Booster
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

ကိုဗစ်ကာကွယ်ဆေး Booster ဆိုတာဘာလဲ

1 Mins read

လူတိုင်းထိုးစရာလို‌နေပြီလား???

💉💉💉💉💉💉💉💉💉💉💉💉💉

အရင်ကကာကွယ်ဆေး ကို နှစ်ကြိမ်ထိုးပြီးသူတွေရဲ့ ရှိပြီးသား ကာကွယ်ဆေးအစွမ်းမကျသွားအောင် ခန္ဓာကိုယ်ထဲမှာ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်အောင် လေ့ကျင့်တဲ့သဘောနဲ့ ထပ်ပြီးBooster Dose ကို တတိယအကြိမ်(1st booster) သာမက အခု စတ္ထုထအကြိမ် (2nd booster) ပါ တခြားနိုင်ငံတွေမှာထိုးနေကြပြီဖြစ်ပါတယ်။

…………………..

1st Booster (တတိယအကြိမ်)ထိုးတဲ့ကာကွယ်ဆေး ကိုတော့ အသက် ၁၂ နှစ်အထက် အကုန်လုံး ထိုးထားသင့်တယ်/ထိုးလို့ရပါတယ်။ မိမိမှာရောဂါတစ်ခုခုရှိနေရင်လဲ မိမိပြသနေတဲ့ဆရာဝန်နဲ့တိုင်ပင်ပြီး ထိုးထားသင့်ပါတယ်။ တချို့တော်တော်များများတော့ 1st booster(တတိယအကြိမ်)ထိုးတဲ့ကာကွယ်ဆေးကိုထိုးပြီးသားဖြစ်နေကြပါပြီ။

……………………..

အခုတခြားနိုင်ငံတွေမှာထိုးနေတဲ့ 2nd booster (လေးကြိမ်မြောက်)ကာကွယ်ဆေးကိုတော့

🧐အသက်၆၅ နှစ်အထက်လူကြီးတွေ

😱အသက် ၁၂နှစ်အထက်နဲ့အသက်၆၅နှစ်အောက်ဆိုရင်

👉အရင်ကိုဗစ်ဖြစ်တုန်းက ပြင်းပြင်းထန်ထန်ဖြစ်ထားတဲ့သူတွေ

👉နဂိုရောဂါအခံရှိတဲ့သူတွေ ခြုံပြောရရင် အဲ့ရောဂါနဲ့ကိုဗစ်ဖြစ်ရင်ရောဂါလက္ခဏာပိုဆိုးရွားနိုင်တဲ့သူတွေ(မိမိပြထားတဲ့ဆရာဝန်နဲ့မိမိ‌ရောဂါပါမပါ တိုင်ပင်ပါ)

အဲ့လိုလူတွေကိုအဓိကထားထိုးပေးနေပါတယ်

😎🤗 မထိုး‌သေးလို့ရတယ်(တခြားနိုင်ငံတွေမှာလဲဦးစားပေးမထိုးပေးသေးတဲ့)သူတွေကဘယ်သူတွေလဲ

1st booster (တတိယအကြိမ်)ကာကွယ်ဆေးလဲထိုးပြီးသူဖြစ်ပြီးတဲ့အပြင်မှ

👉အသက် ၁၂နှစ်နဲ့၆၅ကြား ကျန်မာသန်စွမ်းပြီး ရောဂါမရှိတဲ့သူတွေ

👉နောက်ဆုံးကိုဗစ်ဖြစ်တုန်းက ဘာမှမဖြစ်ပဲ ကျန်းကျန်းမာမာပြန်ဖြစ်လာတဲ့သူတွေဖြစ်ပါတယ်

2nd Booster (လေးကြိမ်မြောက်)ကာကွယ်ဆေးကို

1️⃣2️⃣အသက်(၁၂)နှစ်အောက်မှာ ထိုးဖို့မလိုသေးပါ

……………

အဲ့တာတွေထက်အရေးကြီးတာက တကယ်လို့အရင်လို ကူးစက်မှုများလာရင်

-နှာခေါင်းစည်း(mask)ကို အရင်ကလိုသေချာတပ်သေးရဲ့လား??

-မျက်နှာ၊ပါးစပ်နဲ့ နှာခေါင်းတို့ နဲ့ အစာမစားမှီ၊ အခြားမသန့်ရှင်းတဲ့အရာတွေကိုင်ပြီး လက်ကိုကော ဆပ်ပြာ၊ရေမလိုလက်သန့်ဆေးတို့နဲ့သေချာဆေးဖြစ်သေးလား??

-လူစုလူဝေးတွေထဲကော အခုဘယ်လိုသွားလာနေလဲ??

အဲ့မေးခွန်းလေးတွေကိုဆင်ခြင်ပြီး ‌ပြုမူနေထိုင်ဖို့လိုပါတယ်။

“ရောဂါကိုကြိုတင်ကာကွယ်ခြင်းဟာ ဖြစ်လာတဲ့အချိန်မှ ကုသရတာထက် ပိုလွယ်ကူပြီး အကျိုးရှိပါတယ်”

“တိုင်ပင်ဆွေးနွေး ကျန်းမာရေး myDoctor နှင့်ဆက်သွယ်ပေး”

#myDoctor #Dr_Thurein_ဆေး(၁)

Related posts
အခြားရောဂါများအထွေထွေရောဂါများ

ရေယုန် ပေါက်ခြင်း (Herpes)

1 Mins read
ရေယုန် (Herpes) ဆိုတာ နာကျင်သော အရည်ကြည်ဖုများ သို့မဟုတ် အနာများကို ဖြစ်စေနိုင်သော အဖြစ်များသော ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ Herpes simplex virus (HSV) ရောဂါပိုး ကူးစက်ခံရခြင်းကြောင့် ဖြစ်တာပါ။ အဓိကအားဖြင့် အရေပြားချင်း ထိတွေ့ခြင်းကြောင့် ပျံ့နှံ့တာပါ။…
အခြားရောဂါများအထွေထွေရောဂါများ

အူရောင်ခဲ့သည်ရှိသော် - Inflammatory bowel disease (IBD)

1 Mins read
အူရောင်ခြင်း Inflammatory bowel disease (IBD) ဆိုတာ အများအားဖြင့် ဗိုင်းရပ်စ်၊ ဘက်တီးရီးယား သို့မဟုတ် ကပ်ပါးပိုးဝင်ခြင်း (အစာအဆိပ် သင့်ခြင်း၊ အစာအိမ်ပိုးဝင်ခြင်း) တို့ကြောင့် အူနံရံတွေ ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဓာတ်ရောင်ခြည်၊ ဆေးဝါးများ သို့မဟုတ်…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…