ဗိုက်ခွဲမွေးပြီးနောက် ဘယ်အချိန်မှာ ပုံမှန်ပြန်ဖြစ်မလဲ

ဒီနေ့ပြောမယ့်အကြောင်းလေးကတော့ မိခင်တယောက်ရဲ့ဗိုက်ခွဲမွေးခြင်းနှင့်ပတ်သက်ပြီး ပုံမှန်အခြေအနေသို့ရောက်အောင်လုပ်ဆောင်ရမည့်အချက်များကိုဆရာအနေနဲ့Stepတစ်ခုခြင်းစီ သိရှိနားလည်သွားအောင်ရှင်းပြပေးမှာဖြစ်ပါတယ်။

ခလေးမွေးဖွားခြင်းမှာ အင်မတန်မှအံသြဖွယ်ကောင်းလောက်ပြီး ကိုးလလွယ်ဆယ်လဖွားဆိုသလို မိခင်ရဲ့ဗိုက်ထဲကနောက်ဆုံးအပြင်လောကကို ထွက်လာရတော့တဲ့ ကြည်နူးဖွယ်ရာလေးပါပဲ။ အပြင်လောကသို့ရောက်ဖို့အတွက်အရပ်သုံးစကားနဲ့ပြောရရင် ရိုးရိုးမွေးခြင်းနဲ့ဗိုက်ခွဲမွေးခြင်းပါပဲ ဆရာတို့ဆေးပညာအရဆိုရင်တော့(Routine Vaginal Delivery) ပုံမှန်မွေးလမ်းကြောင်းမှ မွေးဖွားခြင်းနှင့်(Lower Segment Caesarean Section)ဗိုက်ခွဲမွေးခြင်းဖြစ်ပါတယ်။ဗိုက်ခွဲမွေးခြင်းဟာပုံမှန်မွေးလမ်းကြောင်းမွေးခြင်းထပ်မူလအနေအထားရောက်အောင်အချိန်ပိုကြာနိုင်ပါတယ်။ဗိုက်ခွဲမွေးခြင်းဖြင့်ပုံမှန်ပကတိအနေအထားပြန်ရောက်ဖို့ဆရာပြောတဲ့အဆင့်(၄)ဆင့်ကိုလိုက်နာဆောင်ရွက်ပေးခြင်းဖြင့် ပကတိအခြေအနေကို လွယ်ကူစွာရောက်ရှိသွားနိုင်ပါတယ်။

၁.အပြည့်အဝအနားယူရန်

(Caesarean Section)ဗိုက်ခွဲမွေးဖွားခြင်းကအခြားခွဲစိတ်ထားသောနည်းတူခွဲကြောင်းအနာကျက်ဖို့အချိန်ယူပါမည်။ခွဲစိတ်ထားသောလူနာမှာပုံမှန်အားဖြင့်၃ရက် ၄ရက်ဆေးရုံမှာနေဖို့လိုအပ်ပါတယ်။အနားကျက်ဖို့ကတော့အနည်းဆုံးရက်သတ္တပတ်၆ပတ်အချိန်ယူရပါမယ်။အပြည့်အဝအနားယူရမဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မို့ မိမိ၏ဆွေမျိုးသားခြင်းတွေ၏အကူအညီကိုလက်ခံရမည့်အချိန်လဲဖြစ်သလိုကောင်းမွန်စွာအနားယူလိုက်ပါ။

၂/ ခလေးထက်ပို၍လေးသောအရာများကိုသယ်ခြင်း၊မခြင်းကိုရှောင်ကြဉ်ရန်

ခုန်ပျံကျော်လွှားခြင်း၊လှေကားအတက်အဆင်းခဏခဏလုပ်ခြင်း၊လေးလံသောအရာများကိုမခြင်း၊သယ်ခြင်းမပြုလုပ်သင့်ပါ။နှာစေး၊ချောင်းဆိုးခြင်းဖြစ်တော့မည်ဆိုရင်ခွဲစိတ်ထားသောနေရာကိုကိုင်ပြီးဆိုးသင့်ပါသည်။ခွဲပီး၈ပတ်ကြာမှသာ လေ့ကျင့်ခန်းလုပ်ခြင်း ကားမောင်း၍အလုပ်တက်ခြင်းစသည်တို့ကိုပြုလုပ်နိုင်ပါတယ် အပြင်းအထန်လုပ်ဆောင်ခြင်းများကိုတော့မပြုလုပ်သင့်သေးပါ။လမ်းဖြည်းဖြည်းလျောက်ပေးခြင်းဖြစ်လဲဝမ်းချုပ်ခြင်းနှင့်သွေးခဲဖြစ်ခြင်းကိုကာကွယ်နိုင်ပါတယ်။

၃/ အနာသက်သာအောင်ပြုလုပ်ခြင်း

ခွဲစိတ်ထားသောအနာမှာနာကျင်ကိုက်ခဲခြင်းခံစားခဲ့လျင်နီးစပ်ရာဆေးခန်းသို့သွားရောက်ကာဆရာဝန်ညွှန်ကြားသောအကိုက်အခဲပျောက်ဆေးကိုသုံးစွဲနိုင်သလို ကြက်ထုပ်ထိုးခြင်းကိုလဲပြုလုပ်ပေးနိုင်ပါတယ်။

၎/ သင့်တင့်မျှတ၍အာဟာရရှိသောအစားအစာများကိုစားသုံးခြင်း

အာဟာရရှိသောအစားအစာကို စားသုံးခြင်းဖြင့်လည်းကောင်းကိုယ်ဝန်ဆောင်အချိန်ကော မီးဖွားချိန်ကောမိခင်နှင့်ခလေးကိုပါကျန်းမာကောင်းမွန်စေပါတယ်။အသီးအရွက်များကိုစားသုံးခြင်းဖြင့် မိမိ၏ရင်သွေးကို ရောဂါဘယကင်းဝေးပြီးကျန်းမာလာနို်င်စေသည့်အပြင်ရေများများသောက်ပေးခြင်းဖြင့်လဲ မိခင်နို့ရည်အတွက်အထောက်အကူဖြစ်စေရုံသာမက ဝမ်းချုပ်ခြင်းကိုလည်းကာကွယ်ပေးနိုင်မည်ဖြစ်ပါသည်။

ကျန်းမာပျော်ရွှင်သောမိသားစုဘဝကိုတည်ဆောက်နိုင်ပါစေ။
Dr Arkar Myo Thant