ချစ်တင်းနှောပြီးကာစ အမျိုးသားတို့ပြုလုပ်သင့်သောအချက်လေးများ

ချစ်တင်းနှောတယ်ဆိုတာဟာ ခံစားချက်ကိုလိုက်ရင်း နှစ်ကိုယ်တူပျော်ရွှင်မှုကို ရှာဖွေကာခရီးဆက်ရတဲ့ လုပ်ဆောင်မှုတစ်ခုပါပဲ။ အမျိုးသားကလည်း အမျိုးသမီးအတွက်ကျေနပ်မှုရှိအောင် အမျိုးသမီးကလည်းအမျိုးသားအတွက် အကောင်းဆုံးဖြစ်အောင် နားလည်မှုတွေပေးမှ သာယာတဲ့အိမ်ထောင်မှုတစ်ခုဖြစ်လာမှာပါ။ ဒီတစ်ခါမှာတော့ ချစ်တင်းနှောပြီးကာစ အမျိုးသားတို့ပြုလုပ်သင့်သောအချက်လေးများကို တင်ပြပေးလိုက်ပါတယ်။

၁။ သန့်ရှင်းစွာဆေးကြောပါ။ လိင်ဆက်ဆံပြီးတဲ့အခါမှာကိုယ့်ရဲ့အင်္ဂါကို ပြန်လည်သန့်ရှင်းပေးပါ။

၂။ ဆီးသွားပေးပါ။ လိင်ဆက်ဆံပြီတိုင်းမှာ ဆီးသွားပြီးသန့်ရှင်းလိုက်ခြင်းဟာ နောက်တစ်ခါ ထပ်ပြီးဆက်ဆံတဲ့အခါ သင့်ရဲ့လက်တွဲဖော်ကိုဆီးပိုးမဝင်အောင် အထိုက်အလျောက်ကာကွယ်ပေးနိုင်ပါတယ်။

၃။ အတူတကွရေချိုးပါ။ ဒီအလေ့အကျင့်ဟာ တစ်ဦးနဲ့တစ်ဦး ပိုမိုပြီးသံယောဇဉ်ရှိလာစေမယ့်အတွက် မေတ္တာတွေခိုင်မြဲလာမယ့်သော့ချက်တစ်ခုပဲဖြစ်ပါတယ်။

၄။ အသုံးပြုပြီးသာအကာအကွယ်များကို စနစ်တကျစွန့်ပစ်ပါ။ အသုံးပြုပြီးသား ကွန်ဒုံးနှင့်အိတ်ခွံများကို တစ်ရှူးနှင့်အုပ်ကာ အမှိုက်ခြင်းမှာစွန့်ပစ်ပါ။ မိမိအမှုမိမိပြန်သိမ်းဆည်းခြင်းသည် လေးစားမှုကိုဖော်ပြခြင်းတစ်မျိုးပဲဖြစ်ပါတယ်။

၅။ စားပါ။ လိင်ဆက်ဆံပြီးချိန်မှာဗိုက်ဆာတတ်ကြပါတယ်။ မိမိနှစ်သက်ရာစားသောက်လိုက်ခြင်းအားဖြင့် နောက်တစ်ကြိမ်းအတူနေရန်အတွက် အနည်းနဲ့အများ အားပြန်ဖြစ်စေပါတယ်။

၆။ သင့်ရဲ့ဆန္ဒပြီးမြောက်သွားရင်တောင် သင့်အဖော်အတွက်ကြိုးစားပေးပါ။ ကိုယ်ကျေနပ်မှုရသလို သူ့ကိုလည်းပျော်ရွှင်မှုပေးနိုင်ပါစေ။

၇။ ပွေ့ဖက်ပေးပါ။ ကိစ္စပြီးသွားတဲ့အခါမှာ ခြေပစ်လက်ပစ်အိပ်ချပစ်လိုက်တာ၊ အပြင်ထွက်ပြီးဆေးလိပ်သောက်လိုက်တာ၊ သူ့ကိုတစ်ယောက်တည်းထားခဲ့တာဟာ အားငယ်မှုကိုဖြစ်စေပါတယ်။ အားလုံးပြီးတဲ့အခါအတူတကွပွေ့ဖက်ထားပေးခြင်းဟာ သံယောဇဉ်ပိုတိုးစေမှာပါ။

၈။ အတွေ့အကြုံအပေါ်မှာအဆင်ပြေရဲ့လားမေးပါ။ ကျေနပ်မှုရှိသူဟာ အမေးခံရတဲ့အခါပိုကျေနပ်သွားပါတယ်။ လိုအပ်မှုရှိသူဟာ အမေးခံရတဲ့အခါ သူ့ဆန္ဒကိုဖွင့်ပြောပြပါလိမ့်မယ်။

သာယာသော ဘဝနှစ်ခုအဖြစ်တည်ဆေယက်နိုင်ကြပါစေ။

မေတ္တာဖြင့်
စိုင်းမြတ်သူ