“ဘယ်လိုလူတွေမှာ နေ့စဉ်သောက်ဆေး မသုံးသင့်ဘူးလဲ”

ဆောင်း​လေ​အေး​အေးတိုက်​တဲ့ ဒီလိုချိန်​ ရာသီဥတုမျိုး…

လမ်းမ​ပေါ်မှာ ကထိန်​လှည့်​သီချင်းသံ​တွေနဲ့အတူ…
မြို့ထဲကhotel​တွေ ခန်းမ​တွေမှာလဲ မင်္ဂလာ​ဆောင်​က သီချင်းသံ​တွေ ပျံ့လွှင့်​​နေ​ပေါ့..
ဝါတွင်းကာလ လွှတ်​ခဲ့ပြီမို့… သီတင်းကျွတ်​ တန်​​ဆောင်​မုန်း ကာလ​တွေမှာ… ကြင်​သူနှစ်​ဦး ဘဝခရီးကို တူတူ​လျှောက်​လှမ်းဖို့ ​ထိမ်းမြားမင်္ဂလာ ပြုလုပ်​ပြီး​နောက်​ပိုင်း.. ပိုတိုးလို့လာတဲ့ စီးပွား​ရေး၊ လူမှု​ရေး​ နဲ့ အိမ်​​ထောင်​​ရေး​တွေအတွက်​ တာဝန်​ပိုလာသလို.. သူများတကာနဲ့ ရင်​​ပေါင်​တန်းနိုင်​​အောင်​ ကြိုးစားကြရပြန်​​ပေါ့…

ဒီလိုအခါမှာ… စဉ်းစားဖို့အတွက်​ ကျန်​​နေ​သေးတာက​တော့.. “အိမ်​​ထောင်​ပြုပြီး ရင်​​သွေး တန်းယူမှာလား(သို့) အ​ခြေအ​နေတစ်​ခုခိုင်​မာမှ ရင်​​သွေးယူမှာလား”ဆိုတဲ့ အချက်​​လေးပါ… က​လေးမယူချင်​​သေးသူ​တွေအဖို့ရာ သ​န္ဓေတားဖို့ နည်းလမ်း​တွေ များစွာရှိပါတယ်​… သို့​သော်​ အမျိုးသမီးအများစုအ​နေနဲ့ လွယ်​လွယ်​ကူကူနဲ့ ​နေရာတိုင်းမှာ ရတဲ့ ” ​နေ့စဉ်​သ​န္ဓေတား ​သောက်​​ဆေး(oral contraceptive pills)” ​တွေကိုသာ အသုံးပြုကြ​လေ့ရှိပါတယ်​…

သို့​သော်​ အမျိုးသမီးတိုင်းနဲ့ ” ​နေ့စဉ်​သ​န္ဓေတား​သောက်​​ဆေး”ဟာ အသုံးဝင်​ပါ့မလား… ​ဘေးထွက်​ဆိုးကျိုး ရှိမလား… အသက်​အန္တရာယ်​ရှိမလားဆိုတာကို သိထားသင့်​ကြတာမို့..

နေ့စဉ်​ ​သောက်​​ဆေး မ​သုံးသင့်​တဲ့ အမျိုးသမီးများအ​ကြောင်း​ပြောပြချင်​ပါတယ်​…

– သတိ​မေ့တတ်​လွန်းတဲ့ သူများ(​ပုံမှန်​​နေ့စဉ်​ ​သောက်​ရတာမို့. ရက်​ပျက်​တဲ့အခါ အကျိုးအာနိသင်​မရှိပါ)

– ရာသီ​သွေးဆင်းတာ ပုံမှန်​ မဟုတ်​သူများ

– က​လေး​မွေးပြီး တစ်​လ မပြည့်​​သေးသူများ၊ ကိုယ်​ဝန်​ပျက်​ကျထားပြီး တစ်​လမပြည့်​​သေးသူများ

– ​လော​လောဆယ်​ က​လေးနို့တိုက်​မိခင်​များ

– မိမိမှာ ကိုယ်​ဝန်​ရှိ​နေသည်​ဟု သံသယ ရှိသူများ( ​သေချာ​အောင်​ စစ်​ပြီးမှ ​သောက်​သုံးသင့်​ပါတယ်​၊ သို့မဟုတ်​ပါက လွယ်​ထား​သော က​လေးကိုပါ ထိခိုက်​ပျက်​စီး​နေနိုင်​ပါတယ်​)

– ​သွေးတိုး ဆီးချိုရှိသူ​များ

– ​သွေးနဲ့ဆိုင်​​သော​ရောဂါ ပြသနာ ရှိသူ​များ

– ​ကျောက်​ကပ်​အားမ​ကောင်းသူ၊ အသည်းအားနည်းသူများ

– အမြင်​အာရုံနဲ့ ဆိုင်​​သော ပြသနာရှိသူများ

– ​လေဖြန်းထားသူ၊အာရုံ​ကြောအားနည်းသူများ ​တွေဟာ မ​သောက်သုံးသင့်​ပါဘူး..

ဒါပြင်​ မိမိဟာ ​ဆေးလိပ်​​သောက်​တတ်​သူ ဖြစ်​ပါက ​သ​န္ဓေတား​ဆေး​မ​သောက်​သင့်​ပါ.. သို့မဟုတ်​ပါက နှလုံး​ရောဂါနှင့်​ ​လေဖြတ်​ဖို့ရာ အခွင့်​အလမ်း ပိုများနိုင်​ပါတယ်​..

ဒီလိုဆို ဘာ​တွေနဲ့ သ​န္ဓေတားကြမှာလဲ..

– သ​န္ဓေတား သုံးလခံထိုး​ဆေးများ

– လက်​​မောင်းတွင်း(သို့ ) သားအိမ်​တွင်းထည့်​ သ​န္ဓေတား ပစ္စည်းများ

– ​အမျိုးသား အမျိုးသမီးသုံး အကာအကွယ်​ပစ္စည်းများ (condoms)

– diaphragm ​​ခေါ် အမျိုးသမီးသုံး သ​န္ဓေတား ပစ္စည်း

– အ​ရေး​ပေါ်သ​န္ဓေတား​ဆေး(အမြဲ အသုံးပြုပါက အမျိုးသမီး ကျန်းမား​ရေးကို ဆိုးဝါးစွာ ထိခိုက်​​စေနိုင်​ပါသည်​)

– natural family planning ​ခေါ် အမျိုးသမီးရာသီနှင့်​ ချိန်​ကိုက်​ကာ အတူ​နေခြင်း(​ရာသီ​သွေး မမှန်​​သော အမျိုးသမီးမှာ ရင်​​သွေးရဖို့ ရာခိုင်​နှုန်းများနိုင်​ပါသည်​)

– sterilization ​ခေါ် သား​ကြောဖြတ်​ခြင်း(ကျန်းမာ​ရေးဌာနများမှ ခွင့်​ပြုချက်​ရမှာသာ ပြုလုပ်​နိုင်​ပါသည်​) အစရှိတာ​တွေကို အသုံးပြုနိုင်​ပါတယ်​…

သို့​သော်​ မိမိနဲ့ ကိုက်​ညီမှုရှိ​သော သ​န္ဓေတားမှု ပုံစံကို ဆရာဝန်​ ၊ သားဖွားမီးယပ်​ အထူးကု တို့နှင့်​ ​သေချာစွာ ပြသ တိုင်​ပင်​ပြီးမှသာ အသုံးပြုသင့်​ပါတယ်​.. ဒါမှသာ မဖြစ်​သင့်​​သော ဆိုးကျိုးများကို ကာကွယ်​တားဆီးနိုင်​မှာ ဖြစ်​ပါတယ်​လို့ သတိချပ်​နိုင်​ရန်​ အသိ​ပေး ​ရေးသားလိုက်​ရပါတယ်​…

သာယာ လှပ​သော အိမ်​​ထောင်​မှု ဘဝကို ပိုင်​ဆိုင်​ကြပါ​စေလို့ ​တောင်းဆု ​မေတ္တာပြုလျက်​….

ပိုင်​နီ​မောင်