ချောကလက်အမဲ နဲ့ ချစ်ကြောင်းသက်သေပြရအောင်
ချစ်ကြောင်းသက်သေပြဖို့ဆိုတာ ချောကလက်အမဲလိုပါသလား?
ဒီအဖြေ ဖြေဖို့ဆို လိုပါတယ်လို့ပဲ ဖြေရပါလိမ့်မယ်။
ဘာကြောင့်လဲဆို ချောကလက်အမဲတစ်တောင့်မှာ အံ့ဩဖွယ်အစွမ်းသတ္တိကောင်းများ
နဲ့ ပြည့်စုံနေလို့ပါ။

????ကိုယိအလေးချိန်ကျစေပါတယ်။
ချောကလက်အမဲမှာပါတဲ့ ကြွယ်ဝတဲ့အမျှင်ဓာတ်ဟာ ဗိုက်ပြည့်စေပြီး ဇီဝကမ္မဖြစ်စဉ်မြန်စေတာမို့
အဆီတွေ လောင်ကျွမ်းစေပါတယ်။

????ရေရှည်ချောင်းဆိုးခြင်းသက်သာစေပါတယ်။
ချောကလက်အမဲမှာ ပါဝင်တဲ့ Theobromine ဟာ ချောင်းဆိုးသက်သာစေပါတယ်။

???? သွေးတွင်း အဆီဓာတ်ကျစေပါတယ်။
မကောင်းသော LDL ကိုလက်စတီရောကို ကျစေပါတယ်။

????ကိုယ်ခံအားကောင်းစေပါတယ်။
Flavinoid ပါဝင်တာကြောင့် ကိုယ်ခံအားစွမ်းရည် မြင့်စေပါတယ်။

???? လေဖြတ်ကာကွယ်ပေးပါတယ်။
တစ်ပတ်လျှင် ၂.၂ အောင်စ စားသုံးခြင်းဖြင့် ၁၇ % လေဖြတ်ခြင်း
ကာကွယ်ပေးနိုင်ပါသည်

???? အရေပြားတင်းရင်းလှပစေပါတယ်။
ချောကလက်အမဲဟာ အရေပြားသွေးလည်ပတ်မှုကောင်းစေပြီး
ရေဓာတ်ထိန်းပေးပါတယ်။ နေရောင်ကြောင့် အရေပြားပျက်စီးခြင်းကို
ကာကွယ်ပေးပါတယ်။

????စိတ်ဖိစီးခြင်းလျော့ကျစေပါတယ်။
စိတ်ပျော်ရွင်စေတဲ့ Endrophinဟော်မုန်းထွက်စေတာမို့ စိတ်ပျော်ရွင်
စေပါတယ်။

????မှတ်ဥာဏ်ကောင်းစေပါတယ်။
ဦးနှောက်သွေးလည်ပတ်ခြင်းကောင်းစေတာမို့ မှတ်ဥာဏ်အားကောင်းပြီး
အသက်ကြီး၍ မှတ်ဥာဏ်ချို့ယွင်းခြင်းမဖြစ်အောင်ကာကွယ်ပေးသည်။
ဒါကြောင့် ကောင်းမွန်လှတဲ့ချောကလက်အမဲကို ဒီလိုတင်စားတာလွန်မယ် မထင်ပါဘူးနော်။