သွားတိုက်တံတစ်ချောင်းရဲ့သက်တမ်း

မြန်မာနိုင်ငံမှာ သွားတိုက်တံတစ်ချောင်းကို ဘယ်လောက်ကြာကြာသုံးရမလဲ မေးကြည့်ရင်.. ပရိသတ်ကြီး အယောက်တစ်ရာရဲ့ အဖြေ…က မဖွာမချင်း ဖြစ်ကြပါလိမ့်မယ်..

တကယ်ပဲ အများစုက သွားတိုက်တံတစ်ချောင်းဆို မဖွာမချင်းသုံးနေကြတာပါ.. ဒါဟာ မှားပါတယ်

သွားတိုက်တံတစ်ချောင်းကို သုံးလထက် ပိုမသုံးသင့်ပါဘူး ဘာကြောင့်ပါလဲ.. သွားတိုက်တံတစ်ချောင်းဟာ သုံးလထက်ပိုရင် သွားတိုက်တံထဲမှာ ဘက်တီးရီးယားပိုးတွေအများအပြား ပေါက်ဖွားနေလေ့ရှိကြပြီး သူတို့ဟာ ခံတွင်းကို ဒုက္ခပေးတတ်ကြပါတယ်..သွားဖုံးရောင်တာတွေဟာလဲ သူတို့လက်ချက်နဲ့မကင်းပါဘူး…

ဆိုတော့ လူတိုင်း လူတိုင်းဟာ သွားနှင့်ခံတွင်းကျန်းမာရေးကို အမှန်တကယ် ဂရုစိုက်စောင့်ရှောက်မယ်ဆိုရင် နေ့စဉ်အသုံးပြုနေကျ သွားတိုက်တံကို သုံးလတစ်ကြိမ် လဲလှယ် အသုံးပြုသင့်ကြောင်းပါ ခင်ဗျား…

မေတ္တာဖြင့်

သုဈာန်