သားအိမ်​တွင်းထည့်​ သ​န္ဓေတားပစ္စည်းပြန်​လည်​ထုတ်​ယူရာတွင်​ သိရှိရမည့်​ အချက်​များ

ခေတ်​ကြီးဟာ တစ်​ဆတစ်​ဆတိုးတက်​​လာတာနဲ့အညီ စီးပွား​ရေး၊ ​နေထိုင်​စား​သောက်​​ရေး၊ သွားလာ​ရေး တင်​မက မျိုးဆက်​ပြန့်ပွား​ရေးမှာပါ လိုအပ်​သလို ပြုလုပ်​နိုင်​တဲ့ထိ အဆင်​​ပြေလှပါတယ်​… ဒီလို မျိုးဆက်​ပြန့်​ပွားခြင်းနဲ့ ပတ်​သတ်​လို့.. အမျိုးသမီး​တွေမှာ မလိုအပ်​တဲ့ ကိုယ်​ဝန်​ကို မရရှိ​စေဖို့ရာ birth control pills ၊ injections ၊ sterilization၊ IUDs အစရှိတဲ့ သ​န္ဓေတားမှု ပုံစံ​တွေကို အသုံးပြုလာကြပါတယ်​…
ဒီထဲမှာက IUDs လို့ ​ခေါ်တဲ့ သားအိမ်​တွင်းထည့်​ သ​န္ဓေတားပစ္စည်း ပြန်​လာ ထုတ်​ယူရာမှာ သိရှိရမယ့်​ အချက်​များကို ​ပြောပြချင်​ပါတယ်​…

IUD ဆိုတာ အားလုံးသိကြတဲ့ အတိုင်း ​သေးငယ်​တဲ့ သ​န္ဓေတား ပစ္စည်း​လေး တစ်​ခုပါပဲ…ပုံစံအားဖြင့်​ အင်္ဂလိပ်​ အက္ခရာ T (တီ) ပုံ​လေး ဖြစ်​ပါတယ်​.. ဒီလို IUD ​တွေဟာဆိုရင်​ Copper IUD နဲ့ hormonal IUD ဆိုပြီး အမျိုးအစားကွဲပြားပါတယ်​..သူတို့တဲ့ လုပ်​​ဆောင်ချက်​က​တော့ မျိုးဥနဲ့သုတ်​ပိုးကို ​ချေဖျက်​ ​သေ​စေနိုင်​​​အောင်​ ပြုလုပ်​ခြင်းပါပဲ…

ဒီလို IUDs​​ကို ပြန်​လည်​ ထုတ်​ယူဖို့ရာက ဘာအ​ကြောင်းတရား​တွေ ​ကြောင့်​ပါလိမ့်​?…

– ရင်​​သွေးယူဖို့ရာ အဆင်​သင့်​ဖြစ်​ခြင်း

– IUDsနဲ့ ဓာတ်​မတည့်​ခြင်း

– သားအိမ်​တွင်းထဲ ​ရောဂါ​တွေ့ရှိခြင်း

– မိမိကိုယ်​၌က IUD ကို သ​ဘောမကျခြင်း​တွေအပြင်

– IUD တစ်​ခုရဲ့ သက်​တမ်းဟာ ၁၀ နှစ်​ ၅ နှစ်​ ၃နှစ်​ အစားစား ရှိတာမို့ သက်​တမ်းကုန်​သွားတဲ့အခါမှာ​တော့ ပြန်​လည်​ ထုတ်​ယူကာ အသစ်​ တစ်​ခုကို အသုံးပြုခြင်းတို့ ဖြစ်​ပါတယ်​..

ဘယ်​လို ထုတ်​ယူမလဲ?

– IUD ​တွေဟာ ကြိုက်​နှစ်​သက်​တဲ့ အချိန်​မှာ ပြန်​လည်​ ထုတ်​ယူလို့ရပါတယ်​… သို့​သော်​ တိကျတဲ့ ထုတ်​ယူမှု​တော့ လိုအပ်​ပါတယ်​…မိမိကိုယ်​တိုင်​ ထုတ်​ယူတာမျိုး မပြုလုပ်​သင့်​ပါ.. ​လေ့လာမှုများအရ သင့်​ရဲ့ ရာသီ​သွေးဆင်းချိန်​မှာ သားအိမ်​တွင်းသားနံရံ​တွေဟာ ပိုမို​ပျော့​ပျောင်း​နေတတ်​တာမို့.. ဒီလိုအချိန်​မျိုး​တွေမှာ ထုတ်​ယူခြင်းဟာ ပိုလွယ်​ကူပါတယ်​..

ပထမဆုံး ထုတ်​ယူ​တော့မယ်​ဆိုပါက…

– ဆရာဝန်​မှ သင့်​ရဲ့ သားအိမ်​လမ်း​ကြောင်းကို စမ်းသပ်​ကြည့်​ပါမယ်​..

– speculum လို့ ​ခေါ်တဲ့ သင့်​သားအိမ်​ဝကို ​တွေ့​​စေနိုင်​တဲ့ ပစ္စည်းဖြင့်​ မိန်းမကိုယ်​ကို ချဲ့ထားပါမယ်​..

– IUD strings ​​​ခေါ် ကြိုးစ​လေးကို ​ရှာရပါမယ်

– ​တွေ့ရှိပါက ညှပ်​​ဖြင့်​ ညင်​သာစွာ ​နောက်​သို့ ​ဆွဲယူ ထုတ်​ခြင်းဖြင့်​.. IUD ဟာ သားအိမ်​ဝက​နေ ဖြည်းညင်းစွာ ထွက်​လာပါလိမ့်​မယ်​…

ဒီလို ပြန်​လုပ်​ထုတ်​ယူတာဟာ နာကျင်​မှုလည်း မရှိသလို အချိန်​ခဏသာ ကြာပါတယ်​.. သို့​သော်​ တချို့​သော အမျိုးသမီး​တွေမှာ.. ကြိုးကို တိုတို ညှပ်​လိုက်​ခြင်း​ကြောင့်​ ဖြစ်​​စေ၊ အ​ကြောင်းအမျိုးမျိုး​ကြောင့်​ သားအိမ်​တွင်းထဲ ကြိုးပါ ဝင်​သွားပြီး ရှာမ​တွေ့ တတ်​တာမျိုး ဖြစ်​တဲ့အခါမှာ​တော့ ပိုမို​သေးငယ်​တဲ့ forceps ​တွေ clamps ​တွေ အသုံးပြုပြီး ထုတ်​ယူရတတ်​ပါတယ်​…

ဒ့ါပြင်​ ရှားရှားပါးပါး တခါတရံမှာ IUD က အရမ်းကြပ်​ပြီး ထုတ်​ယူမရတတ်​တာမျိုး ဖြစ်​တတ်​ပါတယ်​… ဒီအခါမှာ သားအိမ်​တွင်းတွင်​ ပစ္စည်းကျန်​​သေး​ကြောင်း ​သေချာ​အောင်​ ultrasound ၊ X ray ၊ သားအိမ်​တွင်း ​မှန်​​ပြောင်းဖြင့်​ ကြည့်​ခြင်း စတဲ့ လိုအပ်​တာ​တွေ ပြုလုပ်​ရပါမယ်​… ထိုမှ တဆင့်​ IUD အား ​​တွေ့ရှိပါက အထက်​မှာ ​ပြောခဲ့သလို ​သေချာစွာ ပြန်​လည်​ ထုတ်​ယူနိုင်​ပါပြီ..လိုအပ်​ပါက နာကျင်​ခြင်း မရှိ​စေရန်​ လိုအပ်​တဲ့ ထုံ​ဆေးကို အသုံးပြု​ပေးပါလိမ့်​မယ်​..

အကယ်​၍ မိမိဟာ IUD မှ တခြား​သော သ​န္ဓေတားမှု ပုံစံ​ပြောင်းခြင်း(​သောက်​​ဆေးသို့ ​ပြောင်းခြင်း) (သို့) ရင်​​သွေးရဖို့ ကြိုးစားခြင်း စတဲ့ အရာ​တွေကို​တော့ သက်​ဆိုင်​တဲ့ ဆရာဝန်​ဆီမှာ schedule အချိန်​ဇယားကို ​သေချာစွာ ​ဆွေး​နွေးနိုင်​ပါတယ်​…

သာယာလှပတဲ့ အိမ်​​ထောင်​မှုနှင့်​ ကျန်းမာ​ပျော်​ရွှင်​​သော အမျိုးသမီးများဘဝကို ပိုင်​ဆျုင်​ကြပါ​စေလို့ ​တောင်းဆု​မေတ္တာပြုလျက်​….

ပိုင်​နီ​မောင်