ကလေးငယ်ဖျားလို့ ဂြိုလ်တုတောင့်ထည့်မယ်ဆိုရင်

အခုဆိုမိုးတွင်းရောက်လို့ ကလေးငယ်တွေအဖျားအနာများလာကြပြီဖြစ်ပါတယ်။ ဒီအခါမှာ ကလေးတွေကို ဆေးခန်းပြသူပြ၊ အိမ်မှာပဲကုသူကုနဲ့ ပါရာစီတမောကိုရွေးချယ်တိုက်ကြတဲ့သူတွေကအများဆုံးပါပဲ။ ပါရာစီတမောကို ပါးစပ်ကနေ အရည်အခဲနဲ့တိုက်ကြတဲ့အပြင် ကလေးရဲ့စအိုဝမှတဆင့် ဂြိုလ်တုတောင့်ထည့်ပြီးအဖျားသက်သာအောင်လည်း လုပ်ကြပါတယ်။ ဒီနေရာမှာ ပါးစပ်မှတိုက်ကျွေးခြင်းနဲ့ စအိုဝမှဂြိုလ်တုထည့်ခြင်း ဘယ်အရာကပိုကောင်းသလဲ နှိုင်းယှဉ်ကြည့်ကြရအောင်နော်။

လူအများစုထင်ထားကြမှာကတော့ စအိုမှ ပါရာစီတမောဂြိုလ်တုတောင့်ထည့်ခြင်းဟာ ပါးစပ်မှတိုက်ခြင်းထက်ပိုစွမ်းတယ်၊ အဖျားမြန်မြန်ကျတယ်လို့မှတ်ယူနေကြပါတယ်။ ဒါဟာ အမှန်တကယ်ဟုတ်မဟုတ်ကို အစ္စရေးနိုင်ငံ ဟယ်မတ်ဆေးပညာဌာနမှ ဒေါက်တာဂိုးစတိန်းဦးဆောင်တဲ့အဖွဲ့က သုတေသနပြုလုပ်လိုက်တဲ့အခါ ပါးစပ်မှ ပါရာစီတမောတိုက်ကျွေးခြင်းနဲ့ စအိုမှပါရာဂြိုလ်တုတောင့်ထည့်ခြင်းဟာ အဖျားကျစေတဲ့ အစွမ်းသတ္တိရော၊ အဖျားကျချိန်ရောမှာ အတူတူပဲဖြစ်ပါတယ်ဆိုတဲ့ အဖြေထွက်ရှိလာပါတယ်။

ဒါဆိုဂြိုလ်တုထည့်တာဟာ ပါးစပ်မှတိုက်တာနဲ့အတူတူပဲလား? ဘာတွေပိုကောင်းလဲ။ ဘာတွေဆိုးကျိုးရှိမလဲ?

ပါရာဂြိုလ်တုတောင့်ကို ကလေးများဆေးတိုက်ရခက်ခဲတဲ့အခါမှာ ဆေးအချိန်အဆမမှန်ခြင်းဖြစ်သွားမှာစိုးတဲ့အတွက်အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် အရမ်းအန်နေတဲ့ကလေးငယ်တွေပါးစပ်ကနေဆေးတိုက်လို့မဝင်တဲ့အခါ အသုံးပြုနိုင်ပါတယ်။ သူ့ရဲ့ဆိုးကျိုးအနေနဲ့ကတော့ ပါးစပ်ကတိုက်ခြင်းထက် ကလေးငယ်များခံရနည်းနည်းခက်ပါမယ်။ ရုန်းကန်ငိုယိုနေနိုင်ပါတယ်။ အဖျားကျဆင်းစေနိုင်ခြင်းအစွမ်းက အတူတူပဲဖြစ်တဲ့အတွက် ကလေးငယ်ရဲ့အခြေအနေပေါ်မူတည်ပြီး အဆင်ပြေရာလမ်းကြောင်းကနေသာ ပါရာစီတမောကိုပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

ဒီနေရာမှာ ဖြည့်စွက်ပြီးပြောချင်တာလေးတစ်ခုကတော့ ဖျားနာနေတဲ့ ကလေးငယ်နုနုနယ်နယ်ကို တင်ပါးဆေးထိုးပြီးအဖျားကျအောင်ပြုလုပ်ခြင်းကိုရှောင်ကျဉ်ဖို့ပါပဲ။ ကလေးသည်လူကြီးနဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံအနည်းငယ်ကွာပါတယ်။ ကလေးသည် လူကြီးအသေးစားမဟုတ်ပါ။ ကလေးငယ်ရဲ့တင်ပါးဟာ သေးငယ်လွန်းတဲ့အတွက်အခန့်မသင့်တဲ့အခါ ခန္ဓာကိုယ်အောက်ပိုင်းအာရုံကြောမကြီးပေါ်မှာ ဆေးထိုးမိလိုက်မယ်ဆိုရင် ဘဝတစ်လျှောက်လုံး အောက်ပိုင်းသေသွားခြင်း၊ ခြေတစ်ဖက်မသန်ခြင်းတို့ဖြစ်ပြီး ဒုက္ခိတဘဝရောက်သွားနိုင်တဲ့အတွက် မိမိကလေးဖျားတဲ့အခါ တင်ပါးကိုဆေးထိုးမခံကြပါနဲ့။ အကြောမထိအောင်ထိုးပေးမယ်လို့ ဘယ်လောက်ပြောပြော လုံးဝ ငြင်းဆိုကြပါ။ အသက် ၁၂အောက်ကလေးများအတွက်ကတော့ ပါးစပ်မှတိုက်ခြင်းနဲ့ ဂြိုလ်တုထည့်ခြင်းကသာ အန္တရာယ်အကင်းဆုံးဖြစ်ပါတယ်လို့ တင်ပြရင်း။

မေတ္တာဖြင့်

စိုင်းမြတ်သူ

ကေလးငယ္ဖ်ားလို႔ ၿဂိဳလ္တုေတာင့္ထည့္မယ္ဆိုရင္

အခုဆိုမိုးတြင္းေရာက္လို႔ ကေလးငယ္ေတြအဖ်ားအနာမ်ားလာၾကၿပီျဖစ္ပါတယ္။ ဒီအခါမွာ ကေလးေတြကို ေဆးခန္းျပသူျပ၊ အိမ္မွာပဲကုသူကုနဲ႔ ပါရာစီတေမာကိုေရြးခ်ယ္တိုက္ၾကတဲ့သူေတြကအမ်ားဆံုးပါပဲ။ ပါရာစီတေမာကို ပါးစပ္ကေန အရည္အခဲနဲ႔တိုက္ၾကတဲ့အျပင္ ကေလးရဲ႕စအိုဝမွတဆင့္ ၿဂိဳလ္တုေတာင့္ထည့္ၿပီးအဖ်ားသက္သာေအာင္လည္း လုပ္ၾကပါတယ္။ ဒီေနရာမွာ ပါးစပ္မွတိုက္ေကြၽးျခင္းနဲ႔ စအိုဝမွၿဂိဳလ္တုထည့္ျခင္း ဘယ္အရာကပိုေကာင္းသလဲ ႏိႈင္းယွဥ္ၾကည့္ၾကရေအာင္ေနာ္။

လူအမ်ားစုထင္ထားၾကမွာကေတာ့ စအိုမွ ပါရာစီတေမာၿဂိဳလ္တုေတာင့္ထည့္ျခင္းဟာ ပါးစပ္မွတိုက္ျခင္းထက္ပိုစြမ္းတယ္၊ အဖ်ားျမန္ျမန္က်တယ္လို႔မွတ္ယူေနၾကပါတယ္။ ဒါဟာ အမွန္တကယ္ဟုတ္မဟုတ္ကို အစၥေရးႏိုင္ငံ ဟယ္မတ္ေဆးပညာဌာနမွ ေဒါက္တာဂိုးစတိန္းဦးေဆာင္တဲ့အဖြဲ႔က သုေတသနျပဳလုပ္လိုက္တဲ့အခါ ပါးစပ္မွ ပါရာစီတေမာတိုက္ေကြၽးျခင္းနဲ႔ စအိုမွပါရာၿဂိဳလ္တုေတာင့္ထည့္ျခင္းဟာ အဖ်ားက်ေစတဲ့ အစြမ္းသတၱိေရာ၊ အဖ်ားက်ခ်ိန္ေရာမွာ အတူတူပဲျဖစ္ပါတယ္ဆိုတဲ့ အေျဖထြက္႐ွိလာပါတယ္။

ဒါဆိုၿဂိဳလ္တုထည့္တာဟာ ပါးစပ္မွတိုက္တာနဲ႔အတူတူပဲလား? ဘာေတြပိုေကာင္းလဲ။ ဘာေတြဆိုးက်ိဳး႐ွိမလဲ?

ပါရာၿဂိဳလ္တုေတာင့္ကို ကေလးမ်ားေဆးတိုက္ရခက္ခဲတဲ့အခါမွာ ေဆးအခ်ိန္အဆမမွန္ျခင္းျဖစ္သြားမွာစိုးတဲ့အတြက္အသံုးျပဳႏိုင္ပါတယ္။ ဒါ့အျပင္ အရမ္းအန္ေနတဲ့ကေလးငယ္ေတြပါးစပ္ကေနေဆးတိုက္လို႔မဝင္တဲ့အခါ အသံုးျပဳႏိုင္ပါတယ္။ သူ႔ရဲ႕ဆိုးက်ိဳးအေနနဲ႔ကေတာ့ ပါးစပ္ကတိုက္ျခင္းထက္ ကေလးငယ္မ်ားခံရနည္းနည္းခက္ပါမယ္။ ႐ုန္းကန္ငိုယိုေနႏိုင္ပါတယ္။ အဖ်ားက်ဆင္းေစႏိုင္ျခင္းအစြမ္းက အတူတူပဲျဖစ္တဲ့အတြက္ ကေလးငယ္ရဲ႕အေျခအေနေပၚမူတည္ၿပီး အဆင္ေျပရာလမ္းေၾကာင္းကေနသာ ပါရာစီတေမာကိုေပးဖို႔ တိုက္တြန္းလိုက္ပါတယ္။

ဒီေနရာမွာ ျဖည့္စြက္ၿပီးေျပာခ်င္တာေလးတစ္ခုကေတာ့ ဖ်ားနာေနတဲ့ ကေလးငယ္ႏုႏုနယ္နယ္ကို တင္ပါးေဆးထိုးၿပီးအဖ်ားက်ေအာင္ျပဳလုပ္ျခင္းကိုေ႐ွာင္က်ဥ္ဖို႔ပါပဲ။ ကေလးသည္လူႀကီးနဲ႔ခႏၶာကိုယ္ဖြဲ႔စည္းပံုအနည္းငယ္ကြာပါတယ္။ ကေလးသည္ လူႀကီးအေသးစားမဟုတ္ပါ။ ကေလးငယ္ရဲ႕တင္ပါးဟာ ေသးငယ္လြန္းတဲ့အတြက္အခန္႔မသင့္တဲ့အခါ ခႏၶာကိုယ္ေအာက္ပိုင္းအာရံုေၾကာမႀကီးေပၚမွာ ေဆးထိုးမိလိုက္မယ္ဆိုရင္ ဘဝတစ္ေလ်ွာက္လံုး ေအာက္ပိုင္းေသသြားျခင္း၊ ေျခတစ္ဖက္မသန္ျခင္းတို႔ျဖစ္ၿပီး ဒုကၡိတဘဝေရာက္သြားႏိုင္တဲ့အတြက္ မိမိကေလးဖ်ားတဲ့အခါ တင္ပါးကိုေဆးထိုးမခံၾကပါနဲ႔။ အေၾကာမထိေအာင္ထိုးေပးမယ္လို႔ ဘယ္ေလာက္ေျပာေျပာ လံုးဝ ျငင္းဆိုၾကပါ။ အသက္ ၁၂ေအာက္ကေလးမ်ားအတြက္ကေတာ့ ပါးစပ္မွတိုက္ျခင္းနဲ႔ ၿဂိဳလ္တုထည့္ျခင္းကသာ အႏၲရာယ္အကင္းဆံုးျဖစ္ပါတယ္လို႔ တင္ျပရင္း။

ေမတၱာျဖင့္

စိုင္းျမတ္သူ