8နှစ်အောက်ကလေးများအတွက် လိင်ပညာပေးခြင်း
“လာ…. မမွန်…. အိမ်လည်လာတာလား…. မတွေ့တာ ကြာပြီ”

“ဟုတ်တယ် ညီမရေ… မမွန် ညီမလေးနဲ့ မတွေ့ရတာ လဲ ကြာလို့…. ကိုယ့်ညီမလေး ဆရာဝန်မကြီးလုံးလုံး ဖြစ်နေပြီဆိုတော့…. မေးစရာလေးတွေလဲရှိလို့… လူရင်းဆိုတော့ မေးရမှာ အားနာစရာမလိုတော့ဘူးမလား ညီမရေ”

“မေးပါ မမွန်… ဘာသိချင်လို့လဲ”

“ဒီလို ညီမရေ… သိတဲ့အတိုင်း မမွန်မွေးထားတာက သမီးလေး… ခုမှ အသက်ငါးနှစ်ဆိုပေမယ့်… တနေ့တနေ့ Facebook မှာ ကြားရမြင်ရတာတွေလဲ အများကြီး… သက်ငယ်မုဒိမ်းမှူတွေကလဲ ပေါနေတာ ဆိုတော့…. သမီးလေးအတွက် စိုးရိမ်မိလို့… အဲဒါ သမီးလေးကို မမွန်တို့စောင့်ရှောက်တာလဲ စောင့်ရှောကိတာပေါ့… သမီးလေးကိုယ်တိုင်လဲ သူ့ဖာသာသူ စောင့်ရှောက်တတ်အောင် သူ့အရွယ်လေးနဲ့လိုက်တဲ့ အသိပညာဘယ်လိုပေးရမှန်းမသိလို့ ညီမရေ”

“သိပ်ကောင်းတဲ့ အတွေးပဲ မမွန်ရေ…. ဒီလို မိမိကလေးကို ငယ်သေးတယ်ဆိုပြီး လွှတ်မထားဘဲ sex education ပေးဖို့ စိတ်ကူးရှိတာ မမွန်ကို အင်မတန် ချီးကျူးချင်ပါတယ်”

“ကလေးငယ်တွေကို လိင်ပညာပေးတဲ့အခါ မိဘတွေ အနေနဲ့… သူတို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ကျားမ relationship ဖြစ်တည်မှူတွေကို…. ကလေးငယ်တွေ သဘောပေါက်အောင် ရိုးရိုးရှင်းရှင်းနဲ့ မှန်မှန်ကန်ကန်ပြောဆိုဆွေးနွေးရမှာသာမက …. ကလေးတွေ ပြန်မေးလာမယ့် မေးခွန်းတွေကိုလဲ ကြိုတင်ပြင်ဆင်ထားဖို့လိုတယ် မမွန်ရေ ”

“ကလေးတွေဟာ ဘယ်လောက်ငယ်ငယ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှူကို…. ခံရနိုင်ချေရှိတာပဲမို့ ဘယ်အချိန်မှစပြီး လိင်ပညာပေးရမယ်ဆိုတာ တိတိကျကျ မရှိပေမယ့်…. အကြမ်းဖျဉ်း ဆိုရရင်တော့ ကလေးအသက်နှစ်နှစ်သုံးနှစ်လောက်ကနေ…. စပြီးပေးတာ သင့်တော်တယ်လို့ ဆိုကြတယ် မမွန်ရေ ”

“ဘယ်လိုတွေ ပြောရမလဲ ညီမရယ်….. အဲဒါလေးလဲ အမကိုပြောပြပါဦး”

“ဟုတ်ကဲ့ မမွန်… အသက်ရှစ်နှစ်အောက်ကလေးအတွက်ဆိုရငိ အကြမ်းဖျဥိးအုပ်စု သုံးခုခွဲထားတယ် အမ…
အသက်နှစ်နှစ်ကနေ သုံးနှစ်အတွင်းကလေးတွေဆိုရင်…သူတို့နဲ့ တခြားကလေးတွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ကို သိချင်တတ်ကြတယ်…ယောက်ကျားလေး မိန်းကလေး ကွာခြားတာကိုလဲ သတိပြုမိနေပြီ.. မိဘတွေအနေနဲ့ ပုံတွေပဲဖြစ်ဖြစ် ထောက်ပြပြီး ဒီခန္ဓာကိုယ်အစိတ်အပိုင်းက… ဘာဖြစ်တယ်… ဥပမာ ကျားလိင်တံ မအဂါ် စသဖြင့် မိတ်ဆက်ပေးထားသင့်ပါတယ်”

“အသက်လေးနှစ်ကနေ ငါးနှစ်ကလေးတွေ အမေးများတာကတော့…. လူတွေဘယ်ကဖြစ်လာတယ်ဆိုတာပဲ မမွန်ရေ…. သူတို့ကို နားလည်လွယ်နိုင်တဲ့ စကားတွေနဲ့ ရှင်းပြလို့ရပါတယ်… ဥပမာ… လူယောက်ကျားဆီက အစေ့သေးသေးကလေး (sperm) နဲ့ လူမိန်းမဆီက မျိုးဥ (egg) တို့ဟာ လူမိန်းမရဲ့ ဗိုက်ထဲက သားအိမ်ထဲမှာ ပေါင်းစပ်ကြီးထွားလာတယ်… ဆိုတာမျိုးပေါ့”

” ကြီးပြီးသားကလေးတွေ ဘယ်ကနေဘယ်လိုထွက်လာသလဲလဲ သူတို့အရွယ်လေးတွေ မေးတတ်တယ်…သားအိမ်ထဲက ကလေးလေးကြီးထွားမှူပြည့်စုံလာတဲ့အခါ မွေးလမ်းကြောင်းကနေ ကလေးကို ညှစ်ချလိုက်တာပေါ့… စသဖြင့် ဖြေလို့ရပါတယ်”

“အသက် ခြောက်နှစ်ကနေ ရှစ်နှစ်ကလေးတွေကျတော့….ဒီ့ထက်ပို ပြည့်ပြည့်စုံစုံ သိချင်လာကြပြီ…ဖိုမျိုးစေ့နဲ့ မမျိုးစေ့က ဘယ်လိုဖြစ်လို့ပေါင်းစပ်သွားတာလဲ မေးနိုင်တယ်… အဲဒီအခါ… အရွယ်ရောက်ပြီး အမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦး လိင်အဂ်ါအချင်းချင်းပေါင်းစပ်တဲ့အခါ မျိုးစေ့တွေပေါင်းသွားနိုင်တယ်လို့ ဖြေလို့ရပါတယ် မမွန်ရေ”

“အရွယ်ရောက်ပြီး အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ ပြောင်းလဲပုံကိုလဲ ထည့်ပြီးပြောလိုရတယ်… ဥပမာ ယောက်ကျားလေးဆိုရင် အသံတွေ သြလာတယ်.. အရပ်ရှည်လာတယ်… လိင်အဂ်ါတွေဖွံ့ဖြိုးလာတယ်… စသဖြင့်ပေါ့…. အတတ်နိုင်ဆုံးယဉ်ကျေးတဲ့ စကားမျိုးနဲ့ ကလေးနားလည်လွယ်အောင်ပြောရမယ်…

လိင်ပညာပေးတဲ့အခါ မဖြစ်မနေထည့်ပြောရမှာကတော့…သား/သမီးရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ private parts တွေကို တခြားဘယ်သူတဦးတယောက်ကမှ အကြာကြီး ကိုင်တွယ်ပွတ်သပ်ခွင့်မရှိဘူး…. တခုခုထူးခြားတာနဲ့ ဒီအခြေအနေကနေ လွတ်မြောက်ဖို့ အကူအညီရယူရမယ် ဆိုတာပါပဲ မမွန်ရေ”

“ကျေးဇူးအများကြီး တင်ပါတယ် ညီမလေးရေ… ခုမှပဲ မမွန်ဘယ်လို ပြောရမယ်ဆိုတာ သဘောပေါက်သွားတော့တယ်”

“ဟုတ်ကဲ့ပါ မမွန်ရေ…တချို့ကလေးတွေကျတော့လဲ သူတို့ကစပြီး ဒါမျိုးမေးခွန်းတွေ မမေးတာရှိတယ်… အဲဒီအခါ မိဘကနေစပြီးတော့.. ‘ကလေးလေးတွေ ဘယ်လိုဖြစ်လာသလဲ သားသိလား’ ဆိုတဲ့ မေးခွန်းမျိုးနဲ့ စလို့ရပါတယ်….
ကလေးတွေကို လိင်ပညာပေးတဲ့ အခွေတွေ ရုပ်ပုံတွေ you tube video တွေလဲရှိလို့…. မိဘတွေ အနေနဲ့ ခုခေတ်မှာ လေ့လာဖို့ အခွင့်အလမ်း များနေပါပြီ မမွန်ရေ ”

သဘောကျကျေနပ်သွားတဲ့ မမွန်ကို ကြည့်ရင်း ကျွန်မလဲ ကြည်နူးကျေနပ်မိရင်း…..

စိမ်းမိုးစက်