ကျန်းမာရေးအတွက် ရေသောက်ကြပါစို့ (Water is good for health)

မိမိတို့နေစဉ်သောက်သုံးနေသော ရေသည် အဖိုးမဖြတ်နိုင်သောကျန်းမာရေး အကျိုးပြုမှု ပေးနေသည်ကို သတိမပြုမိဖြစ်နေတတ်ကြပါသည်။
ရေလုံလောက်စွာသောက်သုံးခြင်းသည်
(၁) ကိုယ်အလေးချိန်လျော့ကျစေသည်
ရေသောက်ခြင်းသည် အစားစားခြင်စိတ်လျော့ကျစေပြီး အချိုရည်၊ အရက်သောက်သုံးခြင်းအစား အစားထိုးပေး၍ သုံးစွဲခြင်းလျော့နည်းစေသည်။
(၂) ကိုယ်တွင်း စွမ်းဆောင်ရည်ကောင်းမွန်စေသည်
ရေဓာတ်ချို့တဲ့ပါက ပင်ပန်းနွမ်းနယ်ခြင်း၊ခေါင်းမူးခြင်း တို့ခံစားရတတ်ပါသည်
(၃) အသားအရေလှပစေပါသည်
ရေသောက်ခြင်းသည် အသားအရေလှပတင်းရင်းစေပါသည်။
ရေကို ၁ပတ်ခန့်လုံလောက်စွာသောက်သုံးလျှင်ပင် အသားအရေကြည်လင်လှပလာစေနိုင်ပါသည်။
(၄) ကိုယ်တွင်းအညစ်အကြေးများ သန့်စင်စေပါသည်
ရေသည် ကိုယ်တွင်းရှိမကောင်းသောအဆိပ်အတောက်များသန့်စင်စေသောအစွမ်းရှိပါသည်။ ရေသောက်ခြင်းသည် ကျောက်ကပ်ကိုလဲသန့်စင်စေပါသည်။