ဖိုမကိစ္စ ​ရှောင်​ရှားသင့်​တဲ့ အ​ခြေအ​​နေနှင့်​ အချိ​န်​အခါများ

“အ​ခြေအ​နေ” “အချိန်​အခါ “.. လူ​ပြောများတဲ့ စကားလုံး​တွေရယ်​ပါ… သို့​သော်​ အ​ခြေအ​နေနဲ့ မကိုက်​ညီပဲ (သို့) အချိန်​အခါ ကို မတွက်​ဆပဲ ပြုလုပ်​လိုက်​တဲ့ အရာတစ်​ခုရဲ့​နောက်​မှာ အကျိုးဆက်​​တွေ ဖြစ်​လာတတ်​ပါတယ်​… ဆို​တော့ … သဘာဝ တရားကြီး​ကြောင့်​ လူသား​တွေ သံဝါသ မှု ပြုကြ​ပေမယ့်​.. တခါတရံမှာ ​ရှောင်​သင့်​တဲ့အ​ခြေအ​​နေနဲ့ အချိန်​ ဆိုတာ ရှိပါတယ်​…

ဘာ​တွေပါလိမ့်​… ?

– အမျိုးသမီးတစ်​​ယောက်​ မီးဖွားပြီး​နောက်​ပိုင်း ​လေးပတ်​က​နေ ​ခြောက်​ပတ်​ထိ ​ယောက်ျားနဲ့ အတူမ​နေသင့်​​သေးပါ…​မွေးဖွားပြီးချိန်​မှာ သင့်​ရဲ့ ခန္ဓာကိုယ်​ကိုအားပြန်​ပြည့်​ဖို့. အနာချုပ်​ရိုး ပြန်​​ကောင်းဖို့ရာ အချိန်​တစ်​ခု လိုအပ်​ပါတယ်​.. ဒါပြင်​ ​ အရည်​ဆင်း​နေ​ခြင်း… ချုပ်​ရိုးမှ အနည်းငယ်​ နာ​နေ​ခြင်း၊ မိန်းမကိုယ်​ ​ခြောက်​​သွေ့ခြင်း​တွေနဲ့ လိင်​မှုကိစ္စ​ပေါ်စိတ်​ဝင်​စားမှု ​လျော့​နေတဲ့ အချိန်​​တွေ ကြုံရနိုင်​ပါတယ်​… ဒီလိုချိန်​မျိုးမှာ sex ကိစ္စကို ​ရှောင်​သင့်​ပါတယ်​..

– သင်​ဟာ ခွဲစိတ်​မှု ပြုလုပ်​ထားသူ ဖြစ်​ပါက…

ခွဲစိတ်​မှုဟာ အ​သေးစားခွဲစိတ်​မှုလား ၊ ဒါ့ပြင်​ ခွဲစိတ်​မှု ပြုလုပ်​ထားတဲ့​နေရာဟာ ခန္ဓာကိုယ်​ရဲ့ မည်သည့်​အစိတ်​အပိုင်းလဲ.. ဒါ​တွေ ​ပေါ်မူတည်​ပါတယ်​…
ဥပမာ – သင်​ဟာ အ​သေးစား ခွဲစိတ်​မှု လုပ်​ထားတယ်​ဆိုပါက…အနာကျက်​ဖို့ အနည်းငယ်​မြန်​နိုင်​ပါတယ်​ သို့​သော်​ အနာကျက်​ဖို့ ​စောင့်​​နေချိန်​တွင်းမှာ ​ရှောင်​သင့်​ပါတယ်

– သင်ဟာ ကိုယ်​ဝန်​ပျက်​ကျပြီး သားအိမ်​ခြစ်​ထားရသူ ဖြစ်​ပါက အနည်းဆုံး နှစ်​ပတ်​ သုံးပတ်​ ​ရှောင့်​သင့်​ပါတယ်

– သင်​ဟာ အူကျခြင်းကို ခွဲစိတ်​ထားသူ၊ ဆီးကျိတ်​ခွဲစိတ်​ထားသူ၊ သားအိမ်​ကျွံကျခြင်းကို ခွဲစိတ်​ထားသူ ဖြစ်​ပါက ပြန်​လည်​​ကောင်းမွန်​ဖို့ ​စောင့်​သင့်​ပါတယ်​.. ဒီချိန်​မျိုးမှာ ​ရှောင်​သင့်​ပါတယ်​…

သင့်​ဆီမှာ လိင်​မှ တဆင့်​ ကူးဆက်​တတ်​​သော ​ရောဂါ ရှိ​နေပါက…

HIV ၊ HPV၊ အသည်း​ရောင်​ အသားဝါ ဘီ၊ လိင်​အင်္ဂါကြွက်​နို့ အပြင်​ တချို့ ​ရောဂါများဟာ လိင်​ဆက်​ဆံခြင်းမှ တဆင့်​ ကူးစက်​နိုင်​ကြပါတယ်​… မိမိမှာ ဒီလို လိင်​မှ တဆင့်​ ကူးစက်​နိုင်​တဲ့ ​ရောဂါ ရှိ​နေခဲ့ပါက (သို့) ရှိ​နေ​ကြောင်း သံသယ ရှိပါက ​ဆေးစစ်​မှု ပြုလုပ်​ပါ.. ကုသမှု ခံယူပါ..

ဒီလို ကူးစက်​​ရောဂါ ခံစား​နေရပါက မိမိဆက်​ဆံ​ဖော်​ကို ဖွင့်​​ပြောခြင်း မ​ပြောခြင်းဟာ မိမိအ​ပေါ်မှာ မူတည်​ပါတယ်​.. သို့​သော်​ ဆက်​ဆံချိန်​တွင်​ အကာအကွယ်​ သုံးသင့်​ပါတယ်

သင့်​ဆီမှာ ကူးစက်​​ရောဂါ ရှိ​နေ​သော်​လည်း သင်​သာ သာမန်​လူ​တစ်​​ယောက်​ကဲ့သို့ relationship တစ်​ခု တည်​​ဆောက်​နိုင်ပါတယ်​… လုံခြုံစိတ်​ချရတဲ့ လိင်​ဆက်​ဆံမှုကို ​သေချာ ​လေ့လာပြီး တခြားသူကို မကူးစက်​​အောင်​ ကာကွယ်​နိုင်​ပါတယ်​…ဆရာဝန်​နှင့်​​သေချာပြသပြီး ​ရောဂါလက္ခဏာများ နည်းပါး​အောင်​ ကုသနိုင်​ပါတယ်​…

ဒါ​ကြောင့်​ သင်​ (သို့) သင့်​ဆက်​ဆံ​ဖော်​မှာ ကူးစက်​​ရောဂါ ရှိ​နေပါက မည်​သို့​သော​ရောဂါ ဖြစ်​ပါသလဲ ၊ ​သေချာ​အောင်​ ​ဆေးစစ်​ခြင်း၊ ကုသခြင်း​တွေ ပြုလုပ်​ရပါမယ်

ဒီလို အချိန်​မျိုးမှာ သင်​ဟာ sex ကိစ္စကို မ​ရှောင်​နိုင်​ပါက အကာအကွယ်​ကို မှန်​ကန်​စွာ အသုံးပြုတတ်​ဖို့ လိုအပ်​ပါတယ်​…

မိမိရဲ့ ကျန်းမာ​ရေး​ကောင်းမွန်​မှသာ အခြား​သောအရာ​တွေကို မှန်​ကန်​စွာနှင့်​ ​အောင်​မြင်​​အောင်​ ပြုလုပ်​နိုင်​မှာမို့… စိတ်​ဆန္ဒတစ်​ခု​ကြောင့်​ အမှားတစ်​ခု မပြုမိဖို့ရာ သတိချက်​သင့်​​ကြောင့်​ တိုက်​တွန်းရင်း…..

လူသားတိုင်း ​ပျော်​ရွှင်​ လှပတဲ့ အနာဂတ်​ကို ပိုင်​ဆိုင်​ကြပါ​စေလို့ ဆု​တောင်း​မေတ္တာပြုလျက်

ပိုင်​နီ​မောင်