ဒူးကျန်းမာ​ရေး အ​လေး​ပေး

ဒူးနာခြင်းသည်​ အသက်​ကြီးသူများကို အစဉ်​ ဒုက္ခ​ပေး​လေ့ရှိ​သော ပြဿနာဖြစ်​သည်​။

သင်​ ဒူးနာ​နေပါသလား

၁။ အ​နေအထိုင်​ အ​ရေးကြိးပါသည်​။

-လှေကားတက်​လျှင်​​ဖြည်းဖြည်းတက်​ပါ။

-အောက်​ မထိုင်​ပါနှင့်​။

-လေးပင်​​သောအရာများ မ,မပါနှင့်​။

၂။ အပူကပ်​​ပေးပါ

ရေ​နွေးအိတ်​၊ ကြပ်​ထုပ်​ စ​သော ပူ​နွေးသည့်​အရာများ ကပ်​​ပေးခြင်းဖြင့်​ ​သွေးလည်​ပတ်​မှု​ကောင်း​စေပါသည်​။ ကြွက်​သားများ ​ပြေ​လျော့သဖြင့်​လည်း အနာသက်​သာ​စေသည်​။

 

၃။ သင့်​တင့်​​သော ​လေ့ကျင့်​ခန်း လုပ်​​ပေးပါ။

ပြင်းထန်​​သော ​လေ့ကျင့်​ခန်းများသည်​ ဒူးနာခြင်းကို ပိုမို ဆိုးရွား​စေသဖြင့်​ ​တော်​သင့်​​သော ​လေ့ကျင့်​ခန်းကိုသာ ​ရွေးချယ်​ပါ။ အ​ကောင်းဆုံးမှာ

၁) မနက်​ထလျှင်​ ကုတင်​​ပေါ်မှ မဆင်း​သေးပဲ ဒူး​ကွေးဒူးဆန့်​ ၁၅ခါ၊ ညအိပ်​လျှင်​လည်း ၁၅ခါလုပ်​​ပေးပါ။

၂) ကြာကြာထိုင်​လျှင်​ ဒူးကို ​အကွေးအဆန့်​ ပြု​ပေးပြီးမှ ထပါ။ ထိုင်​​နေရမည်​ဆိုလျှင်​ ၁နာရီခြားတစ်​ခါ ဒူး​ကွေးဒူးဆန့်​ ပြုလုပ်​​ပေးပါ

၃) ​ခြေဖျားခတ်​​သော ​လေ့ကျင့်​ခန်း လုပ်​​ပေးပါ

၎။ ဒူးစွပ်​ စွပ်​ပါ

ဒူးစွပ်​များသည်​ ပိုမို​ကောင်းမွန်​လာသည်​နှင့်​အမျှ ဒူးနာ​သော​ဝေဒနာကို အများဆုံးပံ့ပိုးလာနိုင်​ကြသည်​ကို ​တွေ့ရသည်​။

၅။ အကိုက်​အခဲ​ပျောက်​​​ဆေး ပါသော ​ဆေးလိမ်းပါ၊ ပလာစတာကပ်​ပါ။

သောက်​​ဆေး၊ ထိုး​ဆေးသည်​ အလွန်​နာကျင်​လာ​သောအခါ သက်​သာ​သော်​လည်း ရက်​ရှည်​လများ မှီဝဲခြင်းကို ​ရှောင်​ကြဉ်​သင့်​ပါသည်​။