ဂေါက်​​ရောဂါ ကာကွယ်​ပါ

ဂေါက်​အဆစ်​​ယောင်​​ရောဂါသည်​ ယူရစ်​အက်​ဆစ်​ပုံ​ဆောင်​ခဲများ အဆစ်​အတွင်း အနည်​ကျရာမှ စတင်​ဖြစ်​ပွားခြင်း ဖြစ်​ပါသည်​။ အဆစ်​တစ်​ခုသာ ​ယောင်​​လေ့ရှိပြီး ​ဝေဒနာရှင်​ ထက်​ဝက်​ခန့်​သည်​ ​ခြေမအဆစ်​​ယောင်​ခြင်းကို ပြင်းထန်​စွာ ခံစားရတတ်​ပါသည်​။ အခြား အဆစ်​များ ဖြစ်​​သော ​ခြေကျင်းဝတ်​၊ ​ခြေပြား၊ ဒူး​ခေါင်း၊ လက်​​ချောင်းဆစ်​က​လေးများ၊ လက်​​ကောက်​ဝတ်​၊ တံ​တောင်​ဆစ်​တို့တွင်​လည်း ဖြစ်​တတ်​ပါသည်​။ ​ကျောရိုးဆစ်​နှင့်​ အဆစ်​ကြီးများတွင်​ ဖြစ်​ခဲပါသည်​။

များ​သောအားဖြင့်​ ​ဖြစ်​​လေ့ရှိ​သော လက္ခဏာများမှာ

– ရုတ်​တရက်​ဖြစ်​ခြင်း

– ၂နာရီအတွင်း အလွန်​ ပြင်းထန်​လာခြင်း

– အလွန်​အမင်း ထိမရ​အောင်​ နာကျင်​ခြင်း

– ​​​ဆေးလိမ်းမခံနိုင်​​အောင်​ နာကျင်​ခြင်း

– နီရဲ​ယောင်​ကိုင်း​နေခြင်း

– ပြန်​​ကောင်း​သောအခါ အရှင်း​ပျောက်​ခြင်း

*ဘယ်​လို လုပ်​ရမလဲ

များ​သောအားဖြင့်​ သက်​သာသည်​အထိ အကိုက်​အခဲ​ပျောက်​​ဆေးများသာ ကူညီနိုင်​ပြီး ပုံမှန်​အ​ခြေအ​နေ ဖြစ်​ချိန်​တွင်​ ယူရစ်​အက်​ဆစ်​ပမာဏ ​လျှော့ချရန်​ လိုမလို စစ်​​ဆေးရပါသည်

အကယ်​၍

– မကြာခဏ ဖြစ်​ခြင်း

– အဆစ်​​ဘေးတွင်​ အဖုဖြစ်​ခြင်း

– အရိုးအဆစ်​ ပျက်​စီးမှု ရှိလာခြင်း

– ​ကျောက်​ကပ်​ထိခိုက်​မှု ရှိခြင်း

– ​ကျောက်​ကပ်​တွင်း ​ကျောက်​မှုန်​တည်​ခြင်း

– ယူရစ်​အက်​ဆစ်​ မတန်​တဆ များ​နေခြင်းတို့ ရှိပါက ​​ဆေးကို စွဲ​သောက်​ရန်​ လိုပါသည်


ယူရစ်​အက်​ဆစ်​ ပမာဏ တက်​ခြင်းမှ ​ရှောင်​ကြဉ်​နိုင်​ရန်

– ကိုယ်​တွင်း ကလီစာများ

– အညွန့်​များ (ကညွတ်​၊… စသည်​)

– အမြစ်​များ

– အမဲသား၊ ဝက်​သား၊ ဆိတ်​သား

– ပင်​လယ်​ငါးများ

– ဘီယာ တို့ကို တတ်​နိုင်​သမျှ ​ရှောင်​ကြဉ်​ပါ