေးနေတဲ့ ဟော်မုန်းတွေကို သွားအနှောင့်အယှက်ပေးတဲ့အတွက် လူကိုပိုဝလာစေပါတယ်။ ကောင်းကောင်းသာအိပ်စက်ရရင်တော့ ဒီပြဿနာတွေကင်းဝေးမှာပါ။

📌နှလုံးကျန်းမာရေး ကောင်းမွန်စေခြင်း၊ ဆီးချိုကို ထိန်းပေးခြင်း

🌌 ကောင်းကောင်းအိပ်စက်ရတဲ့အခါ နှလုံးနဲ့သွေးကြောတွေဟာ အပြင်းအထန် မလုပ်ဆောင်ရပဲ အနားနည်းနည်းရတဲ့အပြင် သွေးပေါင်လည်းကျစေပါတယ်။ ထို့ပြင် တစ်နေ့တာစိတ်ဖိစီးတာတွေကြောင့် တက်နေတဲ့ သွေးတွင်းသကြားဓာတ်ကလည်း အိပ်စက်တဲ့အချိန်ကျ နည်းနည်းကျသွားတတ်ပါတယ်။

📌ကိုယ်ခံအား ကောင်းမွန်စေခြင်း

🌌 အိပ်ရေးပျက်တဲ့အခါ ကိုယ်ခံအားကျဆင်းတော့ ခန္တာကိုယ်ကို ရောဂါပိုးပေါင်းစုံ ဝင်ရောက်လာနိုင်ချေ အရမ်းများပါတယ်။ အဲ့တာကြောင့် အိပ်ရေးသာဝဝအိပ်ရရင် သင့်ကိုယ်ခံအားကောင်းအောင်လုပ်နိုင်ပြီး ရောဂါပိုးဝင်ရောက်မှုတွေကို တားဆီးနိုင်မှာပါ။

“တိုင်ပင်ဆွေးနွေး ကျန်းမာရေး၊ myDoctor နှင့်ဆက်သွယ်ပေး”
#myDoctor

Related posts
Uncategorized

ပန်ကရိယကင်ဆာ (သို့) မုန့်ချိုအိတ်ကင်ဆာ (Pancreatic cancer)

1 Mins read
📌 ပန်ကရိယလို့ ခေါ်တဲ့ မုန့်ချိုအိတ်ဟာ သူ့ရဲ့တည်နေရာကိုက လျှို့ဝှက်တယ် နက်နဲတယ်၊ သူ့မှာ အကျိတ်ရှိနေရင်တောင် သိရခက်ခဲတယ်။ Ultrasound ရိုက်ရင်တောင် တော်ရုံ အကျိတ်လောက်ရှိယုံနဲ့ မမြင်ရဘူး။ ဒါကြောင့် ပန်ကရိယမှာ ကင်ဆာဖြစ်နေမှန်း သိရတဲ့အချိန်မှာ သူဟာနေရာ အနှံ့ကို ပျံ့နေပြီးသားဖြစ်နေပြီ။…
Uncategorized

📌 ဘာကြောင့် အိပ်တဲ့အခါ ဟောက်ရတာလဲ?

1 Mins read
📌 ဘာကြောင့် အိပ်တဲ့အခါ ဟောက်ရတာလဲ? ဆိုတဲ့မေးခွန်းကို ဖြေရရင်တော့ အိပ်နေရင်း အသက်ရှူတဲ့အခါ လေဝင်တဲ့လမ်းကြောင်းပိတ်နေလို့ပဲ ဖြစ်ပါတယ်။ ပါးစပ်၊နှာခေါင်းထဲ ဝင်လာတဲ့လေဟာ လမ်းကြောင်းပိတ်နေတဲ့အထဲ တိုးဝင်ရတဲ့အခါမှာ လေဟာတုန်ခါပြီး အသံထွက်လာရခြင်းဖြစ်ပါတယ်။ 📌 ကိုယ့်ဟောက်သံကြောင့် ကိုယ်ပြန်နိုးပြီး အိပ်ရေးပျက်လာတဲ့အခါမျိုး၊ မိမိပါတနာ အိပ်လို့မရလောက်အောင်…
Uncategorized

When You Always Use Hand Sanitizer

1 Mins read
ရေမလို လက်သန့်ဆေးတွေရည်တွေ အမြဲတမ်းသုံးတဲ့အခါ 🔰 ပထမဆုံးအနေနဲ့ မှာချင်တာက လက်ဆိုတာ အရာဝတ္ထုတိုင်းနဲ့ထိတွေ့နေရတဲ့အရာမို့ ကိုဗစ်ရောဂါနဲ့ တခြားရောဂါပိုးတွေ အများကြီးကပ်ပါနေနိုင်ပါတယ်။ 🔰 ဒါကြောင့် လက်ကို ရေနှင့် ဆပ်ပြာ အသုံးပြုပြီး စက္ကန့် ၂၀ ခန့် စနစ်တကျဆေးပေးဖို့လိုပါတယ်။ “ကဲ…