စိတ်ဖိဆီးမှုများကြောင့် ခေါင်းကိုက်တဲ့အခါ

မွန်းလွဲတစ်နာရီထိုးချိန်၏ နေ့အပူဒဏ်အောက်ဝယ် ပျားပန်းခတ်မျှ လှုပ်ရှားနေသောလူများ၊လမ်းများကိုကုမ္မဏီရုံးခန်းအတွင်းမှငေး ကြည့်ပြီး ခိုင်တစ်ယောက်စိတ်ပိုညစ်ညူးလာသည်။ ဒီနေ့က ခိုင့်အတွက်တော့ တွတ်ပီကံမကောင်းပါလား အော်ရသည့်နေ့။ များပြားလှသောတစ်လစာ အရောင်းအဝယ်စာရင်းများကြားမှ အရေးကြီးသောငွေပေးငွေယူဘောက်ချာတစ်ရွက်စာရင်းပျောက်နေသောကြောင့်ကွန်ပြူတာမှတ်တမ်းအားလုံးပြန်ဖွင့်ကာ ဒေါင်းတောက်အောင်ရှာနေရသည်။ အထက်လူကြီး၏အငြိုအငြင်မခံရအောင် ကြိုးစားရှာရသော်လည်း မနေ့က ညဘက်အိပ်ယာဝင်နောက်ကျသဖြင့် အုံခဲနေသောခေါင်းက သံရိုက်သကဲ့သို့ စည်းချက်ညီညီထိုးကိုက်နေဆဲ။ သည်ကြားထဲ ညနေကုန်ပစ္စည်းသင်္ဘောဆိုက်ရောက်မည်ဆိုသဖြင့် သယ်ယူပို့ဆောင်ရေးအပိုင်းကို အချိန်ကိုက်အောင်ညှိရသေးသည်။ အခုတော့ လုပ်လက်စတွေခဏနား၊ ဟာနေသောဗိုက်ကိုဖြည့်ဖို့ ထမင်းချိုင့်ကိုဖွင့်ပြီ။

img

“မမရေ ခိုင်ထမင်းစားတော့မယ်။ မမ စားပြီးပြီလား။”

အမြဲတမ်းထမင်းတူတူစားနေကျအဖော်ဖြစ်သော စီမံဘက်ပိုင်းမှအစ်မကို ဖိတ်ခေါ်လိုက်သည်။

“အေး ညီမလေး။ မမဆာလို့စားနှင့်လိုက်ပြီ။ ညီမလေးအလုပ်ရှုပ်နေတာတွေ့လို့မခေါ်တော့တာ။ မမချိုင့်ထဲမှာ ညီမလေးဖို့ တညင်းသီးချန်ထားတယ် ယူစားလိုက်နော်။”

ခိုင်အနည်းငယ်ပျော်သွားသည်။ တစ်ယောက်တည်းစားရတော့မယ်ဆိုပေမယ့် သူမအရမ်းကြိုက်သည့်တညင်းသီးကို မမက သတိတရချန်ပေးထားသည်။ ငပိရည်ဖျော်တညင်းသီးအတို့နှင့်ဆာနေသောဝမ်းဗိုက်တို့၏ သဟဇာတဖြစ်မှုကြောင့် ထမင်းတစ်ချိုင့်သည်ဆယ်မိနစ်အတွင်းပြိုက်ကနဲကုန်သွားတော့သည်သာ။

ထမင်းစားပြီးတော့ ခိုင်မနားနိုင်။ ရှာမတွေ့သေးသောမှတ်တမ်းက အနှောက်အယှက်ပေးနေဆဲ။ နာရီဝက်လောက်ကြာလာတော့ ကွန်ပြူတာကိုဆက်မကြည့်နိုင်တော့။ ခေါင်းကလည်းတအားကိုက်၊ တညင်းသီးဖီလင်နဲ့ မျက်ခွံတွေလည်းတအားလေးနေပြီ။ဘေးက အမတစ်ယောက်ရဲ့ ကွန်ပျူတာစာရိုက်သံက ခေါင်းကို စည်းချက်ညီညီထိုးဆွနေသကဲ့သို့….။မရတော့ဘူး….။နားထင်နားက တဒုတ်ဒုတ်နဲ့ ကြာရင် ခေါင်းပေါက်ထွက်တော့မလို…..နေလို့ထိုင်လို့မရအောင် ခေါင်းတွေထိုးကိုက်နေပြီ….

img3

” အား… အမရေ ”

” ဟင်…ခိုင်….ဘာဖြစ်လို့လဲ? နေမကောင်းဘူးလား? ”

“မဖြူရေ….ခိုင့်ခေါင်းတွေ တအားထိုးကိုက်နေတာ…ပေါက်ထွက်တော့မလိုပဲ ”

“ဟယ်…နေ့လည်က ငါးပိရည်နဲ့တညင်းသီးတွေစားလိုက်လို့နေမယ် ”

“အင်း…ဖြစ်တာတော့ မနက်တည်းကဖြစ်နေတာ…ညကအိပ်ရေးမဝတာရော….ဘောက်ချာတစ်ရွက်ပျောက်တာရှာနေရလို့ခေါင်းခဲတာရော…၊ တညင်းသီးနဲ့ ငါးပိရည်ပါစားလိုက်မိလို့ထင်တယ်…ပိုဆိုးလာတာ..အား ကျွတ် ကျွတ် ”

“ရော့… ရော့…ဒီ ဘိုင်အိုဂျက်ဆစ် (Biogesic) လေးတစ်လုံးသောက်ပြီး ခဏနားနေလိုက်။ဘောက်ချာ မဖြူရှာပေးထားမယ်။ကျန်တဲ့အလုပ်တွေက သက်သာမှပဲ ဆက်လုပ်။ကျန်းမာရေးက အရေးကြီးတယ်။ရော့ ဒီမယ်…ရေ”

img4

နာရီဝက်လောက်ကြာတော့ ခိုင် ခေါင်းပြန်ကြည်လာသည်။ သိပ်မကြာခင်ပဲ လိုအပ်သည့်မှတ်တမ်းကို ရှာတွေ့သွားသည်။ ညနေရုံးဆင်းတော့ ခိုင် ခေါင်းကြည်ကြည်လင်လင်ဖြင့် ပျော်ရွှင်စွာအိမ်ပြန်လာရင်း ဒီနေ့
ရုံးမှာ အလုပ်ကို အဆင် ပြေစွာ ပြီးမြောက်သွားသည့်အတွက်ကိုယ့်ကိုယ်ကိုလည်း ကျေနပ်နေမိသည်။ ခေါင်းကိုက်လို့ ဘိုင်အိုဂျက်ဆစ် တိုက်သည့် အမကိုလည်း ကျေးဇူးတင်နေမိသည်။

မေတ္တာဖြင့်

ဒေါက်တာ စိုင်းမြတ်သူ

img2