နယ်မှာနေသူများ အသက်ပိုရှည်ကျန်းမာသတဲ့

စိမ်းလန်းစိုပြေတဲ့ လယ်ကွင်းတွေ သစ်တောတွေ တောင်တန်းတွေလို ဧရိယာများနဲ့ သဘာဝ ပတ်ဝန်းကျင်ဒေသတွေမှာ နေထိုင်ကြသူဟာ မြို့ကြီးပြကြီးများမှာ နေထိုင်ကြသူအတွက် စိတ်ကျန်းမာရေး၊ ကိုယ်ကာယကျန်းမာရေးအပြင် အိမ်နီးနားခြင်းတွေ ဆွေမျိုးနီးစပ်တွေနဲ့ စုပေါင်းပျော်ရွှင်စွာနေထိုင်ကြရတာမို့ ပိုလို့တောင် အသက်ရှည်ကျန်းမာလာတယ်ဆိုတာ လေ့လာချက်တွေ သုတေသနပြုချက်တွေနဲ့ စစ်တမ်းပေါင်းများစွာအရ ဖော်ထုတ်တွေ့ရှိလာ ပြီး ဖြစ်ပါတယ်။ ရန်ကုန်မန္တလေးကဲ့သို့ မြို့ကြီးတွေမှာ နေထိုင်ကြရသူတွေနဲ့ ကိုယ့်မြို့ကိုယ် ရွာလေးတွေမှာ အေးအေးချမ်းချမ်း နေထိုင်ကြရတဲ့လူတွေတောင် စိတ်ဖိစီးမှုတွေ အတော်ကွာ ခြားလာပါပြီ။ မြို့ကြီးမှာတောင် ရန်ကုန်လိုနေရာမျိုးမှာ တစ်နေရာနှင့် တစ်နေရာသွားချင်ရင် ဘတ်စ်ကား(သို့) တက္ကစီ(သို့) မြို့ပတ်ရထားစီးပြီးသွားလေ့ရှိတာမို့ လမ်းအလျှောက် နည်း သွားကြပါတယ်။ ဆိုင်ကယ်တွေပေါလာတော့လည်း စက်ဘီးနင်းခြင်းလို့၊ အားစိုက်မနင်းရ တော့လည်း လှုပ်ရှားဆိုတာ မရှိသလောက်နည်းပါးလာပြန်ပါတယ်။ ၃၀ မိနစ်လောက်လမ်း လျှောက်သွားရမဲ့ရောမျိုးကိုတောင် ကားစီးသွားရင် ၅ မိနစ် ၁၀ မိနစ်မျှသာ အချိန်ယူရတာမို့ လမ်းလျှောက်မနေကြတော့ပါ။ ကိုယ်ပိုင်ကားတွေပိုများလာတော့ ပိုဆိုးလာပါတယ်။ တော်ရုံ ဖြင့် ကားနဲ့ပဲမော်ကြွားသွားလာချင်ကြတာပေါ့။

တဖန်မြို့ကြီးတွေမှာ တိုက်ခန်းတွေဆိုတော့ ကိုယ်ဝန်းကိုယ်ခြံလေးမရှိတော့ပါ။ အပင် စိုက်ရေမောင်းရန်မြေမရှိပါ။ နယ်မှာ နေတုံးက မြေကြီးဆိုတာ ကိုယ်ဝန်းကိုယ်ခြံထဲမှာ မြေနေရာလပ်မရှိခြံဒေါင့်မှာ သဘာဝအရ ငှက်ကလေးတွေချပေးတဲ့မျိုးစေ့က ပေါက်တဲ့အပင် လေးတွေ သီးပင်စားပင်တွေ ဘယ်နေရာကြည့်ကြည့်ပေါက်ပြီးသားမို့ အိမ်နီးချင်းတို့တောင်း စမရာမလို ကြိုက်သလိုချိုးယူသုံးစားနိုင်ပါတယ်။ စိမ်းစိမ်းစိုစို အပင်လေးတွေက မျက်စိဘယ် နေရာကြည့်ကြည့် မျက်စိတဆုံး စိမ်းလဲ့နေတာပါပဲ။

အစားအသောက်တွေကြည့်ပါက လတ်လတ်ဆတ်ဆတ် ချက်ပြတ်ပြီး ရောင်းချကြ တာပါ။ ယခုခေတ်မှာတော့ တာရှည်ခံအစား အသောက်မုန့်ထုပ်၊ ဘီစကစ်၊ ကွက်ကီး၊ အချိုရည်မျိုးစုံ၊ အသင့်စားလက်ဖက်ဆီနဲ့ နှစ်ပြန်သုံးပြန်အကြော်တွေ လှိုင်ဘောလယ် နေတော့ လက်ငင်းချက်ခြင်း နေ့ချင်းရောင်းချစားသောက်ရသူများနည်းပါးလာကြပြန်ပါတယ်။ စတိုးဆိုင်ကြီးတွေရဲ့ စင်တွေပေါ်က ကင်ဆာရောဂါနှင့် နှစ်လုံးသွေးကြောပြဿနာတွေပေးမဲ့ (သွေးတိုးရောဂါ ဆီးချို သွေးချိုရောဂါ အဖြစ်များစေနိုင်တဲ့ )အစားအသောက်တို့ကနေရာယူ လာကြတော့ ဆယ်စုနှစ် အတော်လေးကြာခဲ့ပါပြီ။ လူတွေကလည်း ပင်ပင်ပန်းပန်းမချက်ရ တော့ပဲ အလွယ်တကူဝယ်စားနိုင်သော အထုပ်တွေ အပိုးတွေကိုပဲ အကြိုက်တွေ့လာတဲ့အခါ အချိုဓတ်ကဲ၊ အငန်ကဲ၊ ဆားနှင့် အချိုမှုန့် အရသာမြင့်မားတဲ့ အစားအစာတွေေ ရာင်းအား တတ်လာတာ ကိုယ်တွေ့မျက်မြင်ပါပဲ။ သူတို့တွေကြီးထွားတိုးတက်ဖွံ့ဖြိုးလာလေ လူတွေ ဆေးရုံဆေးခန်းကြီးတွေမှာ ကြိတ်ကြိတ်တိုးတိုးများလားတာ သိပ်တော့ မထူးဆန်းလှပါ။

တဖန်မြို့ကြီးပြကြီးတွေတတ်ပြီး အလုပ်အကိုင်ရှာဖွေကြရတဲ့အခါ အပြိုင်အဆိုင် ရှိလာ ကြတယ်။ ကာယ သို့မဟုတ် ဥဏလုပ်ငန်း ၀န်းထမ်းကြရာမှာ အိမ်ငှားရတဲ့ ကိစ္စ၊ အစား အသောက်အနေအထိုင်ချို့တဲ့တာလည်းရှိကြတော့ စိတ်ဖိစီးမှုတွေ များတတ်ပါတယ်။ ရုံးတတ် ရုံးဆင်းတောင်တချို့ဆိုရင် မနက်အိမ်(သို့) အိမ်ငှား(သို့) အဆောင်က နံနက်(၇) နာရီ စထွက်ရတာရှိသလို၊ မြို့ပြင်ကဆိုရင် ကားကြပ်ကားလမ်းပိတ်မှုတွေကြောင့် ဒီထက်စောစော ထပြီး အလုပ်ရှိရာလာရပါတယ်။ ရုံးသို့မဟုတ် အလုပ်က ညနေခင်းပိုင်း ၅ နာရီသိမ်းပေမဲ့ အိမ်ပြန်ရောက် အဆောင်ပြန်ရောက်ဖို့ ဘတ်စ်ကားအဆင့်အဆင့်စီးရတာနဲ့ ညမိုးစုပ်စုပ်ချုပ် ၈ နာရီ သို့မဟုတ် ၉ နာရီလောက်မှ အိမ်ပြန်ရောက်ရေမိုးချိုးအနားယူကြရပါတယ်။ လူငယ်တွေအဖို့မတောင်းတာပေမဲ့ အသက်ရလာတဲ့အခါ အတော်လေး ပင်ပန်းစေပါတယ်။ ကုန်တိုက်ကြီးတွေမှာ အလုပ်လုပ်ကြရရှာတဲ့ ၀န်ထမ်းတွေဆိုရင် နံနက် ၉ နာရီ ဆိုပေမဲ့ ဆိုင်ပိတ်ရန်နှင့်ပစ္စည်းတွေနေရာပြန်ချရသိမ်းဆည်းရတာမျိုးရှိပါက ၁၀ နာရီထိုးခါနီးမှသာ အိမ် ပြန်ရတာကို တခါတရံ ဆုံဘူးလို့သိရတယ်။ ဒီလိုနဲ့ အလုပ်သံသရာလည်နေရတာ နားရက် လေး တစ်ရက်ဟာ သူတို့အဖို့ကတော့ တန်ဖိုးရှိစေပါလိမ့်မယ်။ နားရက်မှ အ၀တ်လျှော် ဈေးဝယ် စသည်ဖြင့် ကိုယ်ရေးကိုယ်တာတွေ လုပ်ဆောင်ကြရမှာဖြစ်တယ်။ လုပ်ငန်းခွင်ထဲက ၀န်ထမ်းအချင်းချင်းသာ နားလည်မှုပေးနိုင်မှာဖြစ်ပြီး တခါတစ်ရံ ၀န်ထမ်းအချင်းချင်း(သို့) ကတ်စတန်မာ ဖောက်သည် ဈေးဝယ်သူတွေ(သို့) အထက်က တာဝန်ရှိသူနဲ့ ဆက်ဆံရေး မပြေလည်ပါက အလုပ်ခွင်မှာပျော်ရွှင်မှုနည်းပါးသွားတတ်တာတွေလည်း ရှိတော့ စိတ်ဖိစီး စေတာပါပဲ။ ဒီကြားထဲ အလုပ်အကိုင်မရှိတော့တဲ့အခါ (သို့) အလုပ်ပြုတဲ့အခါမှာလည်း စိတ် ပိုင်းဆိုင်ရာပြဿနာတွေရှိလာတတ်ပါတယ်။

နယ်မှာတော့ ကိုယ်နေတဲ့ ဒေသကိုက စိန်းလန်းနေပြီး အမျိုးတွေဆွေမျိုးနီးစပ်တွေ(သို့) နှစ်အိမ့်တစ်အိမ်လိုရင်းရင်းနှီးနှီးသူရှိကိုယ်စား ကိုယ်ရှိသူစား နေထိုင်ကြရတဲ့ရိုးသားတဲ့ဘ၀မှာ စိတ်ပျော်ရွှင်စေသလို တစ်ဦးနဲ့တစ်ဦးဖေးကူလက်တွဲ ခေါ်ဆောင်တတ်တဲ့ စိတ်သဘောဖြူစင် သန့်ရှင်းမှုတွေက ကိုယ့်ကိုကိုယ် ယုံကြည်မှုမြင့်မားစေပါတယ်။ အပြိုင်အဆိုင်လည်း နည်းတာ တော့ မြို့ကြီးတွေနဲ့မတူတာ အမှန်ပါပဲ ။ အေးအေးချမ်းချမ်းနေတတ်သူတွေများပါတယ်။

အမေရိကန်လို့ ဖွံ့ဖြိုးတိုးတက်လှတယ်ဆိုတဲ့ နိုင်ငံကြီးတွေမှာတောင် နိုင်ငံအနှံ့ရှိ အမေရိကန်အမျိုးသမီးကြီးပေါင်း တစ်သိန်းရှစ်ထောင်(၁၀၈,၀၀၀) ဦးထက်မက ပါဝင်တဲ့ ကူညီ ပါဝင်သူများအား ၂၀၀၀ ခုနှစ်မှစပြီး ၂၀၀၈ ခုနှစ်အထိ သူနာပြုကျန်းမာရေးလေ့လာသူများ အဖွဲ့မှ စာရင်းကောက်စစ်တမ်းယူခဲ့ရာ ဟားဘတ်ပြည်သူ့ကျန်းမာရေးဌာန၊ ဘရစ်ဟမ်းနှင့် အမျိုးသမီးဆေးရုံတို့မှ သုတေသီများက စစ်ဆေးသုတေသနလေ့လာခဲ့တာဖြစ်ပါတယ်။ ၎င်းတို့စစ်ဆေးတွေ့ရှိလာချက်အရတောတောင်စိမ်းလန်းတဲ့ဒေသနားတ၀ိုက်နေထိုင်ကြသူ တွေ လယ်ယာစိုက်ပျိုးဥယျာဉ်ခြံထဲမှာ စိုက်ပျိုးလုပ်ကိုင်နေထိုင်ကြသူတွေမှာ ရောဂါဖြစ်တာ နည်းပါးကြသလို သေဆုံးနှုံးလည်းမြို့ကြီးပြကြီးမှာနေထိုင်ကြတဲ့ အမျိုးသမီးကြီးတွေထက် ပို၍ နည်းပါးလှတာကို ဖော်ထုတ်တွေ့ရှိခဲ့ကြလို့ပါပဲ။ ရာခိုင်နှုန်းအားဖြင့် ၁၂% ပို၍နည်းပါးစွာ သေဆုံးကြောင်းနှိုင်းယှဉ်မိကြတယ်။

ထိုသုတေသီတွေတွေ့ရှိချက်အရ သဘာဝပေါက်ပင်တွေရှင်သန်ရာ တောတောင်   များက ရာသီဥတုဖောက်ပြန်ပူပြင်းခြောက်သွေ့ကာလဘေးလေဘေးရေဘေး ကြုံတွေ့လာနိုင် တာမို့ သစ်ပင်သစ်တောထိန်းသိမ်းစောင့်ရှောက်မှု အဆင့်အတန်းမြင့်မားပါက ထိုဒေသရှိ လူတွေလည်း ကျန်းမာရေးအထူးကော်းမွန်ကာ ရောဂါဘယဖြစ်နှုန်းနည်းသလို ရောဂါဘယ တွေကြောင့် သေဆုံးနှုန်းလည်း နည်းလှပါတယ်။ မြို့ကြီးပြကြီးလို မွန်းကြပ်မှုမရှိ (လေထုညစ် ညမ်းမှုနည်းပါးတာမို့) အသေအအပျက် ပို၍ နည်းပါးရခြင်းဖြစ်ပါတယ်။ ထိုသုတေသန အဖွဲ့ရဲ့ စစ်တမ်းအရဤတွေ့ရှိချက်ဟာ အမျိုးသမီးတွေလိုပဲ အမျိုးသားတွေမှာလည်း အတူတူပဲဖြစ်မှာလို့ ယုံကြည်ကြပါသတဲ့။

သုတေသနလုပ်ဆောင်ရာမှာ တက်ကြွလှုပ်ရှားမှုရှိတဲ့သူတို့ရဲ့ရလဒ်အရ သဘာဝတော တောင်စိမ်းလန်းတဲ့ နယ်မြေဒေသနားမှာနေထိုင်ကြတဲ့ အမျိုးသမီးများတွင် ကျောက်ရောဂါ ကြောင့်သေဆုံးနှုန်း ၄၁% အသက်ရှုလမ်းကြောင်းပြဿနာရောဂါတွေကြောင့် သေဆုံးနှုန်း ၃၄%နှင့် ကင်ဆာရောဂါတွေကြောင့် သေဆုံးရနှုန်း ၁၃% ပို၍နည်းပါးကြကြောင်း မြို့ကြီး ပြကြီးဒေသများတွင် နေထိုင်ကြတဲ့ အမျိုးသမီးများနှင့် နှုန်းယှဉ်ရာမှာ တွေ့ရှိလာတဲ့အချက် တွေဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။