မွေး​ဖွားပြီး​နောက်​ ​လေးဆယ့်​ငါးရက်​တာ လိင်မှုကိစ္စ ​ရှောင်​ရှားစရာ

ဒီ​ခေတ်​အခါမှာ အမျိုးသမီး​တွေ အတွက်​ က​လေးတစ်​​ယောက်​ ​မွေးဖွားရတာဟာ မလွယ်​ကူလှပါဘူး… ​မွေးဖွားပြီး​​နောက်​ပိုင်းမှာလည်း အိမ်​မှု ကိစ္စ၊ က​လေးကိစ္စ စသည်​ဖြင့်​ ​ဗျာများရပြန်​ပါတယ်​… ဒါ​တွေအပြင်​ ​အိမ်​​ထောင်​မှုတစ်​ခုမှာ လင်​နှင့်​မယား သာယာမှုကိုလည်း ထည့်​တွက်​ရပြန်​ပါတယ်​… ဒီလိုအ​ကြောင်း​တွေကြားမှာ မီးဖွားပြီး​နောက်​ပိုင်း လိင်​ကိစ္စကို ​တစ်​လခွဲ (​ခြောက်​ပတ်​) မျှ ​ရှောင်​သင့်​တယ်​ဆိုတဲ့ အချက်​​ကြောင့်​ မိမိတို့စိတ်​ထဲမှာ… လင်​​ယောကျာ်း အချစ်​​ပေါ့သွားမှာ (သို့) ​နောက်​ကွယ်​မှာ ​ခြေရှု့ပ်​မှာတို့ကို စိုးရိမ်​တတ်​ကြပါတယ်​… ဒါ​ကြောင့်​ ​​သားသားမီးမီတို့ရဲ့ ​ဖေ​ဖေ​မေ​မေတို့အတွက်​ မီးဖွားပြီး​နောက်​ လိင်​ကိစ္စကို အဘယ်​​ကြောင့်​ ​ရှောင့်​ရှားသင့်​တယ်​ဆိုတာကို ​ပြောပြချင်​ပါတယ်​…

img

မီးဖွား ပြီး​နောက်​ပိုင်းမှာ လိင်​ကိစ္စပြုဖို့ရာ ​ဘယ်​​ရွေ့ဘယ်​မျှ ​စောင့်​ရမယ်​လို့ သတ်​မှတ်​ထားတာ မရှိ​ပေမယ့်​… ​မွေးဖွားပြီး​နောက်​ တစ်​ပတ်​ နှစ်ပတ်​အတွင်းဟာ မီးဖွားမှု​နောက်​ဆက်​တွဲ ပြသနာ​တွေ ကြုံ​တွေ့ရတတ်​​သေးတာမို့ ​သေချာ​ပေါက်​ ​ရှောင်​ကြဉ်​သင့်​ပါတယ်​.. ဒါပြင်​ ကုန်းခမ်းသွားတဲ့ အားအင်​​တွေ ပြန်​လည်​ ဖြည့်​တင်းဖို့လိုပါတယ်​..

မိမိဟာ သာမန်​​မွေးလမ်း​ကြောင်းမှ ​​မွေးလျှင်​ ​မွေးလမ်း​ကြောင်းချဲ့ထားခြင်း၊ ဗိုက်ခွဲ​မွေးထားလျှင်​ ချုပ်​ရိုး အနာကျက်​​အောင်​ ​စောင့်​ရခြင်းတို့​အပြင်​ မိန်းမကိုယ်​​ခြောက်​​သွေ့ခြင်း၊ မိန်းမကိုယ်​မှ အရည်​ဆင်း​နေ​သေးခြင်း၊ နာကျင်​ခြင်း​တွေ ကြုံ​ရနိုင်​​သေးသလို ​မွေးဖွားပြီး​နောက်​ပိုင်းမှာလဲ ​ဟော်​မုန်းအ​ပြောင်းအလဲ ဖြစ်​​နေချိန်​ အထူးသဖြင့်​ က​လေးနို့ချိုတိုက်​​ကျွေး​နေချိန်​မှာ မိန်းမကိုယ်​ဟာ ​ခြောက်​​သွေ့တာ နာကျင်​တာ ပိုဖြစ်​တတ်​တာမို့ လိင်​ကိစ္စအ​ပေါ် စိတ်​နည်းပါးနိုင်​ပါတယ်​…

အနာကျက်​ဖို့ ​စောင့်​ဆိုင်း​နေချိန်​မှာ အနာကို ပြင်​ပ ​ရောဂါပိုး​တွေ မဝင်​ဖို့ ဂရုစိုက်​ရပါတယ်​… tampon အသုံးပြုခြင်း၊ တခြား​သော အရာပစ္စည်းများ မိန်းမကိုယ်​ထဲ ထိုးသွင်းခြင်း၊ လိင်​ကိစ္စ ပြုခြင်း​တွေ မပြုလုပ်​သင့်​ပါဘူး.. သို့မဟုတ်​ပါက ​ရောဂါပိုးများ ဝင်​နိုင်​ပါတယ်​..
ချုပ်​ရိုးအနာကျက်​ဖို့ရာ အနည်းဆုံး သုံး​လေးပတ်​မှ အနာချုပ်​ရိုး​ပေါ်လိုက်​ပြီး ကြာနိုင်​ပါတယ်​.. ဒီအ​တောတွင်းမှာ သင်​ဟာ အမူမဲ့ လိင်​ကိစ္စပြုမိပါက မိမိကိုယ်​ကို နာကျင်​​စေရုံသာမက ချုပ်​ရိုး​ပြေခြင်း၊ ထပ်​မံ ဆုတ်​ပြဲ ဒဏ်​ရာ ရခြင်း​ကြောင့်​ ​နောက်​ထပ်​ခွဲခန်းတွင်​ ချုပ်​ရခြင်း၊ ခွဲစိတ်​ရခြင်း​တွေ ပြုလုပ်​ရနိုင်​ပါတယ်​..
ဒါ​ကြောင့်​ ဒီလို​စောင့်​ဆိုင်း​နေချိန်​မှ.. မိမိအား မှာထား​သော ​ဆေးဝါးများ ၊ အစားအ​သောက်​များ၊ ​နေထိုင်​မှု ပုံစံနှင့်​ ​လေ့ကျင့်​ခန်းများကို ဂရုတစိုက်​ပြုလုပ်​သင့်​ပါတယ်​…

img1

အကယ်​၍ သင်​ဟာ ​​မွေး​ပြီး​နောက်​ ​ခြောက်​ပတ်​အကြာမှ လိင်​ဆက်​ဆံ​သော်​ငြား နာကျင်​မှု ဖြစ်​မှာ စိုးရိမ်​ပါက …

  • အကိုက်​အခဲ​ပျောက်​​ဆေး​သောက်ခြင်း၊ ​ရေ​နွေးဖြင့်​ ​ရေချိုးခြင်း၊ ဆီးအိမ်​မတင်း​အောင်​ ဆီးသွားထားခြင်း၊ ဆက်​ဆံပြီး​နောက်​ နာကျင်​ပါက မိန်းမကိုယ်​တဝိုက်​ ​ရေခဲအုပ်​ခြင်း
  • မိန်းမကိုယ်​ ​ခြောက်​​သွေ့​နေပါက lubricants သုံးခြင်း
  • မိန်းမကိုယ်​ဖြင့်​ ဆက်​ဆံခြင်းမဟုတ်​ပဲ တခြား​သော နည်းလမ်းများ နှစ်​ဦးအတူ အာသာ​ဖြေခြင်းမျာ နှိပ်​နယ်​​ပေးခြင်း စသည့်​နည်းများဖြင့်​ ​ကျေနပ်​မှု ရယူခြင်း
  • မိမိ မပင်​ပန်းချိန်​ မျိုး စိတ်​ကြည်​သာ​နေချိန်​မျိုးတွင်​ ဆက်​ဆံခြင်းများ ပြုလုပ်​နိုင်​ပါတယ်​…

img2

မွေးဖွားပြီး ​ခြောက်​ပတ်​​နှောင်းပိုင်း လိင်​ဆက်​ဆံတဲ့အခါမှာ နာကျင်​ခြင်းများ၊ စိတ်​ပိုင်းဆိုင်​ရာ ပြသနာများ ကြုံ​တွေ့​နေရ​သေးပါက ဆရာဝန်​နှင့်​ ​ဆွေး​နွေးတိုင်​ပင်​ကာ ကုသသင့်​ပါတယ်​..

ဒါ​ကြောင့်​ အမျိုးသမီးများသာမက မိမိ၏ ခင်​ပွန်းကိုပါ အဘယ်​​ကြောင့်​ ​မီးဖွားပြီး​နောက်​ ​လေးဆယ့်​ငါးရက်​ကြာ လိင်​ကိစ္စ ​ရှောင်​သင့်​သလဲ သိရှိထားပါက လင်​နှင့်​မယား ကြား နားလည်မှုတိုးကာ အိမ်​​ထောင်​​ရေး သာယာမှု ပိုရနိုင်​မှာ ဖြစ်​ပါတယ်​…

သာယာလှပ​သော အိမ်​​ထောင်​မှုဘဝကို ပိုင်​ဆိုင်​ကြပါ​စေလို့ ​တောင်းဆု ​မေတ္တာပြုလျက်​ ….

ပိုင်​နီ​မောင်