အမျိုးသားတို့ အကာအကွယ်​ အသုံးပြုပုံမှန်​ကန်​ဖို့..

“အစားမ​တော်​ တစ်​လုတ်​၊ အ​သွားမ​တော်​ တစ်​လှမ်း “တဲ့.. ချစ်​ခြင်းကို ​ရှေ့တန်းတင်​ပြီးပဲ ဖြစ်​ဖြစ်​၊ အ​ပျော်​အပါး ဝါသနာ ပါလို့ပဲ ဖြစ်​ဖြစ်​.. ဖိုနဲ့မ လိင်​ဆက်​ဆံကြရမှာ… ” safety frist “နှစ်​ဦး နှစ်​ဖက်​ စိတ်​ချလုံခြုံရဖို့၊ ကိုယ်​ဝန်​မရဖို့ရာ ၊ ​ကူးစက်​​ရောဂါ ရှိ​နေသူမှ တခြားသူကို ​လိင်​မှတဆင့်​ ရောဂါပိုး မကူးစက်​ဖို့ရာ … အကာအကွယ်​ကို အသုံးပြုဖို့ လိုအပ်​ပါတယ်​…

ဒီ​တော့ ဒီ​ခေတ်​ကာလကြီးထဲမှာ စတိုးဆိုင်​ ​ဆေးဆိုင်​တိုင်းမှာ အလွယ်​ကူဆုံးရနိုင်​တာက​တော့.. အမျိုးသားသုံး condoms ​ပေါ့…သို့​ပေမယ့်​.. အကာအကွယ်​​အသုံးပြု​သော်​ငြား… မမှန်​ကန်​တဲ့ အသုံးပြုပုံ၊ စွန့်​ပစ်​ပုံတို့​​ကြောင့်​ ​ရောဂါပိုးကူးစက်​နိုင်​တာ​တွေ ရှိ​နေ​သေးတာမို့…အသုံးပြုပုံနည်းလမ်း​တွေကို​ ​ပြောပြမှာ ဖြစ်​ပါတယ်​..

– အသုံးမပြုမီ ကွန်​ဒုံးဟာ ရက်​လွန်​​နေခြင်း ရှိမရှိ စစ်​​ဆေးပြီးမှ ​ဖောက်​ပါ.. အသာအယာ လက်​ဖြင့်​ ဖြဲရုံဖြင့်​ ရနိုင်​ပါတယ်​.. သွား (သို့) ကတ်​​ကြေး အသုံးမပြုပါနှင့်​… ကွန်​ဒုံးတွင်​ ​ပေါက်​ပြဲခြင်းရှိမရှိ၊ ​ချောဆီ အလုံအ​လောက်​ရှိမရှိ စစ်​​ဆေးပါ…

– ကွန်​ဒုံးဟာ ခ​မောက်​ပုံစံ​လေး ဖြစ်​​နေပါမယ်​.. အ​ပေါ်မှာ အဖု​လေး ဖြစ်​ပြီး ​ဘေးမှ အလိပ်​​လေးက ဝန်းရံထားပါမယ်​.. ​သေချာစွာ စွပ်​မိဖို့ရာ လိုအပ်​ပါမယ်​…အကယ်​၍ ​ပြောင်းပြန်​ စွပ်​မိခဲ့ရင်​ အ​ပေါ်ကို ပြန်​လိပ်​တင်​ပြီး အသုံးပြုတာ မလုပ်​ပါနှင့်​.. ​နောက်​ထပ်​ အသစ်​တစ်​ခုကို အသုံးပြုပါ….

– အသုံးပြုဖို့ရာအတွက်​ သင့်​လိင်​အင်္ဂါ ​ထောင်​မတ်​​နေရပါမယ်​.. အ​ပေါ်က အဖု​လေးကို ဖိညှစ်​ထားပြီး စွပ်​ချပါ.. သို့မှသာ လိင်​ဆက်​ဆံပြီး သုတ်​လွှတ်​တဲ့ အချိန်​မှာ သုတ်​ပိုးများဟာ ​ရှေ့က ​နေရလွတ်​​လေးမှာ သွားစု​နေမှာ ဖြစ်​ပါတယ်​..

– လိင်​အင်္ဂါ အရင်းထိ ကွန်​ဒုံးကို စွပ်​ချလာရပါမယ်​..ထို့​နောက်​ အ​ပေါ်ယံမှ တခြား water based or silicone lube အစရှိတဲ့ lubricant ​ချောဆီ လိမ်းနိုင်​ပါတယ်​.. ဒါဟာ သင်​ ဆက်​ဆံတဲ့ အချိန်​မှာ ပိုအဆင်​​ပြေနိုင်​ပြီး ကွန်​ဒုံး​ပေါက်​ပြဲတာ​ကိုလဲ ​လျော့ချ​ပေးနိုင်​ပါတယ်​…

– ဒီလို စွပ်​ပြီးတဲ့အခါမှာ​တော့… လိင်​ဆက်​ဆံလို့ ရပါပြီ..

– ဆန္ဒပြီး​မြောက်​ပြီးချိန်​၊ သုတ်​ပိုး လွှတ်​ပြီးသွားချိန်​မှာ ကွန်​ဒုံးရဲ့ အရင်းမှ ​သေချာကိုင်​ပြီး.. မိမိဆက်​ဆံ​ဖော်​ထဲမှ ထုတ်​ပါ… လိင်​အင်္ဂါ မညိုးသွားခင်​မှာ ထုတ်​ရပါမယ်​.. သို့မဟုတ်​ပါက ကွန်​ဒုံး ကျွတ်​ကျန်​​နေတာ… အပြင်​သို့ သုတ်​ပိုး ဖိတ်​စင်​တာ​တွေ ဖြစ်​နိုင်​ပါတယ်​..

– ဒီလို ထုတ်​ပြီးတဲ့ချိန်​မှာ​တော့ ​အမှိုက်​ပုံးထဲ သေချာစွာ စွန့်​ပစ်​ပါ.. အိမ်​သာထဲ စွန်​ပစ်​ခြင်း မပြုပါနှင့်​..ပိုက်​ပိတ်​ခြင်း ဖြစ်​နိုင်​ပါတယ်​..

– အသုံးပြုပြီးသား ကွန်​ဒုံးကို ပြန်​လည်​မသုံးပါနှင့်​..

– တစ်​ခါဆက်ဆံပြီးတိုင်း အသစ်​တစ်​ခု သုံးပါ..

– ပါးစပ်​ (သို့) မအင်္ဂါ (သို့) စအို မှ တဆင့်​ လိင်​ဆက်​ဆံခြင်း ပြုပါကလည်း.. မတူညီ​သော ပုံစံကို ​ပြောင်းဆက်​ဆံပါက ကွန်​ဒုံး အသစ်​ကို အသုံးပြုသင့်​ပါတယ်​..

– တစ်​ခါတစ်​ရံ ဆက်​ဆံ​နေစဉ်​ လိင်​အင်္ဂါ ညှိုးသွားတာမျိုး ဖြစ်​တတ်​ပါတယ်​.. ဒါဟာ ဖြစ်​​လေ့ရှိပါတယ်​.. သို့​သော်​ ညိုးသွားပါ.. အသုံးပြုပြီးသား ကွန်​ဒုံးကို ချွတ်​ပါ… လိင်​အင်္ဂါ ပြန်​လည်​​ထောင်​မတ်​လာတဲ့အချိန်​မှာ အသစ်​တစ်​ခု အသုံးပြုပြီး ဆက်​ဆံပါ..ဒီလိုဆို အနည်းငယ်​ သ​ဘော​ပေါက်​ပြီ ဖြစ်​တာမို့… မှန်​ကန်​​သော အသုံးပြုနည်းကို စနစ်​တကျ ကျင့်​သုံးရပါမယ်​…

– ​သေချာ အသုံးပြုတတ်​ဖို့ရာ ဘူးခွံမှာ ပါ​သော အညွှန်းကို ​သေချာဖတ်​ပါ…

-လိင်​အင်္ဂါမှာ မစွပ်​မီ တခြား​သော ပစ္စည်း(ငှက်​​ပျောသီး၊ သခွားသီး) တို့မှ စွပ်​ကြည့်​လို့ရသလို.. လိင်​မဆက်​ဆံမီ မိမိအင်္ဂါတင်​ အစမ်းစွပ်​ကြည့်​လို့ရပါတယ်​…
အကယ်​၍ မိမိဟာ ကွန်​ဒုံးသုံးခဲ့​သော်​လည်း ​ပေါက်​ပြဲသွားတာမျိုး ရှိခဲ့တယ်​(သို့) သံယသရှိခဲ့ပါက.. အ​ရေး​ပေါ် သ​န္ဓေတား​ဆေး အသုံးပြုနိုင်​ပါတယ်​…ထိုအားဖြင့်​ ကိုယ်​ဝန်​မရ​အောင်​ တားဆီးနိုင်​ပါတယ်​.. သို့​သော်​ အ​ရေး​ပေါ်တား​​ဆေးဟာ လိင်​မှတဆင့်​ ကူးစက်​​သော ​ရောဂါများကို​တော့ မကာကွယ်​နိုင်​ပါ…

– ဒါ​ကြောင့်​ လုံခြုံစိတ်​ချရတဲ့ လိင်​မှုကိစ္စ ဖြစ်​ဖို့ရာ အကာအကွယ်​ အသုံးပြုပုံ မှန်​ကန်​သင့်​​ကြောင့်​ တိုက်​တွန်းလိုက်​ရပါတယ်​…

ပျော်​ရွှင်​ကျန်းမာတဲ့ ကာမသုခကို ခံစားနိုင်​ကြပါ​စေလို့ ​တောင်းဆု ​မေတ္တာပြုလျက်​….

ပိုင်​နီ​မောင်