ဂျိုင်းကြားအသားအရေ ညိုမည်းခြင်းကို ဘယ်လိုကုသမလဲ

အလှအပကိုအလေးထားတဲ့ အခုလိုအချိန်မှာ ပြစ်မျိုးမှ့ဲ မထင်အောင် လှပဖို့ ကုသမှုတွေ ခံယူလို့ရနေပါပြီနော်
အဲ့ဒီအထဲမှာမှ ဂျိုင်းကြားအသားအရေ ညိုမည်းခြင်းကို ဘယ်လိုကုသမှုတွေနဲ့ ကုသလို့ရို့ရလဲဆိုတာ ပြောပြပေးချင်ပါတယ်
လူအယောက် ၁၀၀ မှာ ၅၀ လောက်က ဂျိုင်းကြား အသားအရေ ညိုမည်းမေ့ရှိကြပါတယ်

ဂျိုင်းကြား အသားအရေ ဘာကြောင့် ညိုမဲရသလဲဆိုရင်

1.Chemical အပြင်းစားပါတဲ့ ဂျိုင်းလိမ်းဆေးတွေ အနံ့ပျောက်ဆေးတွေ သုံးမိခြင်း

2.ဂျိုင်းမွှေးခဏခဏ ရိတ်ခြင်း

3.သေချာပွတ်တိုက်ပြီး ရေမချိုး၍ Cell အသေတွေ ကွာမကျပဲ အရေပြားထူပြီးမဲလာခြင်း

4.အကျီ်ၤ အကြပ်တွေဝတ်ခြင်း

5.ဆီးချိုရောဂါ, အဝလွန်ရောဂါတို့ မထိန်းနိုင်ခြင်းကြောင့် ညိုမည်းလာခြင်း

6.ရောဂါပိုးဝင်ခြင်း

7.အရေပြားမဲစေသော cell လေးများဂျိုင်းအောက် စုပြုံလာခြင်း တို့ကြောင့်ပြဲဖစ်ပါတယ်

ဂျိုင်းကြားအသားအရေ မမဲအောင် ဘယ်လိုကာကွယ်လို့ရသလဲဆိုရင်

1.ဂျိုင်းလိမ်းဆီကို သေချာရွေး၍ အသုံးပြုခြင်း

2.ဂျိုင်းမွှေးရိတ်လျှင် cream အသုံးပြုပေးခြင်း

3.အကျီ်ၤပွပွချောင်ချောင်လေးတွေ ဝတ်ပေးခြင်း

4.သဘာ၀ အသီးအနှံများကို အသုံးပြု၍ သန့်စင်ပေးခြင်း (သခွားသီး, အာလူး, မန်ကျည်းသီး, သံပုရာသီး , သခွားသီး, အုန်းဆီ, ကြက်ဥအကာ တို့အသုံးပြုနိုင်ပါတယ်)

5.အသားဖြူ lotion cream များပုံမှန် လိမ်းပေးခြင်း တို့ ပြုလုပ်ပေးနိုင်ပါတယ်

နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ကုသမှုခံယူချင်တယ် ဆိုရင်တော့

1.Retinoid cream, vitamin D cream များကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း အသုံးပြုခြင်း

2.Chemical peeling လုပ်၍ကုသခြင်း

3.Laser ဖြင့်ကုသခြင်း

4.Dermabrasion လုပ်၍ ကုသခြင်းများကို ရွေးချယ်ကုသနိုင်ပါတယ်

အားလုံး ကျန်းမာပျော်ရွှင်ပြီး ကြည်လင်လှပတဲ့ အသားအရေလေး ပိုင်ဆိုင်နိုင်ကြပါစေ

ရွှန်းလဲ့ (ဆေး ၂)