” မိန်းမကိုယ်သန့်စင်ဆေးရည်များအကြောင်း သိကောင်းစရာ “

‘မိန်းမကိုယ်သန့်စင်ဆေးရည်’ဆိုတာကတော့ သူ့နံမည်အတိုင်းပဲ အမျိုးသမီးတို့ရဲ့ မိနိးမကိုယ်ထဲကိုဆေးကြောရာမှာ အသုံးပြုတယ့် ဆေးရည်တစ်မျိုးပါ။အမျိုးသမီးတိုင်းအသုံးပြုတာမျိုး မဟုတ်ပေမယ့်လို့…..လက်တွေ့သုံးနေကြတယ့်သူတွေလည်းရှိပါတယ်။

ဘာအတွက်သုံးတာလဲဆိုတော့ …..ဒါလေးသုံးလိုက်ရင် သန့်သွားသလိုခံစားရတယ်လို့ပြောကြသလို…တချို့ကလည်း ရာသီလာအပြီး အထဲက အညစ်အကြေးတွေ စင်သွားအောင်၊တချို့ကလည်း လိင်ဆက်ဆံအပြီးမှာသုံးတဲ့အခါ ကိုယ်ဝန်ရနိုင်ချေနည်းအောင်၊လိင်မှတစ်ဆင့် ကူးစက်တယ့်ရောဂါတွေ ကာကွယ်နိုင်အောင် သုံးကြတယ်လို့ ဆိုတယ်။

ဒါပေမယ့် လက်တွေ့ လေ့လာကြည့်လိုက်တဲ့ အခါမှာတာ့ အထက်က အချက်တွေက တစ်ချက်မှမမှန်ပါဘူး။ဒါ့အပြင်…..မိန်းမကိုယ် သန့်စင်ဆေးရည်တွေ သုံးခြင်းကြောင့် အောက်ပါပြသနာတွေတောင် ဖြစ်နိုင်ပါသတဲ့ :

– မိန်းမကိုယ်ပိုးဝင်ခြင်း

ဒီသန့်စင်ဆေးစည်တွေကြောင့်…..မိန်းမကိုယ်မှာသဘာဝအလျောက်ရှိနေပြီး ရောဂါပိုးများကိုခုခံနိုင်တယ့် အက်ဆစ်ဓာတ်လျော့ကျသွားပါတယ်။ရလဒ်အနေနဲ့ မိန်မကိုယ်အတွင်း ပိုးမွှားများဝင်ရောက်ဖို့ ပိုမိုလွယ်ကူသွားပြီး မိန်းမကိုယ်ယားယံခြင်း၊အဖြူဆင်းခြင်းများ ကြုံတွေ့ရနိုပါတယ်။

-PID လို့ခေါ်တယ့် သားအိမ်၊သားဥပြွန်နဲ့ သားဥအိမ်များ ပိုးဝင်ရောင်ရမ်းခြင်းပြသနာကိုလည်း မိန်းမကိုယ်သန့်စင်ဆေးရည်သုံးသူတွေမှာ ၇၃%ပိုအဖြစ်များပါတယ်။

-ကိုယ်ဝန်ဆောင်နေစဉ် သန့်စင်ဆေးရည်သုံးတယ့်အခါ လစစေ့ဘဲကလေးစောမွေးခြင်းနဲ့ ကြုံတွေ့ရတတ်ပါတယ်။

-သားအိမ်ကင်ဆာဖြစ်နိုင်ချေကိုလည်း ပိုမြင့်တက်စေပါတယ်တဲ့နော်။

ဒီအချက်တွေကြောင့် အမျိုးသမီးများအနေနဲ့ ငွေကုန်ပြေးကျခံ အလုပ်ရှုပ်ခံပြီး ဒီဆေးရည်တွေကို ဝယ်သုံးဖို့ မသင့်လျော်ပါဘူး။

အကယ်၍ မိန်းမကိုယ်အနံ့နံခြင်း၊ယားယံခြင်း၊အဖြူဆင်းခြင်း စတယ့် မိန်းမကိုယ်ပိုးဝင်ခြင်းလက္ခဏာတွေ ကြုံတွေ့ခံစားနေရပါက ရေခပ်နွေးနွေးနဲ့ ဆပ်ပြာအပျော့စားကို အသုံးပြုပြီး မိန်းမကိုယ်ကို ဆေးကြောနိုင်ပါတယ်။ဒါနဲ့မှ မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်လို့ အကြံပြုလိုက်ပါရစေနော်။

ပိုင်နီမေ
https://www.webmd.com/default.htm?fbclid=IwAR1e2PPyWq1-9ptFdYgTDbgbH_FES978cSd0TDZjZybuLqzXZSw4IOR3-_8

” မိန္းမကိုယ္သန္႔စင္ေဆးရည္မ်ားအေၾကာင္း သိေကာင္းစရာ “

‘မိန္းမကိုယ္သန္႔စင္ေဆးရည္’ဆိုတာကေတာ့ သူ႔နံမည္အတိုင္းပဲ အမ်ိဳးသမီးတို႔ရဲ႕ မိနိးမကိုယ္ထဲကိုေဆးေၾကာရာမွာ အသံုးျပဳတယ့္ ေဆးရည္တစ္မ်ိဳးပါ။အမ်ိဳးသမီးတိုင္းအသံုးျပဳတာမ်ိဳး မဟုတ္ေပမယ့္လို႔…..လက္ေတြ႕သံုးေနၾကတယ့္သူေတြလည္းရွိပါတယ္။

ဘာအတြက္သံုးတာလဲဆိုေတာ့ …..ဒါေလးသံုးလိုက္ရင္ သန္႔သြားသလိုခံစားရတယ္လို႔ေျပာၾကသလို…တခ်ိဳ႕ကလည္း ရာသီလာအၿပီး အထဲက အညစ္အေၾကးေတြ စင္သြားေအာင္၊တခ်ိဳ႕ကလည္း လိင္ဆက္ဆံအၿပီးမွာသံုးတဲ့အခါ ကိုယ္ဝန္ရႏိုင္ေခ်နည္းေအာင္၊လိင္မွတစ္ဆင့္ ကူးစက္တယ့္ေရာဂါေတြ ကာကြယ္ႏိုင္ေအာင္ သံုးၾကတယ္လို႔ ဆိုတယ္။

ဒါေပမယ့္ လက္ေတြ႕ ေလ့လာၾကည့္လိုက္တဲ့ အခါမွာတာ့ အထက္က အခ်က္ေတြက တစ္ခ်က္မွမမွန္ပါဘူး။ဒါ့အျပင္…..မိန္းမကိုယ္ သန္႔စင္ေဆးရည္ေတြ သံုးျခင္းေၾကာင့္ ေအာက္ပါျပသနာေတြေတာင္ ျဖစ္ႏိုင္ပါသတဲ့ :

– မိန္းမကိုယ္ပိုးဝင္ျခင္း

ဒီသန္႔စင္ေဆးစည္ေတြေၾကာင့္…..မိန္းမကိုယ္မွာသဘာဝအေလ်ာက္ရွိေနၿပီး ေရာဂါပိုးမ်ားကိုခုခံႏိုင္တယ့္ အက္ဆစ္ဓာတ္ေလ်ာ့က်သြားပါတယ္။ရလဒ္အေနနဲ႔ မိန္မကိုယ္အတြင္း ပိုးမႊားမ်ားဝင္ေရာက္ဖို႔ ပိုမိုလြယ္ကူသြားၿပီး မိန္းမကိုယ္ယားယံျခင္း၊အျဖဴဆင္းျခင္းမ်ား ၾကံဳေတြ႕ရႏိုု္ပါတယ္။

-PID လို႔ေခၚတယ့္ သားအိမ္၊သားဥႁပြန္နဲ႔ သားဥအိမ္မ်ား ပိုးဝင္ေရာင္ရမ္းျခင္းျပသနာကိုလည္း မိန္းမကိုယ္သန္႔စင္ေဆးရည္သံုးသူေတြမွာ ၇၃%ပိုအျဖစ္မ်ားပါတယ္။

-ကိုယ္ဝန္ေဆာင္ေနစဥ္ သန္႔စင္ေဆးရည္သံုးတယ့္အခါ လစေစ့ဘဲကေလးေစာေမြးျခင္းနဲ႔ ၾကံဳေတြ႕ရတတ္ပါတယ္။

-သားအိမ္ကင္ဆာျဖစ္ႏိုင္ေခ်ကိုလည္း ပိုျမင့္တက္ေစပါတယ္တဲ့ေနာ္။

ဒီအခ်က္ေတြေၾကာင့္ အမ်ိဳးသမီးမ်ားအေနနဲ႔ ေငြကုန္ေျပးက်ခံ အလုပ္ရႈပ္ခံၿပီး ဒီေဆးရည္ေတြကို ဝယ္သံုးဖို႔ မသင့္ေလ်ာ္ပါဘူး။

အကယ္၍ မိန္းမကိုယ္အနံ႔နံျခင္း၊ယားယံျခင္း၊အျဖဴဆင္းျခင္း စတယ့္ မိန္းမကိုယ္ပိုးဝင္ျခင္းလကၡဏာေတြ ၾကံဳေတြ႕ခံစားေနရပါက ေရခပ္ေႏြးေႏြးနဲ႔ ဆပ္ျပာအေပ်ာ့စားကို အသံုးျပဳၿပီး မိန္းမကိုယ္ကို ေဆးေၾကာႏိုင္ပါတယ္။ဒါနဲ႔မွ မသက္သာဘူးဆိုရင္ ဆရာဝန္နဲ႔ ျပသတိုင္ပင္သင့္ပါတယ္လို႔ အၾကံျပဳလိုက္ပါရေစေနာ္။

ပိုင္နီေမ
https://www.webmd.com/default.htm?fbclid=IwAR1e2PPyWq1-9ptFdYgTDbgbH_FES978cSd0TDZjZybuLqzXZSw4IOR3-_8