သကြန်တွင်း ဥပုသ်စောင့်မယ့် လူကြီးသူမတွေအတွက် tips
မကြာမီ သကြန်တွင်း ကလည်း ရောက်လာတော့မယ်..တချို့လူငယ်တွေက မန်းဒပ်ထိုင်တာ… ရေပက်ခံထွက်တာ.. ခရီးသွားကြတာမျိုးတွေ ရှိကြသလို…တချို့ကျတော့လည်း အိမ်မှာ နားနားနေနေ နားကြတာမျိုးရှိပါတယ်….
လူကြီးအများစုကတော့ တရားစခန်းဝင်တာ…. ဥပုသ်စောင့်တာမျိုးလုပ်ကြပါတယ်….
ဒီတော့ ဒီ သကြန်တွင်းမှာ ဥပုသ်သီလ ဆောက်တည်ကြမယ့် လူကြီးတွေအတွက် ကျန်းမာရေးနဲ့ဆိုင်တဲ့ tip လေးတွေ ကို မျှဝေပေးလိုက်ပါတယ်….

(1) နေပူဒဏ်ကို သတိထားကာကွယ်ပါ
April ဆိုတာ…. မြန်မာပြည်ရဲ့ အပူဆုံးလဖြစ်ပါတယ်… နေပူဒဏ်ပြင်းလွန်းတဲ့အတွက် ဘုန်းကြီးကျောင်းသွားတာပဲ ဖြစ်ဖြစ်… အပြင်ထွက်တာပဲ ဖြစ်ဖြစ် နေရောင်ခြည်ကို ကာကွယ်ဖို့လိုပါတယ်…. ထီးကိုမဖြစ်မနေဆောင်သွားပါ…. နေမပြင်းတဲ့အချိန်မျိုးမှာပဲ အပြင်ထွက်ပါ… နေ့လည် ဆယ့်တစ် နာရီခွဲလောက်ကနေ ညနေသုံးနာရီလောက်အတွင်း အပြင်ထွက်တာကို တန်နိုင်သမျှရှောင်ပါ…..
အရိပ်ရတဲ့နေရာမျိုးမှာ နားနားနေနေ နေပါ…..

(2) သီးစုံ ဓာတ်ဆားရည်သောက်ပါ
နေပူလွန်းတဲ့အခါ ခန္ဓာကိုယ်က တုန့်ပြန်မှူအနေနဲ့ ချွေးပိုထွက်ပေးပါတယ်…. ထွက်သွားတဲ့ ချွေးတွေထဲမှာ ရေနဲ့ဓာတ်ဆားတွေ ဆုံးရှူံးနိုင်တဲ့အတွက်….သီးစုံဓာတ်ဆားအချိုရည်တွေကို မကြာမကြာသောက်ပေးသင့်ပါတယ်…

(3) ညအချိန်မှာလဲ အချိုရည်သောက်ပါ
ဥပုသ်စောင့်နေတဲ့အတွက် ညစာကို အပြည့်အဝ စားလို့မရပေမယ့်…. သွေးအချိုဓာတ်ကျတာတို့… မူးမော်တာတို့ မဖြစ်ရလေအောင် ညစာကိုလုံးဝမစားတာထက်စာရင်….. အချိုရည်ဖြစ်ဖြစ်…. လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်ဖြစ်ဖြစ် သောက်ပေးသင့်ပါတယ်…. ဥပုသ်လဲမကျိုးပျက်သလို အစာအိမ်နာတွေ… မူးမော်တာ….သွေးပေါင်ကျတာမျိုးတွေကို မဖြသ်အောင် ကာကွယ် ပေးနိုင်မှာပါ….

(4) ရေစို အဝတ်တွေကို ချက်ချင်းလဲပါ
ဥပုသ်သည်ဆိုပေမယ့်…. အချိန်အခါက..သကြန်တွင်းဖြစ်တဲ့အတွက်…. ဘုန်းကြီးကျောင်းကို အသွားအပြန်မှာ တချို့ကလေးတွေက ရေပက်တာ မတော်တဆခံရနိုင်ပါသေးတယ်… နေပူပူနဲ့ ရေအေးနဲ့ထိတွေ့တဲ့အခါ လူငယ်တွေအတွက်က သိပ်ပြသနာမရှိနိုင်ပေမယ့်… လူကြီးတွေအတွက်ကျတော့ ပူလိုက်အေးလိုက်အနေအထားဟာ ကျန်းမာရေးအတွက် မသင့်လျော်လှပါဘူး…. ဒါကြောင့် ကျောင်းသွားတဲ့အခါ ဝတ်စုံအပိုတစ်စုံထည့်သွားတာ ကောင်းပါတယ်…. မတော်တဆ ရေစိုတဲ့အခါ လဲလှယ်ဖို့ အဆင်ပြေနိုင်ပါတယ်…

(5) သွေးပေါင်ချိန်ကို ဂရုစိုက်ပါ
လူကြီးသူမတွေနဲ့ တွဲတတ်တဲ့ရောဂါတစ်မျိုးကတော့… သွေးတိုးရောဂါပါပဲ…. ကိုယ်ဟာ နဂိုကတည်းက သွေးမကြာမကြာတိုးတတ်သူဆိုရင် နေ့စဉ်သောက်နေကြ သွေးပေါင်ကျဆေးတွေကို ဂရုစိုက်ပြီးသောက်ပါ… အိမ်မှာဖြစ်ဖြစ်… နီးစပ်ရာဆေးခန်းမှာဖြစ်ဖြစ် သွေးပေါင်မကြာခဏချိန်ပေးသင့်ပါတယ်… ဘာလို့လဲဆိုတော့ နွေရာသီ အပူရှိန်ပြင်းတဲ့အချိန်မျိုးမှာ လေဖြတ်လေဖြန်းတာ… သွေးပေါင်ချိန်တက်တာမျိုး ပိုဖြစ်နိုင်လို့ပါပဲ….

(6) ပွပွချောင်ချောင် အဝတ်အစား တွေ ဝတ်ပါ
‌အဝတ်အစား ကြပ်ကြပ်တွေဟာ… ချွေးထွက်တဲ့အခါ မကောင်းသလို… နေရထိုင်ရလဲ ကြပ်စေမှာပါ… အဲဒီအစား ပွပွချောင်ချောင် ချည်ထည် အဝတ်အစားတွေက ပိုသင့်လျော်မှာပါ….

‌မေတ္တာဖြင့်
‌Dr. စိမ်းမိုးစက်