ဗီတာမင်စီ အကြောင်း ဘာတွေ သိထားလဲ

ကျွန်တော် လူတော်တော် များများကို ဗီတာမင် စီ ကဘာအတွက်ကောင်းလဲ မေးရင် တော်တော်များများ ပြန်ဖြေတာကတော့ ဝိတ်ကျစေတယ်လို့ပဲ ဖြေတာများပါတယ်။ အခုထိ လေ့လာတွေ့ရှိချက်များ အရ ဗီတာမင် C က ကိုလက်စထရော ကျစေတယ်လို့ပဲ စာတမ်းတွေ ရှိပါသေးတယ်။ ဝိတ်ကျတယ်လို့တော့ အခုထိရှာမတွေ့သေးပါဘူး။

တခြားသော လူသိပ်မသိကြသေးတဲ့ ဗီတာမင် C ရဲ့ကောင်းကျိုးလေးတွေ ရှိပါသေးတယ်။

1. အသားအရေကို တင်းရင်းစေခြင်း

2. အရိုးဖွဲ့စည်းတည်ဆောက်မှု့ကို အားပေးခြင်း

3. အနာ ကျက်လွယ်စေခြင်း

4. ခန္ဓာကိုယ် အတွင်းရှိ ကိုလက်စထရော များကို အဆီချေဖျက်ရာတွင် အသုံးလိုတဲ့ သည်းခြေရည် ဖြစ်အောင် ပြောင်းလဲပေးနိုင်ခြင်း။

5. လူတွေရဲ့စိတ်ကို ပျော်အောင်၊ စိတ်ပူပန်အောင်၊ စိတ်ဓါတ်ကျအောင် စတာတွေကို ထိန်းချုပ်ပေးနေတဲ့ ဆီရိုတိုနင် (Serotonin) လို့ခေါ်တဲ့ ဓါတ်တစ်မျိုးထွက်အောင်လည်း အားပေးပါတာ်။ အကြမ်းဖျင်း အားဖြင့် Serotonin (ဆီရိုတိုနင်) နည်းရင် စိတ်ဓါတ်ကျ ဝေဒနာခံစားရတတ်ပါတယ်။

6. ဓါတ်တိုးဆန့်ကျက်သတ္တိ ရှိတဲ့ အတွက် ကင်ဆာရောဂါ ဖြစ်ပွားမှု့ကို လျှော့ကျစေနိုင်ခြင်း။

7. ကိုယ်ခံစွမ်းအား မြှင့်တင်ပေးတဲ့ အတွက် ရာသီပေါ်တုပ်ကွေး ရောဂါ နှင့် အဖြားသော ဘတ်တီးရီးယား၊ ဗိုင်းရပ်စ် ရောဂါပိုးမွှားများကို လည်း ကာကွယ်ပေးပါတယ်။

8. နှလုံးသွေးကြောကျဉ်းရောဂါ ကိုကာကွယ်ပေးခြင်း

9. ဆီးချိုရောဂါ ကို ကာကွယ်ပေးခြင်း

10. ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါများ(Neurodegenerative diseases) ကိုကာကွယ်ပေးခြင်း။

ဗီတာမင် C ကဘာတွေစားရင် ရမလဲ

အများစု သိထားကြတဲ့ အတိုင်း ချဉ်တဲ့ အသီးတွေဆို ဗီတာမင် C ကြွယ်ဝ ပါတယ်။ တခြားကျွန်တော်တို့ မထင်မှတ်ထားတဲ့ အစားအစာမှာလည်း ဗီတာမင် C ကြွယ်ဝကြပါတယ်။ ဥပမာ-

1. ငရုတ်ပွ အနီ/အစိမ်း

2. စတော်ဘယ်ရီ

3. လိမ္မော်၊ သံပုရာ

4. ခရမ်းချဉ်သီး

5. ပန်းပွင့်စိမ်း

6. ဇီးဖြူသီး

7. ကိုက်လန်

8. မာလကာသီး

9. ဂရိတ်ဖရုသီး စတာတွေ စားပေးလို့ရပါတယ်။

လူခန္ဓာကိုယ်မှာ ပုံမှန် ဘယ်လောက် ရှိလဲ

သွေးထဲမှာ 60-100 mmol/dl ရှိပါတယ်။

ဗီတာမင် C အများကြီးစားရင် ဘာတွေဖြစ်တတ်လဲ

အဓိက ပြဿနာ ကတော့ ဗိုက်အောင့် ဗိုက်နာဖြစ်ပြီး ဝမ်းခဏခဏ သွားတာမျိုးဖြစ်တတ်ပါတယ်။ ဒီလိုမျိုးကလည်း ဗီတာမင် စီ အားဆေးတွေ ကို လိုတာထက်ပို သောက်နေတဲ့ လူတော်တော် များများမှာဖြစ်လေ့ရှိပါတယ်။ အဲ့ဒီလို ဖြစ်လာရင်တော့ ဆေးသောက်တာ ကို ရပ်လိုက်သင့်ပါတယ်။ သောက်တာ ရပ်ပြီး 2-3 ရက်နေတာနဲ့ ပုံမှန် ပြန်ဖြစ်သွားပါ လိမ့်မယ်။

ဘယ်လို လူတွေ မှာ ဗီတာမင် C ချို့တဲ့လေ့ရှိလဲ

1. အရက် အလွန်အကျွံသောက်သုံးသူများ

2. ဆေးလိပ်သောက် သူများ

3. နာမကျန်းဖြစ်နေသူများ

4. ပိုးသတ်ဆေး သောက်နေသူများ

5. အနာ သက်သာဆေးသောက်နေသူများ

6. ဓါတ်ဆီ ရေနံဆီ တွေ နှင့် အမြဲ ထိတွေ့ ကိုင်တွယ်နေရသူများ

7. သတ္တုတွင်း၊ သတ္တု ပစ္စည်းများ နှင့် ထိတွေ့ ကိုင်တွယ်နေရသူများ။

အထက်ဖော်ပြပါ ဗီတာမင် C ချို့တဲ့ နိုင်တဲ့ သူများ အနေနဲ့ သာမာန်လူထက် ဗီတာမင်စီ ကြွယ်ဝတဲ့ အစားအစာများ ပို စားပေးဖို့လိုပါတယ်။ လိုအပ်မှသာ ဆေးဝါး အကူအညီ ကို ဆရာဝန် နှင့် သေချာ ဆွေးနွေး တိုင်ပင်ပြီး မှသာ သောက်ဖို့ အကြံပြုချင်ပါတယ်။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်