” ဇရာကို အံတုဖို့အတွက် လိုက်နာဖွယ် အချက်(၉)ချက် “
(၁)အိပ်ရေးဝဝအိပ်ပါ။
လူတစ်ယောက်ဟာ တစ်နေ့လျှင် အနည်းဆုံး ၉ နာရီပြည့်အောင် အိပ်စက်အနားယူမယ်….ညစောစောအိပ်ပြီး မနပ်စောသောထမယ်ဆိုရင်….အချိန်ကြာလာတာနဲ့အမျှ….သက်တူရွယ်တူတွေနဲ့ယှဉ်ရင် သိသာစွာနုပျိုလန်းဆန်းနေတာကို တွေ့မြင်ရမှာပါ။
(၂)စိတ်ဖိဆီးမှုများနဲ့ တတ်နိုင်သလောက်ကင်းဝေးအောင်နေပါ။
စိတ်ဖိဆီးမှုလုံးဝမရှိဖို့ ဆိုနာကတော့ တကယ့်ကို မလွယ်ကူပါဘူး။ဘာကြောင့်လဲဆိုတော့….လူတိုင်းလူတိုင်းမှာ အကြောင်းအချက်အမျိုးမျိုးပေါ်မူတည်ပြီး အနည်းနဲ့အများဆိုသလိုရှိနေနိုင်လို့ပါ။သင့်အနေနဲ့ လုပ်နိုင်တာကတော့ မလိုအပ်တဲ့ကိစ္စတွေကြောင့် အဖိစီးမခံပါနဲ့။စိတ်ဖိစီးမှုတွေရှိလာခဲ့ပါက အနားယူခြင်း၊သီချင်းနားထောင်ခြင်း၊အားကစားလုပ်ခြင်း၊တရားထိုင်ခြင်း၊မိမိဝါသနာပါရာတစ်ခုခုလုပ်ဆောင်ခြင်းတို့ဖြင့် ကျော်လွှားနိုင်ပါစေ။
(၃)အသားအရေထိန်းသိမ်းရာမှာ ဓာတုပစ္စည်းများစွာပါဝင်တဲ့ Skincare များထက် သဘာဝအသီးအနှံများကိုအခြေခံပြီးပြုလုပ်ပါ။(ဥပမာ – သဘာဝသစ်သီးများဖြင့် မျက်နှာပေါင်းတင်ခြင်း)
(၄)အသီးအနှံများများစားပေးပါ။
သစ်သီးများမှာ ကြွယ်ဝစွာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း(Antioxidant)များက သင့်ခန္ဓာကိုယ်မှ ဆဲလ်များပျက်စီးဆုံးရှုံးခြင်းကို ကာကွယ်ပေးတာကြောင့် အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးပါတယ်။
(၅)ရေလုံလောက်စွာသောက်သုံးပါ။
ရေဓာတ်ခမ်းခြောက်သူများအနေနဲ့ ပုံမှန်လူများထက် ပိုမိုစောစီးစွာ ရင့်ရော်နိုင်တာကြောင့်ပါ။
(၆)အချိုများသော အစားအစာများ၊အပြင်စာများ တတ်အားသမျှ လျှော့စားပါ။
ဒီလို သကြားဓာတ် အချိုဓာတ်များလွန်းတဲ့ အစားအစာတွေဟာ သင့်ရဲ့နုပျိုမှုတွေကို ပျောက်ဆုံးစေပြီး အလျင်အမြန် အိုမင်းရင့်ရော်စေနိုင်လို့် ရှောငိနိုင်သမျှရှောင်ဖို့ တိုက်တွန်းပါရစေ။
(၇)ပရိုတင်း ခေါ် အသားဓာတ်များများစားပေးပါ။
အသားဓာတ်ကြောင့် အထက်မှာပြောခဲ့တဲ့ အချိုဓာတ်တွေကို လျော့ကျစေပြီး အိုမင်းရင့်ရော်မှုဒဏ်မှ ကာကွယ်ပေးပါတယ်။
(၈)ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
ခန္ဓာကိုယ်သွေးလှည့်ပတ်မှုကောင်းမွန်ပြီး နုပျိုလန်းဆန်းနေစေမှာပါ။
(၉)ကျန်းမာရေးနှငိ့ညီညွတ်သော အဆီများ စားသုံးပါ။
ငါးများများစားခြင်း၊ငါးကြီးဆီသောက်သုံးခြင်း…ငါးနဲ့ငါးကြီးဆီမှာပါဝင်သော အိုမီဂါ 3 …၊ထောပတ်သီး၊အုန်းဆီ၊သံလွင်ဆီတို့မှရတဲ့ အဆီများ…စတာတွေက သင့်အသားအရည်ကို စိုပြေချောမွတ်စေပြီး အရွယ်တင်နုပျိုစေတဲ့အပြင် အထွေထွေကျန်းမာရေးအတွက်လည်း
များစွာအကျိုးပြုမှာ ဖြစ်ပါတယ်။
မေ (ဆေး ၂)
Leave A Comment