All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

ကလေးလူငယ်များစိတ်ကျရောဂါ

1 Mins read

ကလေးလူငယ်များစိတ်ကျရောဂါ

စိတ်ကျရောဂါဆိုတာအရွယ်ရောက်သူများကိုသာအကျိုးသက်ရောက်နိုင်တာမဟုတ်ဘဲ ကလေးများ နဲ့ လူငယ်များလည်းသက်ရောက်နိုင်ပါတယ်။ မိမိကလေးငယ်မှာ စိတ်ဓာတ်ကျနေတယ်လို့ထင်မိတာနဲ့ စောစီးစွာ နည်းလမ်းရှာ ကုသပေးဖို့လိုပါတယ်။ ဒီဝေဒနာက အချိန်ကြာလာတာနဲ့အမျှကလေးရဲ့ဘဝကို နှောင့်ယှက်ပြီး ရေရှည် ပြသနာ တစ်ခုဖြစ်စေ နိုင်ပါတယ်။ ကလေးများနဲ့ဆယ်‌ကျော်သက်များ စိတ်ဓာတ်ကျခြင်း လက္ခဏာများကတော့ ဝမ်းနည်းခြင်း (သို့) စိတ်မသက်မသာဖြစ်ခြင်း စိတ်တိုလွယ်ခြင်း အထိခိုက်မခံနိုင်ခြင်း ယခင်ကပျော်ရွှင်တတ်တဲ့ အရာများကို စိတ်၀င်စားမှုမရှိခြင်း ပင်ပန်းနွမ်းနယ်လွယ်ခြင်း အကြောင်းရင်းမရှိဘဲ စိတ်လေနေခြင်း စတာတွေပဲဖြစ်ပါတယ်။

တချို့ကလေးများမှာစိုးရိမ်စိတ်သာမကစိတ်ကျရောဂါပါ နောက်ဆက်တွဲဖြစ်နေတတ်သလို တချို့ကတော့ ခေါင်းကိုက်ခြင်းနဲ့ အစာအိမ်နာခြင်းလို ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ ဖြစ်‌နေတတ်ပါတယ်။ စိတ်ဓာတ်ကျနေတတ်တဲ့ဆယ်ကျော်သက်ကလေးများဟာ မူးယစ်ဆေးဝါး နှင့်အရက်ကို အလွဲသုံးစားပြုလာနိုင်ပါတယ်။ ပြင်းထန်လာရင်တော့ကိုယ့်ကိုယ်ကိုအနာတရဖြစ်အောင်လုပ်ခြင်း၊ မိမိကိုယ်ကိုသတ်သေဖို့ကြံစည်ခြင်းတွေထိ လုပ်ဆောင်တတ်ပါတယ်။

မိဘတွေအနေနဲ့ ကလေးငယ် ဘာကြောင့် စိတ်ဓာတ်ကျလဲဆိုတာကိုစဉ်းစားသင့်ပါတယ် ။ မိသားစုနဲ့ပတ်သက်တဲ့အခက်အခဲတစ်ခုခုရှိခြင်း၊ ကျောင်းနဲ့ ပတ်၀န်းကျင်မှာအနိုင်ကျင့်ခံရခြင်း၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ (သို့မဟုတ်) လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုခံရခြင်း၊ အခြားစိတ်ကျန်းမာရေးပြသနာများရှိခြင်း၊ မိသားစုတွင်းစိတ်ကျရောဂါဖြစ်သူရှိခြင်း စတဲ့ အကြောင်းရင်းများစွာရှိပါတယ် တခါတရံမှာတော့ မိမိကိုယ်ကို တန်ဖိုးမရှိဘူး အပြစ်ရှိတယ်ဆိုတဲ့ ခံစားချက်မျိုးတွေကလည်း စိတ်ကျရောဂါပြသနာတွေဆီ ခေါ်ဆောင်သွား နိုင်ပါတယ်။
မိမိရဲ့‌ကလေးငယ်မှာ စိတ်ကျရောဂါလက္ခဏာတစ်ခုခုရှိပြီလို့ထင်တာနဲ့ လိုက်နာ လုပ်ဆောင် သင့်တဲ့ အချက်တွေကတော့ မိဘတွေကိုယ်တိုင်က ကလေးကိုစိတ်မ၀င်စားဘဲ အရက်နဲ့မူးယစ်ဆေးစွဲနေတာ မျိုး‌တွေ မဖြစ်အောင် အရင်သတိပြုသင့်ပါတယ်။ ကလေးငယ်အတွက် သီးသန့်အချိန်ပေးဖို့လိုပါတယ်။ ကလေးရဲ့အသက်အရွယ်အလိုက် သိသင့်တတ်သင့်တဲ့ ပညာရပ်တွေကို အတူတွဲပြီးလေ့လာပေးသင့်ပါတယ်။ မိမိဟာကလေးငယ်အတွက် အားကိုးစရာမိဘ ဖြစ်သလို သူငယ်ချင်းတယောက်လို ရင်ဖွင့်နိုင်တဲ့သူဖြစ် စေဖို့အထိ မိမိကလေးငယ်က ယုံကြည်အားထားဖို့ လိုပါတယ်။ ကလေးငယ်ရဲ့စိတ်ထဲကစကားတွေကို ကြားသိရဖို့ ဒေါသတကြီးနဲ့ ပြောခိုင်းတာမျိုး မလုပ်ဘဲနဲ့ ကလေးနဲ့ မိဘကြားယုံကြည်မှုကို စိတ်ရှည်ရှည်ထားပြီး တည်ဆောက်သင့်ပါတယ်။ ကလေးနဲ့ အတူအိပ်ပေးတာ၊ သူစိတ်၀င်တစားပြောသမျှကို နားထောင်ပေးတာ၊ ကလေးလိုချင်တာစားချင်တာ‌လေးတွေ၀ယ်ပေးတာ၊ အားလပ်ရက်ခရီးတိုလေးတစ်ခုခုသွားပေးတာ၊ အိမ်မွေးတိရိစ္ဆာ‌န်လေးတွေ ထားပေးတာ ကလေးငယ်ရဲ့ ကျောင်းနဲ့ ပတ်၀န်းကျင်မှာ ရှင်သန်နေထိုင်မှု ဘယ်လိုရှိတယ်ဆိုတာကို လေ့လာကြည့်တာစတဲ့နည်းလမ်းတွေနဲ့ အဖော်ပြုရင်း စိတ်ကုထုံးတစ်ခု အဖြစ် သက်သာရာရအောင် လုပ်ဆောင်ပေးသင့်ပါတယ်။

အဓိကကတော့မိမိကလေးဘာကိုလိုချင်တယ် ဆိုတာကိုသိအောင်လုပ်ဖို့ လိုပါတယ်။ စိတ်ကျနေတဲ့ကာလမျိုးမှာ ကလေးငယ်တွေအနေနဲ့ အစားကိုအများကြီစားမိနေတာမျိုးဆို မိဘတွေအနေနဲ့ ပြန်ပြီးထိန်းညှိပေးသင့်ပါတယ်။ ဆယ်ကျော်သက်အရွယ်တွေ အနေနဲ့ ကိုယ်အလေးချိန်တက်လာတဲ့အခါ မိမိကိုယ်ကို ကြည့်ပြီး စိတ်ပျက်ရာက ပိုပြီး စိတ်ကျစရာအကြောင်းဖြစ်လာတတ်ပါတယ်။ အဓိကကတော့ မိဘတွေအနေနဲ့ မိမိရဲ့ ကလေးငယ်အပေါ်မှာ နှိမ့်ချသလိုဖြစ်စေတဲ့ စကားမျိုးတွေကို ရှောင်ကြဉ်တာ ဆယ်ကျော်သက်ကလေးငယ်တစ်ယောက်ကို လူကြားထဲ အရှက်ရစေမယ့် body shaming ဖြစ်စေတဲ့ စကားမျိုးတွေကို ရှောင်ကြဉ်တာ စသဖြင့် ‌သတိထားသင့်ပါတယ်။

ကလေးငယ်သိတတ်လာတဲ့အရွယ်မှာကတည်းက အားကစားတစ်ခုခုလုပ်ဆောင်ဖို့ရာ အားပေးသင့်သလို အာဟာရမျှတတဲ့ အစားအစာတွေကို ကျွေးမွေးပေးတာ၊ ‌ကလေးငယ်လုပ်ဆောင်သမျှတွေအတွက် ယုံကြည်မှုထားပေးတာ၊ မှန်ကန်တဲ့ အရာတွေက်ို ရဲရဲလုပ်ဆောင်ဖို့ တိုက်တွန်းအားပေးတာ၊ လူအများရှေ့မှာ အော်ငေါက်မိတာမျိုးတွေကို ရှောင်ကြဉ်တာ စတာတွေက ကလေးငယ်အနေနဲ့စိတ်ပိုင်းဆိုင်ရာဖြစ်လာမယ့်ပြသနာတွေအတွက်ကို ကြိုတင်တား‌ဆီးပေးခြင်းပဲဖြစ်ပါတယ်။

ဒေါက်တာနိုင်း (ဆေး-၁)
# Depression #Teenagers

MyDoctor Telemedicine Application
Related posts
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Humans that poison the environment part (2)

1 Mins read
လူမှုအသိုင်းအဝိုင်းကို အဆိပ်အတောက်ဖြစ်စေသော လူစားများ (1)       Narcissistic သူများတွေကို blame ဖို့ သီးသန့် မွေးဖွားလာတဲ့ပုံစံဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဝိုင်းပြောနေပါစေ၊ သူကဘယ်တော့မှ မမှားဘူး။ သူနဲ့ ဖြစ်တဲ့သူရဲ့ အမှားသာဖြစ်တယ်။ Narcissistic type တွေဟာ သူတို့ရဲ့…

Leave a Reply

Your email address will not be published. Required fields are marked *