ကဏန်း ဆိုရင် တော်တော်များများကကြိုက်ကြမယ်လို့ထင်ပါတယ်။ ကဏန်းကိုစားသုံးခြင်းအားဖြင့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေလည်းအများကြီးရရှိစေပါတယ်။ ဒါဆိုရင် ကဏန်းမှာ ကောင်းကျိုးအပြင် ဆိုးကျိုးတွေပါ

ရှိနေဦးမလားကြည့်လိုက်ရအောင်…

( ကောင်းကျိူး )

ကြွက်သား၊အရေပြားနှင့် ကိုယ်တွင်းအင်္ဂါဆိုတဲ့ခန္ဓာကိုယ်ရဲ့ တစ်ရှူးတွေ ကြီးထွားဖို့၊ ပြန်လည်ဖွဲ့စည်းဖို့၊ ပြုပြင်/ထိန်းသိမ်းဖို့အတွက် လိုအပ်တဲ့ အရည်အသွေးမြင့် ပရိုတိန်းဓာတ်များကို ကဏန်းမှရရှိနိုင်ပါတယ်။

ကဏန်း မှာ နှလုံး၊ ဉီးနှောက်လုပ်ဆောင်ချက် နဲ့ ရောင်ရမ်းမှုအမျိုးမျိုးကိုလျော့ကျစေတဲ့ အာနိသင်ရှိသော Omega-3 Fatty acid ပါဝင်ပါတယ်။

ကဏန်းဟာ ဗီတာမင် B12 ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတစ်မျိုးဖြစ်ပြီး B12 ဟာ အာရုံကြော၊ မျိုးဗီဇ နှင့် သွေးနီဥထုတ်လုပ်တဲ့နေရာမှာအဓိကလိုအပ်တဲ့ ဗီတာမင်ဓာတ်တစ်မျိုးလည်းဖြစ်ပါတယ်။

ကဏန်းရဲ့အသားဟာ အခြားအသားများနဲ့ယှဉ်ကြည့်ရင် အဆီဓာတ်ပါဝင်မှုနည်းပါးတာကြောင့် အခြားအသားတွေစားခြင်းထက် ကျန်းမာရေးနဲ့ ပိုပြီးညီညွတ်စေပါတယ်။

ကဏန်းဟာ အချို့သောပင်လယ်စာများထက် အဆိပ်သင့်စေတဲ့ ပြဒါးဓာတ်ပါဝင်မှုပမာဏ အလွန်နည်းခြင်းဟာလည်း ရွေးချယ်စားသောက်သင့်တဲ့အချက်တစ်ချက်ပါပဲ။

(ဆိုးကျိုး)

ကဏန်းမှာ ကိုလက်စထရောပါဝင်မှု မြင့်မားတဲ့အတွက် အစားများလွန်းရင် နှလုံးကျန်းမာရေးကိုထိခိုက်စေပါတယ်။

အချို့ပင်လယ်စာနဲ့ ဓာတ်မတည့်သူများ ကဏန်းစားခြင်းဟာ ဓာတ်မတည့်မှု အလာ့ဂျစ် ဖြစ်စေနိုင်တယ်ဆိုတဲ့အချက်ကိုလည်းသိထားသင့်ပါတယ်။

ကဏန်းဟာ သဘာဝအတိုင်းကိုက ဆိုဒီယမ်ဓာတ်လည်းမြင့်မားစွာပါဝင်တဲ့အတွက် သွေးပေါင်ချိန်တိုးစေနိုင်တာကြောင့် သွေးတိုးရှိသူများသတိပြုစားသောက်သင့်ပါတယ်။

နောက်ဆုံးတစ်ချက်အနေနဲ့ ကဏန်းကို ချက်ပြုတ်တဲ့အခါ မကျက်ရင် (သို့) မသန့်တဲ့အခါ Foodborne illness လို့ခေါ်တဲ့ အစာအဆိပ်သင့်ခြင်းကဲ့သို့ ဝမ်းပျက်၊ဝမ်းကိုက်ခြင်း၊ အော့အန်ခြင်းမျိုးတွေဖြစ်တတ်ပါတယ်။

အချုပ်အားဖြင့်ပြောရရင်တော့ ကဏန်းဟာ ကျန်းမာရေးအတွက်များစွာအထောက်အကူပြုတဲ့ စားစရာတစ်မျိုးဆိုပေမယ့် ချင့်ချိန်ပြီးစားသောက်သင့်ကြောင်း အကြံပြုပါရစေနော်။

ယခုလိုဗဟုသုတရစရာအကြောင်းအရာတွေကို https://www.facebook.com/myDoctorMyanmar facebook channel နှင့် www.mydoctor.com.mm မှာအမြဲမပြတ်ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါတယ်။

#crabs

#myDoctor

#teleMedicine

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
စားသောက်မှုပုံစံသွေးတိုးနှင့်နှလုံးရောဂါအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံအသည်းအားဆေးများ

အရက် ဘယ်လောက်သောက်သောက် မမူးတဲ့သူတွေမှာ ဝှက်ဖဲရှိနေလား ?

1 Mins read
လူတွေက အရက် ကိုခံနိုင်ရည်ရှိတယ် (သို့) အရက်ဘယ်လောက်သောက်သောက် မမူးဘူးဆိုရင် ကောင်းတဲ့အရာ ဆိုပြီး မကြာခဏတွေးတတ်ကြပါတယ်။ လူငယ်လူရွယ်တွေမှာဆိုရင်လည်း အဲ့လိုလူကို များများပိုသောက်ဖို့ အားပေးတတ်ကြပြီး ဘယ်လောက်သောက်သောက် မမူးတဲ့အတွက်လည်း ချီးမွမ်းတတ်ကြပါတယ်။ အရက်ကို ဘယ်လောက်သောက်သောက် မမူးတဲ့သူတွေဟာ သူများတွေထက်ယှဉ်ရင် အရက်ကို ပမာဏများများ…
စားသောက်မှုပုံစံသွေးတိုးနှင့်နှလုံးရောဂါအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

သရက်သီးဆားရေစိမ် ရဲ့ ကောင်းကျိုး၊ ဆိုးကျိုး

1 Mins read
သရက်သီးဆားရေစိမ် ဟာ ထမင်းမြိန်စေတဲ့ မြန်မာ့ရိုးရာ တို့စရာတစ်မျိုးပါ။ ဒါပေမယ့် သရက်သီးစဆားရေစိမ်စားခြင်းဟာတကယ်ပဲကျန်မာရေးနဲ့ညီညွတ်သလား ? အကျိုးကျေးဇူးတွေရောရှိနေမလားဆိုတာလေ့လာကြည့်လိုက်ရအောင် သရက်သီးဆားရေစိမ်ဟာ Probiotics ကြွယ်ဝတဲ့စားစရာတစ်မျိုးပါ။ ဒါကြောင့်သရက်သီးဆားရေစိမ်ကိုစားချင်းအားဖြင့် ဝမ်းချုပ်ခြင်းကင်းကာ ဝမ်းမှန်စေပြီး အစာအိမ်နှင့်အူလမ်းကြောင်းအတွက်များစွာအကျိုးကျေးဇူးရှိပါတယ်။ သရက်သီးဆားရေစိမ် ဟာ ဗီတာမင် C နှင့် Antioxidant…

Leave a Reply

Your email address will not be published. Required fields are marked *