ရှော့်ခ် ရှောခ် နဲ့ ပြောကြသည်
ရှော့ခ် ဆိုတာ ဘာလဲ

ရှော့ခ်ဆိုတာ ရုတ်တရက် လူတစ်ယောက် သတိမေ့၊ လဲကျသွားတာကို ပြောတာပါ
ဒါပေမယ့် သတိမေ့ လဲကျသွားတိုင်း ရှော့ခ် မဟုတ်ပါဘူး
ရှော့ခ် ဟာ ကိုယ်တွင်း သွေးလှည့်မှု ရုတ်တရက် ချို့ယွင်းရာက ခန္ဓာကိုယ်ကလည်း သူလုပ်နိုင်သမျှတွေနဲ့ ဖြည့်စွမ်းရင်း နောက်ဆုံး
မဟန်နိုင်တော့ပဲ ဦးနှောက်ဆီ သွေးမရောက်တော့လို့ သတိလစ်သွားတာမျိုးကိုမှ ရှော့ခ်ခေါ်တာပါ

သွေးတွင်း သကြားဓာတ်ကျလို့ မူးလဲတာ၊
နေပူထဲ အကြာကြီး မတ်တပ်ရပ်မိလို့ လဲကျတာ၊
စတာတွေကတော့ ရှော့ခ် မခေါ်ပါဘူး

ရှော့ခ် အမျိုးအစား ၅ မျိုးရှိပါတယ်
၁။ နှလုံးဖောက်သောကြောင့် ဖြစ်သော ရှော့ခ်
၂။ ရေဓာတ်အလွန်အမင်း ဆုံးရှုံးသောကြောင့် ဖြစ်သောရှော့ခ်
၃။ ဓာတ်မတည့်သောကြောင့် ဖြစ်သောရှော့ခ်
၎။ အာရုံကြောစနစ် ရုတ်တရက် ထိခိုက်သောကြောင့် ဖြစ်သောရှော့ခ်
၅။ သွေးဆိပ်တက်၍ ဖြစ်ပေါ်လာသောရှော့ခ်

ရှော့ခ် ဖြစ်တယ်လို့ သံသယရှိပါက အချိန်တိုအတွင်း ဦးနှောက်ထိခိုက်သွားနိုင်တဲ့အတွက် နီးစပ်ရာ ဆေးရုံဆေးခန်းသို့ အလျင်အမြန် သွားပါ