စိတ်သွားတိုင်း ကိုယ်ပါစေမယ့် အာဟာရဓာတ်လေးများ

လိင်မှုကိစ္စဆိုသည်မှာ လူတိုင်းနှင့်ကင်းနိုင်သော အရာမဟုတ်ပေ ။ အရွယ်ရလာသူတို့အတွက် အိမ်ထောင်သည်များ အတွက် ကြုံတွေ့ရလေ့ရှိသည့် သဘာဝကိစ္စဖြစ်သည့်အလျောက် သင့်အနေနှင့် စိတ်ပျက်စရာအခြေအနေမျိုး မဖြစ်စေရန် လိုအပ်ပေသည် ။

သင့်အနေနဲ့အမြဲလိုလို ပင်ပန်းနေရတာ ၊ ခေါင်းတွေကိုက်ခဲနေရတာ ၊ စိတ်မပါ လက်မပါ အမြဲဖြစ်နေပါသလား ။ အသက်အရွယ်မရွေး အချိန်မရွေး သင့်ရဲ့ စွမ်းအင်တွေ မြှင့်တင်ပေးမယ့် စွမ်းအားမြင့် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ လာပါပြီ ။

ဟုတ်ပါတယ် ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါ ။ ဒီတချို့သော ဗီတာမင်နဲ့သတ္တုဓာတ်တွေဟာ sex hormones လိင်မှုဆိုင်ရာ လှုံ့ဆော်တဲ့ဟော်မုန်းတွေဖြစ်တဲ့ estrogen မဟော်မုန်းတွေ testosterone ကျားဟော်မုန်းတွေထုတ်လုပ်ရာမှာ အရေးပါ ပါတယ် ။ ဒီလို အခြေခံဓာတ်တွေ လုံလုံလောက်လောက်မရှိဘဲ စိတ်ကျေနပ်ဖွယ် လိင်မှုကိစ္စတွေဟာ ဖြစ်မလာပါဘူး ။ တချို့ဗီတာမင်နဲ့သတ္တုဓာတ်တွေက စိတ်ဖိစီးမှုတွေ လျှော့ချပေးသလို စွမ်းအားကိုလဲ မြှင့်တင်ပေးပါတယ် ။

(၁)ဗီတာမင် D

အိမ်တွင်းအောင်းလေ့ရှိတဲ့သူတွေ နေရောင်ခြည်နဲ့ လုံလုံလောက်လောက်ထိတွေ့မှုမရှိတဲ့သူတွေမှာ ဗီတာမင် D ဓာတ်ဟာ ချို့ယွင်းနေတတ်ပါတယ် ။ ဗီတာမင် D ဓာန် နည်းပါးချင်းဟာ အမျိုးသမီးတွေအတွက် မဟော်မုန်း estrogens ကိုနည်းစေတဲ့အတွက် လိင်မှုကိစ္စဆိုင်ရာစိတ်များ လျော့ပါးစေသလို အရိုးတွေကိုလဲ အားနည်းစေပါတယ် ။ ဒါ့အပြင် ဗီတာမင် D ဓာတ် နည်းပါးချင်းဟာ စိတ်ကျခြင်းနဲ့ဆက်စပ်နေတဲ့အတွက် လိင်ကိစ္စမှာပိုမိုပြီး စိတ်မပါလက်မပါဖြစ်စေနိုင်ပါတယ် ။ အမျိုးသားတွေအတွက်လဲ ကျားဟော်မုန်း နည်းပါးစေပြီး လိင်စိတ်လျော့နည်းစေပါတယ် ။

(၂) ဗီတာမင် A

ဗီတာမင် A ဟာ သဘာဝ ဗိုင်ယာဂရာလား ? သင့်အနေနဲ့ အိပ်ခန်းအတွင်း စွမ်းဆောင်ရည်တွေ လျော့ကျနေပြီ စိတ်အလိုမကျဖြစ်နေပြီဆိုလျှင် သင့်ခန္ဓာကိုယ်အတွင်းရှိ ဗီတာမင် A ကိုစစ်ကြည့်သင့်ပါပြီ ။ ဗီတာမင် A လျော့နည်းခြင်းဟာ ဟော်မုန်းထုတ်လုပ်ရာမှာ များစွာ ထိခိုက်စေနိုင်ပြီး အထူးသဖြင့် အမျိုးသားတွေကို ပိုထိခိုက်စေနိုင်ပါတယ် ။

(၃) ဗီတာမင် E

ဗီတာမင် E ကို sex vitamin လို့တောင် တင်စားကြတာပါ ။ ဘာလို့လဲဆိုတော့ တစ်ဦးနဲ့တစ်ဦးကို ဆွဲဆောင်စိတ်တွေ ၊ လိုချင်တပ်မက်မှုတွေ ၊ စိတ်ပါခြင်းတွေဖြစ်လာစေဖို့ မရှိမဖြစ် ဗီတာမင်ပါပဲ ၊ ဒါကြောင့်လဲ နုပျိုစေတဲ့ အားဆေးတွေထဲ အမြဲပါလေ့ရှိသလို သင့်ကို လူငယ်လေးတွေလို စွမ်းဆောင်စေမယ့် ဗီတာမင်ပဲ ဖြစ်ပါတယ် ။ သောက်ဆေးအနေသာမက လိမ်းဆေးအဖြစ်ပါ အသုံးပြုနိုင်ပါတယ် ။

(၄) ဗီတာမင် B1

သင့်ရဲ့ စိတ်လက်ပါရှိမှုကို တညလုံးနီးပါး ကြာရှည်စေလိုပါသလား ။ ဒါဆို သင့်နေ့စဉ်အစားအစာတွေထဲ B1 ဓာတ် လုံလုံလောက်လောက်သာပါ ပါစေ ။ ဗီတာမင် B1 ဟာ သင့်ရဲ့ လိင်မှုဆိုင်ရာ စွမ်းအင်တွေကို အဆုံးစွန် တွန်းပေးမယ့် အရာပဲဖြစ်ပါတယ် ။ B1 အားနည်းခြင်းဟာ မောပန်းလွယ် အားကုန်လွယ်ပြီး ပင်ပန်းမှုကိုဖြစ်စေပါတယ် ။

(၅) ဗီတာမင် B3

ဗီတာမင် B3 ဟာ သင့်ရဲ့ ဦးနှောက်နှင့်တကွတစ်ကိုယ်လုံးဆီကို သွေးလည်ပတ်စီးဆင်းမှုကို ကောင်းမွန်စေပါတယ် ။ ဒါကြောင့် ချစ်တင်းနှောရာမှာ စိတ်ကျေနပ်မှုဆိုတဲ့ orgasm ရဖို့ မရှိမဖြစ်လိုအပ်တဲ့ ဓာတ်ပဲ ဖြစ်ပါတယ် ။

(၆)ဇင့်

သင့်အနေနဲ့ ခရုတွေ ကမာတွေ စားခြင်းဖြင့် လိင်မှုကိစ္စတွေမှာ ပိုစွမ်းဆောင်နိုင်တယ် ကြားဖူးပါလိမ့်မယ် ။ ဒါဟာ ဇင့်သတ္တုဓာတ်တွေပြည့်နေတဲ့အတွက်ကြောင့်ပါ ။ ဒီဇင့်ဓာတ်ဟာ ကျားစော်မုန်းထုတ်လုပ်ရေးမှာ အရေးပါလှပြီး ဒါဟာ လိင်မှုကိစ္စအတွက်မရှိမဖြစ်ပဲဖြစ်ပါတယ် ။

(၇) အိုမီဂါ ၃

အိုမီဟာ ၃ အက်ဆစ်ဓာတ်ကို ကျနော်တို့ ငါးအဆီက အဓိကရပါတယ် ။ သူဟာ စိတ်ကို တည်ငြိမ်စေရာမှာ အဓိက မင်းသားကြီးဖြစ်တဲ့အတွက် စိတ်ပါလက်ပါရှိစေဖို့ အထောက်အကူပေးပါတယ် ။ ဒါ့အပြင်ခန္ဓာကိုယ်အတွင်းရှိ ဓာတ်တွေကို မျှတစေရန်လဲ အထောက်အကူပေးပါတယ် ။

အားလုံးကျန်းမာကြပါစေ

ဒေါက်ပီ