ဆီးချိုသမားများ ရွေးချယ်စားပါ၊ ကောင်းဆိုးနှစ်ဖြာ(၂)

အဓိက ဖြစ်တဲ့ ကစီဓာတ်၊ အသားဓာတ်၊ အဆီဓာတ်တွေပြောပြီးပြီဆိုတော့ အခြားအားဟာရတွေ ဆက်ပြောကြတာပေါ့။

၅။ ဟင်းသီးဟင်းရွက်များ

ဟင်းသီးဟင်းရွက်တွေက ဆီးချိုသမားတွေ အတွက်အကောင်းဆုံး အစာတွေဖြစ်ပေမယ့် အရွေးမှားရင် ဆီးချို မထိန်းနိုင်ဖြစ်နိုင်ပါတယ်။ အာလူးကိုတော့ ကစီဓာတ်မို့လို့ လျော့စားသင့်ပါတယ်။

စားသုံးနိုင်သော ဟင်းသီးဟင်းရွက်တွေက

  • လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်တွေကို အစိမ်း၊ အပြုတ်၊ အကင်နှင့် ဖုတ်ပြီးစားသုံးခြင်း
  • ခဲထားသော သဘာဝအတိုင်းရှိသည့် ဟင်းသီးဟင်းရွက်များ
  • အစိမ်းရောင် ကိုက်လန်၊ မုန်ညင်းရွက်၊ ဟင်းနုနယ်တွေက အာဟာရဓာတ်ပါဝင်မှု လျော့နည်းတာဖြစ်လို့ လျော့စားတာပိုကောင်းပါတယ်။
  • ဟင်းသီးဟင်းရွက်ကို အရောင်စုံဖြစ်အောင် နေ့စဉ်ပြောင်းစားပါ။ ဥပမာ။ မုန်လာဥနီ၊ ငရုတ်ပွ အနီ၊ ခရမ်းသီး စသည်ဖြင့် အရောင်မျိုးစုံစားသုံးပေးပါ။
  • စည်သွပ်ဘူးတွေဖြစ်ခဲ့ရင် ဆားပါဝင်မှု နည်းတာကိုသာ ရွေးချယ်ပါ။

ရှောင်ရမှာကတော့

  • ဆားများစွာဖြင့် ပြုပြင်ထားသော စည်သွပ်ဘူးများ
  • ဆီ၊ ထောပတ်၊ ဒိန်ခဲများစွာ ထည့်ချက်ထားသော ဟင်းသီးဟင်းရွက်များ
  • လက်ဖက်၊ ချဉ်ဖတ်ကဲ့သို့ ကြာရှည်ခံအောင် ပြုလုပ်ထားသော ဟင်းသီးဟင်းရွက်များ တွေပေါ့။

၆။ အသီးအနှံ

အသီးအနှံတွေကလည်း အကောင်းဆုံး အာဟာရပေးနိုင်တဲ့ ဆီးချိုစာတွေပါပဲ။

  • စားသုံးမယ်ဆိုရင် လတ်လတ်ဆတ်ဆတ် အသီးအနှံတွေ၊ ခဲထား စည်သွပ်ထားသော်လည်း သကြား၊ဆား မပါဘဲ သဘာဝအတိုင်း ရှိနေတဲ့ အသီးအနှံ၊ သကြားမပါဘဲ လုပ်ထားတဲ့ ယိုပုံစံတွေက အကောင်းဆုံးပါ။
  • သို့သော် သကြားများစွာဖြင့် ပြုပြင်ထားတဲ့ ယို၊ ဂျယ်လီ၊ အချိုရည် ပုံစံတွေကိုတော့ မစားတာ အကောင်းဆုံးပါ။

၇။ အအေးသောက်ချင်ရင် အအေးထဲမှာ ပါဝင်တဲ့ အာဟာရညွှန်းကိန်းတွေကို အရင်ဖတ်ပါ။

အကောင်းဆုံးက

  • ရေ၊ သို့ သတ္တုရေသောက်ပါ။
  • အချိုထည့်မထားသော လက်ဖက်ရည်၊ ဘီယာ အပျော့စား၊ ဝိုင်အနည်းငယ် သောက်နိုင်ပြီး
  • ဘလက် ကော်ဖီထဲကို အဆီထုတ်ထားသောနို့နှင့် သကြားအစားထိုးပစ္စည်းတွေ ထည့်သောက်နိုင်ပါတယ်။

ရှောင်သင့်သော အအေးများ

  • ဆိုဒါ၊ ပုံမှန် ဘီယာ၊ အသီးများနှင့် စပ်ထားသော အအေးများ၊ လက်ဖက်ရည် အချို၊ သကြားနှင့် ခရင်ထည့်ထားသော ကော်ဖီ၊ ချောကလက် အအေးများ၊ အားဖြည့်အချိုရည် တွေက ကျန်းမာရေးနှင့် မညီတာကြောင့် ရှောင်သင့်ပါတယ်။

ဒါအပြင့် ဆီးချိုသမားများ အချိုလုံးဝ အမြဲတမ်းရှောင်ရမှာတော့ မဟုတ်ပါဘူး။ မိမိတစ်နေ့စားသုံးတဲ့ ကယ်လိုရီပမာဏကို တွက်ချက်ပြီး အနည်းငယ်တော့ စားနိုင်ပါသေးတယ်။

ဒါကြောင့် ဆီးချိုသမားများ စိတ်မပူကြပါနဲ့။ စားသုံးနိုင်တာတွေ မှတ်ထားပြီး သေချာစားသုံးရင်း ကိုယ်လက်လှုပ်ရှား အားကစားလေးပါ ထည့်လုပ်နိုင်ရန် ဆီးချိုဆိုတာ မှုစရာမလိုတော့ဘူးပေါ့။ ဆရာဝန်နဲ့လည်းပြသပြီး လိုအပ်ရင် ဆေးသောက်ခြင်း၊ စစ်ဆေးမှုတွေ ခံယူခြင်းတွေပါ ပြုလုပ်သင့်တယ် ဆိုတာလဲ မမေ့ကြဖို့ သတိပေးလိုက်ရပါတယ်။

ရီချို(ဆေး ၁)