ဦးနှောက်စွမ်းရည် ထက်မြက်စေဖို့

လူတွေဟာ အသက်ကြီးလာတာနဲ့အမျှ မှတ်ဉာဏ်စွမ်းအားတွေ လျော့ကျလာပြီး ဦးနှောက်လုပ်ငန်းစဉ်တွေ ကမောက်ကမဖြစ်လာနိုင်ကြပေသည်။ သို့ကြောင့် လူငယ်များသည် ဉာဏ်ထက်မြက်လိုကြပြီး လူကြီးများအနေဖြင့် မှတ်ဉာဏ်ကို ထိန်းသိမ်းနိုင်စွမ်း ရှိနေသည်ကို အလိုရှိကြမည်မှာ မလွဲမသေပင်။ ထိုသို့ ဦးနှောက်၏ လုပ်ဆောင်နိုင်စွမ်းထက်မြက်စေဖို့

၁။ ဦးနှောက်ကို လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။
ဥပမာ- မှတ်ဉာဏ်ထက်မြက်စေသောဂိမ်း၊ ကစားနည်းများကို ပြုလုပ်ပေးပါ။ ညာသန်ဖြစ်ပါက ဘယ်လက်ဖြင့်၊ ဘယ်သန်ဖြစ်ပါက ညာလက်ဖြင့် နေ့စဉ်ကိစ္စဓူဝလေးများ ဆောင်ရွက်ခြင်းကလည်း ဦးနှောက်ကို အလုပ်ပေးရာရောက်၍ ပြုလုပ်ပေးပါ။

၂။ နေ့စဉ်တက်ကြွစွာ နေထိုင်ရုံမက အပြောင်းအလဲလေးတွေလုပ်ပေးပါ။
ဥပမာ။ မလုပ်တာကြာပြီဖြစ်သော အားကစားတစ်မျိုးမျိုးပြုလုပ်ပေးခြင်း၊ မိမိကိုယ်ကို ပြိုင်ပွဲတစ်ခုပြုလုပ်ပေးခြင်း စသည်။

၃။ ဦးနှောက်အတွက် ကောင်းမွန်တဲ့ အာဟာရတွေ စားပါ။
-ဦးနှောက်အတွက် အဓိက လိုအပ်တာက ဗီတာမင် ဘီ အုပ်စု၊ ဗီတာမင် စီ၊ ကယ်လ်စီယမ်နဲ့ ဇင့် တို့ဖြစ်ကြပြီး အိုမီဂါ ၃ ဖက်တီးအက်ဆစ်၊ ကိုလင်း၊ ဒီအိတ်ခ်ျအေ၊ အီပီအေ၊ အင်နိုဆစ်တော တို့ကလည်း ဦးနှောက်အတွက် ကောင်းမွန်တဲ့အာဟာရတွေဖြစ်ကြပါတယ်။
-ထို့ကြောင့် ငါးကြီးဆီ အပါအဝင် ငါးများများစားပေးခြင်း၊ ဟင်းသီးဟင်းရွက်ဖြင့် ပြုလုပ်ထားသော အစားအစာများစားသုံးခြင်း၊ ဟင်းပြင်ဆင်ရာတွင် သံလွင်ဆီ သုံးပေးခြင်း စတာတွေကို ကျင့်သုံးပေးသင့်ပါတယ်။

၎။ အသစ်တွေကို လေ့လာပါ။
ဥပမာ။ ဘာသာစကား အသစ်တစ်မျိုးမျိုး၊ တူရိယာ တစ်ခုခု တီးခတ်တာမျိုး သင်ယူကြည့်ပါ။ ကဗျာတွေ ရွတ်ဖတ်မှတ်သားနေခြင်းဖြစ်ဖြစ် ပြုလုပ်ပေးပါက ဦးနှောက်ကို လန်းဆန်းနေစေပြီး ပိုမိုမှတ်ဉာဏ်ကောင်းမွန်စေပါတယ်။

၅။ ပါဝင်ကူညီပေးပါ။
ပတ်ဝန်းကျင်ရှိ ကုသိုလ်ရေး၊ အကူအညီများတွင် စေတနာဝန်ထမ်း လုပ်ပေးပါ။ ထိုအလုပ်တွေဟာ ဦးနှောက်စွမ်းရည်မက မိမိကိုယ်ကို တန်ဖိုးထားမှုကိုပါ မြင့်တက်စေပါတယ်။.

၆။ ပေါင်းသင်းဆက်ဆံပါ။

ဤနည်းတွေဟာ ဦးနှောက်အတွက် အားဆေးတစ်မျှကောင်းမွန်တဲ့ ဗီတာမင် နည်းလမ်းတွေပါ။ ဒီနည်းလမ်းတွေနဲ့ ထက်မြက်တဲ့ ဦးနှောက်စွမ်းရည် ပိုင်ဆိုင်သူများ ဖြစ်ကြစေဟု ရည်သန်ရင်း
ရီချို(ဆေး ၁)