က​လေး​မွေးဖွားပြီး ​မေ​မေတို့ အန္တရာယ်​ကင်းစွာ ချစ်​နိုင်​ဖို့

အမျိုးသမီးအများစုဟာ က​လေးမီးဖွားပြီး ​မွေးလမ်း​ကြောင်းချဲ့ထား​သော ဒဏ်​ရာများ (သို့) ခွဲ​မွေးထားလျှင်​ ဝမ်းဗိုက်​​ပေါ်ရှိ ချုပ်​ရိုးဒဏ်​ရာများ​ကြောင့်​ နှစ်​ကိုယ်​တူ ချစ်​ပွဲပြန်​ဝင်​ဖို့ကို ထိတ်​လန့်​စိုးရိမ်​တတ်​ကြပါတယ်​။ ဒီလိုခံစား​နေရတဲ့ စုံတွဲ​တွေအတွက်​ က​လေး​မွေးဖွားပြီး သိသင့်​တဲ့အချစ်​အ​ကြောင်း​လေး​တွေ ​ဖော်​ပြ​ပေးလိုက်​ပါတယ်​။

က​လေး​မွေးဖွားပြီး ရက်​သတ္တပတ်​၆ပတ်​ကြာသည်​အထိ လိင်​မှု​ရေးရာ​လေး​တွေ ထိန်းသိမ်းထားသင့်​ပါတယ်​။ က​လေး​မွေးဖွားပြီး​နောက်​ အမျိုးသမီး​လေး​တွေမှာ နှုံးချိခြင်း၊ ​မောပန်းခြင်း၊ မိန်းမကိုယ်​​ခြောက်​​သွေ့ခြင်း၊ နာကျင်​ခြင်း​တွေ​ကြောင့်​ လိင်​မှုကိစ္စ​မှာ စိတ်​မပါဖြစ်​​နေတတ်​ပါတယ်​။ ဒါ့အပြင်​ ​မွေးဖွားပြီးသားအိမ်​နှင့်​ သားအိမ်​​ခေါင်း ပြန်​လည်​​ကျန်းမာဖို့ အချိန်​၆ပတ်​ခန့်​ ကြာနိုင်​ပါတယ်​။ အ​လောကြီးကာ ချုပ်​ရိုးနှင့်​ အနာများမကျက်​မီ ချစ်​မှု​ရေးရာများ ပြန်​လည်​စတင်​ပါက ချုပ်​ရိုးအနာမ​ကောင်းခြင်း၊ ပိုးဝင်​ခြင်း၊ ချုပ်​ရိုးကွဲခြင်းနှင့်​ ​သွေးဆင်းခြင်းတို့ဖြစ်​နိုင်​ပါတယ်​။ ဒါ​ကြောင့်​ ​​​မွေးဖွားပြီး​​နောက် ​အချစ်​ဘဝကို ပြန်​စဖို့ အနည်းဆုံးအချိန်​၆ပတ်​ခန့်​ ယူသင့်​ပါတယ်​။

မွေးလမ်း​ကြောင်းချဲ့ထား​သော ဒဏ်​ရာရှိပါက ပထမအကြိမ်​များတွင်​ ချစ်​တင်း​နှောရာမှာ နာကျင်​တတ်​ပါတယ်​။ ဒါ​ကြောင့်​ ​မ​လောသင့်​ပါဘူး။ နှစ်​ဦးလုံး အဆင်​​ပြေနိုင်​မည့်​ အ​နေအထားကို အရင်​ညှိယူသင့်​ပါတယ်​။ ချစ်​တင်း​နှောခြင်းက စုံတွဲနှစ်​ဦးစလုံးအ​ပေါ် သက်​​သောင့်​သက်​သာနှင့်​ သာယာခြင်း​တွေသာ ​ပေးသင့်​ပါတယ်​။ နာကျင်​မှု​လျော့နည်း​​စေရန်​ ချစ်​ပွဲမဝင်​မီ ဆီးသွားခြင်း၊ ​ရေ​နွေးဖြင့်​​ရေချိုးခြင်း၊ ​ချောဆီအသုံးပြုခြင်းတို့ ပြုလုပ်​နိုင်​ပါတယ်​။ ဖြည်းညင်း ညှင်​သာ​သော အချစ်​တို့ဖြင့်​သာ အစပျိုးသင့်​ပါတယ်​။ အကယ်​၍ မခံမရပ်​နိုင်​ နာကျင်​​သော ​ဝေဒနာခံစားရပါက လိင်​ဆက်​ဆံခြင်းကို ရပ်​ဆိုင်းသင့်​ပါတယ်​။ ပူ​လောင်​​သော ​ဝေဒနာဖြစ်​​ပေါ်ပါက ​ရေခဲစိမ်​ထား​သော အဝတ်​စဖြင့်​ အုပ်​​ပေးနိုင်​ပါတယ်​။

ဗိုက်​ခွဲ​မွေးဖွားထားရ​သော အမျိုးသမီးဖြစ်​ပါက ဝမ်းဗိုက်​ကို ဖိအားသက်​​ရောက်​​စေမည့်​ အ​နေအထားမျိုး​ ​ရှောင်​ကြဉ်​သင့်​ပါတယ်​။ မိခင်​နို့တိုက်​ခြင်းနှင့်​ ​ဟော်​မုန်း​အ​ပြောင်းအလဲ​တွေ​ကြောင့်​ မိန်းမကိုယ်​​ခြောက်​​သွေ့ခြင်း​တွေ ဖြစ်​နိုင်​ပြီး ချစ်​တင်း​နှောရာမှာ နာကျင်​နိုင်​ပါတယ်​။ ချစ်​ပွဲမဝင်​မီ နမ်းရှုံ့ခြင်း၊ ​ပွေ့ဖက်​ခြင်း၊ နှိပ်​နယ်​ခြင်း၊ ပွတ်​သီးပွတ်​သပ်​ ပြုလုပ်​ခြင်းဖြင့်​ သဘာဝအားဖြင့်​ မိန်းမကိုယ်​ ​ခြောက်​​သွေ့ခြင်းကင်း​ဝေးကာ ပိုမိုသာယာ​သောအချစ်​ကို ဖန်​တီးနိုင်​ပါတယ်​။ ထို့အပြင်​ ​ချောဆီလည်းအသုံးပြုနိုင်​ပါတယ်​။

နို့တိုက်​မိခင်​ဖြစ်​ပါက ချစ်​တင်း​နှောစဉ်​အတွင်း နို့ရည်​စိမ့်​ထွက်​ခြင်းများ ဖြစ်​နိုင်​ပါတယ်​။ ထိုသို့ နို့ရည်​စိမ့်​ထွက်​ခြင်းဟာ သဘာဝဖြစ်​ရိုးဖြစ်​စဉ်​ဖြစ်​ပြီး စိတ်​ပူပင်​ရန်​မလိုပါ။

ကျန်းမာလှပ​သော ဘဝတစ်​ခု ပိုင်​ဆိုင်​​စေရန်​ ရည်​ရွယ်​လျက်

ပွင့်​ရည်​(​ဆေး၂)