“Sexual harassment ကိုတိုင်ကြားခြင်း နဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ “

လုပ်ငန်းခွင်မှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရမှုတွေအတွက် တိုင်ကြားဖို့တာဝန်ရှိပါသလား။

နှစ်ပေါင်း၃၀ကျော်အတွင်းမှာ လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှုတွေ ၃ခု ကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့ TV host ဖြစ်သူCharlie Rose ရဲ့ အဖြစ်နဲ့ ပတ်သတ်ပြီး CBS သတင်းဌာနမှာရှိတဲ့ ကျန်မန်နေဂျာတွေကိုပါ သတိပေးခံရတယ်လို့ Washington post က သတင်းတစ်ခုအရ သိရှိရပါတယ်။

လုပ်ငန်းခွင်က Supervisor တွေဟာ sexual harassment ကို သတိမူမိရင် ဘာလုပ်သင့်ပါသလဲ။လုပ်ငန်းခွင်က အဲဒီအနိုင်ကျင့်ခံရမှုကို တိုင်ကြားဖို့ တာဝန်ယူရပါမလား??

အလုပ်ခွင်မှာ sexual harassment ကို တိုင်ကြားဖို့ သက်သေလုပ်ဖို့ အတွက် တရားဝင် ထုတ်ပြန်ထားတဲ့ ဥပဒေတော့ မရှိပါဘူး။ ဥပဒေမရှိတာက မတိုင်ကြားသင့်ဘူး လို့ ဆိုလိုတာမဟုတ်ပါဘူး။

Supervisor တွေက နောက်ထပ်အရေးကြီးတဲ့ အခန်းကဏ္ဍမှာပါဝင်နေပါတယ်။တရားရုံးတွေက အလုပ်ရဲ့ supervisor နေရာကလူတွေကို စွဲဆိုချက်တင်ဖို့ တာဝန်ယူဖို့ သတိပေးပါတယ်၊

“ခင်ဗျားက supervisor ဖြစ်နေတဲ့အတွက် သတင်းပို့ တိုင်ကြားဖို့ လုပ်ကိုလုပ်ရမှာပါ ”

Derek Smith Law Groupမှ managing partner and sexual harassment and employment lawyerဖြစ်သူAlexander Cabeceirasမှပြောပါတယ်။
တကယ်လို့ အတူတူ လုပ်ဖော်ကိုင်ဖက် ဒါမှမဟုတ် ဝန်ထမ်းအကူ ဖြစ်နေခဲ့ရင်တော့ မတိုင်ကြားဘဲနေ့ခွင့်ရှိပါတယ်။ ဆိုလိုတာက အကြီးအကဲ supervisor ဆိုရင်တော့ must ပါ။

Supervisor roleမှာ ရှိတဲ့သူကို မိမိကြုံတွေ့နေရတဲ့ တွေ့မြင်သိရှိရတဲ့ ပုံမမှန်တဲ့ အပြု အမူတွေကိုတိုင်ကြားခြင်းဖြင့် ကုမ္ပဏီပေါ်ကို တွန်းအားဖြစ်စေမယ်၊ ပြီးတော့ ဖစ်နေတဲ့ အခြေအနေကို ပြန်လည်သုံးသပ်ဖို့ အခွင့်အရေးရှိစေမှာ ဖြစ်ပါတယ်။

supervisor နေရာကမဟုတ်တဲ့ ဝန်ထမ်းအလုပ်သမားတွေရဲ့ တာဝန်ရှိမှုကတော့ တကယ်လို့များ ဒီအနိုင်ကျင့်မှုက သိသာလာခဲ့ရင် ဒါမှမဟုတ် action ယူဖို့ပျက်ကွက်နေခဲ့ရင်ရယ် အနိုင်အထက်ပြုသူ(harassers )တွေက supervisorဖြစ်နေခဲ့တယ်ဆိုရင်တော့ အလုပ်သမားဘက်က သာမန်ဝန်ထမ်းတွေက မဖြစ်မနေ တိုင်ကြားဖို့လိုပါတယ်။

Companies တွေမှာ sexual harassment အတွက် policy တွေရှိရမယ်လို့ ဥပဒေက မသတ်မှတ်ထားပေမယ့် ကုမ္ပဏီ အများစုကတော့ sexual harassment နဲ့ ပတ်သတ်တဲ့ အရေးယူမှု policy တွေ ထားကြပါတယ်။ လိင်ပိုင်းဆိုင်ရာ အနှောက်အယှက်ပေးမှုတွေအတွက် ရှင်းလင်းပြတ်သားတဲ့ မူဝါဒတွေချမှတ်ထားခြင်းဖြင့် company ကိုရော အလုပ်သမားတွေကိုပါ အကာအကွယ်ပေးနိုင်ပါတယ်။ ကုမ္ပဏီအနေနဲ့လည်း sexual harassment နဲ့ ပတ်သက်လို့ စွပ်စွဲလာခဲ့ရင် အပြည့်အဝ ခုခံကာကွယ်နိုင်ပြီး ဟုတ်နေခဲ့ရင် သင့်တော်တဲ့ အရေးယူမှုကိုပြုလုပ်နိုင်ပါတယ်။ မူမမှန်တဲ့ အပြု အမူတွေကို ထိန်းချုပ်နိုင်မှာဖြစ်ပြီး တကယ်လို့ တင်ပြစွပ်စွဲချက်တွေဟာ လိင်မှုဆိုင်ရာ အနိုင်ကျင့်မှု မရှိဘူး ဆိုရင်လည်း တိတိကျကျ ငြင်းဆိုနိုင်မှာပဲ ဖြစ်ပါတယ်။

လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခံရမှုတွေက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိခိုက်မှု ဖြစ်စေနိုင်ပါသလား

မည်သည့် နှောင့်ယှက်မှုဖြစ်စေ ကိုယ်ထိလက်ရောက် မလုပ်ရင်တောင် စကားလုံးနဲ့ ထိပါးနှောက်ယှက်ခံရခြင်းပဲ ဖြစ်စေ အပြုခံရသူမှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရရှိနိုင်တာပဲ ဖြစ်ပါတယ်။

ကိုယ်ထိလက်ရောက်မဟုတ်ပေမယ့် လိင်ပိုင်းဆိုင်ရာဆဲဆို ခြိမ်းခြောက်မှု ဖြားယောင်းမှု ညစ်ညမ်းပုံတွေ ပို့ပြီး နှောက်ယှက်မှု တွေက စိုးရိမ်မှု ၊စိတ်ကျရောဂါ နဲ့ မိမိကိုယ့်ကို ယုံကြည်စိတ်ချရမှု နေပျော်မှုတွေ လျော့ကျခြင်း စတာတွေ ဖြစ်စေနိုင်တာပါပဲ။

လူတစ်ချို့ကတော့ ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း မဟုတ်တဲ့ အဲဒီလို non physical harassment မျိုးကို harassment အဖြစ်မသတ်မှတ်ကြပါဘူး။တကယ်လို့ ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေကို တားဆီးနိုင်ခဲ့တယ် ဆိုရင်တောင် non physical ကိုယ်ထိလက်ရောက်မဟုတ်တဲ့ ကျုးလွန်မှုတွေကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကို ဖြစ်စေပါတယ်။

နော်ဝေဂျီယန်က အထက်တန်းကျောင်းသူကျောင်းသားတွေကို sexual harassment ကြုံတွေ့ရမှုနဲ့ ပတ်သတ်လို့ စစ်တမ်းကောက်ယူရာမှာ ကိုယ်ထိလက်ရောက်မဟုတ်တဲ့ အနှောင့်အယှက်ပေးမှုတွေကတောင် ခုနကပြောတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်စေတယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်။

အကြမ်းဖျင်းအားဖြင့် ၆၂ရာခိုင်နှုန်းသော ကျောင်းသား ကျောင်းသူတွေဟာ လွန်ခဲ့သော နှစ်တွေမှာ လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှုတွေ ကြုံခဲ့ရတယ်လို့ ပြောပါတယ်။

အဲဒီနှောင့်ယှက်မှုတွေကြောင့် အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ စိတ်ကျခြင်းကို ခံစားရစေပြီး အမျိုးသမီးတွေမှာ စိတ်ကျခြင်းကို ပို တွေ့ရှိရပါတယ်။

အဲဒီအပြင် မိဘအသိုင်းအဝိုင်းက မပြည့်စုံ အလုပ်အကိုင်မရှိတဲ့ ဝန်းကျင်က ကျောင်းသား ကျောင်းသူတွေက စိတ်ပိုင်းဆိုင်ရာနာကျင်မှု ပိုဖြစ်ရပါတယ်တဲ့။တွေးကြည့်ရရင်တော့ နဂိုထဲက မပြည့်စုံဘဲ ရုန်းကန်လှုပ်ရှားရတဲ့ဘဝမှာ အားငယ်စိတ်ရှိနေနိုင်တဲ့ အပြင် ဆင်းရဲလို့ ဒီလို အနှောက်အယှက်ခံရတာလို့ ကိုယ့်ဘဝကို ပြန်သိမ်ငယ်ရတဲ့ အတွက် စိတ်ကျခြင်း ပိုဖြစ်နိုင်တာလို့ ယူဆရပါတယ်။

Ref: cnn and time. com

Dr.Khoon Nyo Thway