ပြင်းထန်စွာ နေလောင်ခဲ့သော်

နေရောင်ခြည်တွင် UVပါဝင်နှုန်းသည် မြင့်တက်လျက်ရှိရာ နေလောင်ဒဏ်ကို ပြင်းထန်စွာ ခံစားရလာကြရသည်။ သာမန် နေလောင်ခြင်းက
မိမိတို့ နေ့စဉ်ဘဝတွင် အရေးမကြီးလှသော်လည်း နေလောင်သဖြင့် အရည်ကြည်ဖုထွက်ခြင်း၊ အနာပေါက်ခြင်း၊ အရေပြားနီရဲယောင်ယမ်းခြင်းများ
ဖြစ်ပေါ်ပါက အောက်ပါအတိုင်း ဆောင်ရွက်နိုင်ပါသည်။

၁။ အရည် များများသောက်ပါ
နေလောင်ခြင်းကြောင့် ဆုံးရှုံးသွားသော ရေဓာတ်ကို ဖြည့်တင်းပါ။ ရေ၊ အချိုရည်၊ ဓာတ်ဆားရည် တို့ကို သောက်သုံးနိုင်သည်။

၂။ နေလောင်သောနေရာကို အသားအရေ အေးမြစေသော Lotionတစ်ခုခု လိမ်းထားပေးပါ။

၃။ အရေပြားတွင် ပေါက်ပြဲနေသော အနာမရှိပါက သခွားသီး၊ ရှားစောင်းလပ်ပတ် စသော အေးသော သဘာဝပစ္စည်းများ အသုံးပြုနိုင်သည်။
သနပ်ခါး လိမ်းနိုင်သည်။

၎။ အရေပြား ဆိုးရွားစွာ ယောင်ယမ်းနာကြဉ်ခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်း၊ အရည်ကြည်ဖုများ၊ ပြည်ဖုများ ဖြစ်လာခြင်းများ ရှိသော်
အရေပြားဆရာဝန်ထံ ပြသပါ။