ပိုးမွှာများ လွယ်​ကူစွာ မပျံ့နှံ့ဖို့ ​ချောင်းကို စနစ်​တကျ အုပ်​ဆိုးစို့..

ဒီလိုမိုးရွာသီချိန်​မျိုးမှာ .. ရုတ်​တရက်​မိုးရွာတာ​မျိုး​ကြောင့်​ မိုးမိခြင်း၊ သာမန်​လျှံကာ မိုးဖွဲဖွဲထဲ သွားမိပြီး ​နောက်​​နေ့​တွေမှာ… အ​အေးမိ၊ တုတ်​​ကွေး၊ နှာ​စေး​ချောင်​ဆိုး စသည်​ဖြင့်​ ဖြစ်​တတ်​ကြပါတယ်​…

ဒီလို ဖျားနာပြီး​နောက်​ပိုင်း ခန္ဓာကိုယ်​​တွင်းက ပိုးမွှား​တွေကို နှာ​ချေခြင်း၊​ချောင်း​ဆိုးခြင်းဖြင့်​ ထုတ်​လွှတ်​တတ်​ပါတယ်​…ဒါ​ကြောင့်​ မိမိဆီက တဆင့်​ တခြားသူများကို မကူးစက်​ဖို့်အတွက်​ နှာ​ချေ​၊​ချောင်းဆိုခြင်းပြုရာမှာ လက်​ကိုင်​ပုဝါ၊တစ်​သျူး အစရှိသည်​တို့ဖြင့်​ အုပ်​ပြီး ဆိုးသင့်​ပါတယ်​…

  • လက်​ကိုင်​ပုဝါ တစ်သျူးတို့ကို အသုံးမပြုပဲ ​ချောင်းဆိုးနှာ​ချေတဲ့အခါ
  • မိမိလက်​ဖြင့်​သာ အုပ်​ပြီး ဆိုးတဲ့အခါမျိုးမှာ မိမိလက်​မှာ မသန့့်​စင်​​နေခြင်း (သို့) 
  • ချောင်းအုပ်​ဆိုးထား​သော လက်​ဖြင့်​ အခြားအရာဝတ္ထုများကို သွားကိုင်​ခြင်း​တွေ​ကြောင့်​လဲ လေထုတွင်းမှ တဆင့်​ တခြားသူများကို တုတ်​​ကွေး၊ ပြင်းထန်​အသက်​ရှုလမ်း​ကြောင်းပိုးဝင်​ခြင်း အစရှိတာ​တွေ ပိုမိုကူးစက်​နိုင်​ပါတယ်​…

သင့်​ဆီမှာ နှာ​စေး​ချောင်းဆိုး ဖြစ်​​နေပါက

  • နှာ​ချေ​ချောင်းဆိုးတဲ့အခါ တစ်​သျှးလက်​ကိုင်​ပဝါ အုပ်​ဆိုးပါ
  • အသုံးပြုထား​သော tissue ကို အမှိုက်​ပုံးထဲ စနစ်​တကျ ပစ်​ပါ
  • ​tissue၊လက်​ကိုင်​ပဝါ မရှိတဲ့အခါမျိုးမှာ အင်္ကျီလက်​ဖြင့်​ အုပ်​ဆိုးပါ..
  • ချောင်း​ဆိုးပြီး အညစ်​အ​ကြေးများကိုင်းပြီးတိုင်း လက်​ကို ဆပ်​ပြာနှင့်​ စင်​​အောင်​ ​ဆေးပါ…

အကယ်​၍ ဆပ်​ပြာ(သို့) ​ရေ မရှိပါက hand gel အသုံးပြုနိုင်​ပါတယ်​..
ဒီလို လက်​ကို စင်​​အောင်​​ဆေးခြင်းအားဖြင့်​ အသက်​ရှုလမ်း​ကြောင်းဆိုင်​ရာ ​ရောဂါများကို အ​​တော်​တန်​ ကာကွယ်​​ပေးနိုင်​တဲ့အပြင်​ ဝမ်းပျက်​ဝမ်း​လျှော​ရောဂါ များကိုပါ ကာကွယ်​​ပေးနိုင်​ပါတယ်​…

ဒါ​ကြောင့်​ ​ရောဂါပိုးမွှားကို အလွယ်​တကူ မကူးစက်​​အောင်​ ​ချောင်းဆိုးနှာ​ချေပြုရာမှာ စနစ်​တကျအုပ်​ဆိုးခြင်း၊ စွန့်​ပစ်​ခြင်းများ ပြုလုပ်​သင့်​ပါတယ်​..ဒါ့ပြင်​ ​နောက်​ထပ်​ အကြုံပြုချင်​တာက​တော့ သင်​ဟာ ဖျားနှာပြီး နှာ​စေ​ချောင်းဆိုး​နေလျှင်​ တခြားသူများကို မကူးစက်​​စေရန်​ ​…

  • ဖြစ်​နိုင်​ပါက အလုပ်​ ​ကျောင်း အစရှိသည်​တို့်ကို မသွားသင့်​ပါ…
  • အလျင်​မြန်​သက်​သာ​စေရန်​ ​ကောင်းမွန်​စွာ အနားယူပါ
  • ​ဆေးပတ်​လည်​​အောင်​ ​သောက်​ပါ
  • အာဟာရ ဖြစ်​​စေ​သော အစားအစာများ စားပါ..

ဒီလိုအားဖြင့်​ သင့်​ခန္ဓာကိုယ်​ခုခံအား တက်​လာပြီး အမြန်​ကျန်းမာလာမှာ ဖြစ်​ပါတယ်​…

” ပိုးမွှားများ လွယ်​ကူစွာ မပျံ့နှံ့ဖို့ရာ ​ချောင်းကို စနစ်​တကျ အုပ်​ဆိုးပါ….”

ပိုင်​နီ​မောင်