လုံခြုံစိတ်​ချ လိင်​မှုကိစ္စ

“ငါ့သမီး ​တော်​လှ ​တော်​လှ… ​ယောင်းမ မြင်းစီးထွက်​ပြ ရတယ်​လို့ကွာ… ​တောက်​ “… ည​ပိုင်း​လေး ခဏအား​နေတုန်း.. မြန်​မာဇာတ်​ကား​လေး ကြည့်​​နေတုန်း… မင်းသမီးရဲ့ အ​ဖေမှ တက်​​တ​ခေါက်​​ခေါက်​နဲ့ ​ပြော​နေတဲ့ စကားသံပါ…အဲ့မှာ ကိုယ်​ကလည်း ဆရာဝန်​ဆို​တော့ ဆရာဝန်​အ​တွေး​လေး ​တွေးမိပြန်​ပ​ပေါ့…လူငယ်​သဘာဝ အချစ်​​အတွက်​ အလိုလိုက်​ခဲ့ကြ​ပေမယ့်​… ကျန်းမာ​ရေး အသိနည်းတဲ့အခါမှာ မဖြစ်​သင့်​တာ​တွေ ဖြစ်​ကြ လူမှု​ရေးပြသနာ​တွေ ​အပြင်​ လိင်​ဆက်​ဆံမှု​ကြောင့်​ ကူးစက်​​ရောဂါ​တွေ ကြုံကြရနိုင်​ပါတယ်​…. ဒါ​ကြောင့်​ အရွယ်​​ရောက်​လာတဲ့သူတိုင်းမှာ လုံခြုံစိတ်​ချရ​တဲ့ အန္တရာယ်​ကင်းတဲ့ လိင်​ဆက်​ဆံမှုအ​ကြောင်းကို သိထားဖို့ လိုအပ်​ပါတယ်​…

အန္တရာယ်​ကင်းတဲ့ လိင်​ဆက်​ဆံမှုဆိုတာ…?

မိမိတင်​မကပဲ မိမိရဲ့ လိင်​ဆက်​ဆံ​ဖော်​ကိုပါ လိင်​မှတဆင့်​ ကူးစက်​နိုင်​တဲ့ ​ရောဂါ​တွေကို ကာကွယ်​ခြင်း ဖြစ်​ပါတယ်​..

လိင်​ဆက်​ဆံတဲ့အခါမှာ… ပါးစပ်​၊ စအို၊ မိန်းမကိုယ်​မှ တဆင့်​ ဆက်​ဆံတတ်​ကြပါတယ်​..မည်​သို့ ဆက်​ဆံ​စေကာမူ.. ဒီလို ကာကွယ်​ဖို့ရာ နည်းလမ်း​တွေ အများကြီး ရှိပါတယ်​.. ​နီးစပ်​ရာ ​ဆေးဆိုင်​ စတိုးဆိုင်​​တွေမှာ အမျိုးသားသုံး ကွန်​ဒုံး၊ အမျိုးသမီးသုံး ကွန်​ဒုံး​တွေ ဝယ်​ယူနိုင်​ပါတယ်​… ​မှန်​ကန်​​သော နည်းလမ်းကို အသုံးပြုပါက…ကိုယ်​ဝန်​ မရှိနို​င်​​ဖို့​ ​ရောဂါမကူးစက်​ဖို့ ရာခိုင်နှုန်းအများစုရှိပါတယ်​…

လိင့်​မှတဆင့်​ ကူးစက်​​ရောဂါ​တွေ ​အတတ်​နိုင်​ဆုံး ကာကွယ်​ဖို့ရာ… နည်းလမ်း တချို့လဲ ရှိပါတယ်​…

– လိင်​ဆက်​ဆံခြင်းမပြုပဲ… ​ပွေ့ဖက်​တာ… မိမိဘာသာ အာ​သာ​ဖြေခြင်း..(သို့) မိမိအ​ဖော်​​ရှေ့မှာ အာသာ​ဖြေခြင်း…

– လိင်​မဆက်​ဆံခင်​ မိမိ(သို့) ဆက်​ဆံ​ဖော်​၏ လိင်​အင်္ဂါတဝိုက်​တွင်​ ​ပေါက်​ပြဲ​ခြင်း၊ အနံ့ဆိုးထွက်​ခြင်း၊ အနာများ ရှိ​နေလား စစ်​​ဆေးပါ

– ​ဆေးစစ်​ခြင်း(သို့)မိမိဆီမှာ ကူးစက်​​ရောဂါ ရှိပါက ပုံမှန်​ကုသခြင်း ပြုလုပ်​ပါ…

– မူးယစ်​ သုံးစွဲခြင်း ၊ အရက်​​သေစာ ​သောက်​စားပြီး​နောက်​ လိင်​ဆက်​ဆံပါက.. အကာအကွယ်​ အသုံးပြုပုံ မမှန်​ကန်​တတ်​တာမို့ ဖြစ်​နိုင်​ပါက ​ရှောင်​ကြည်​ပါ…​ မူးယစ်​​ဆေးသုံးတဲ့အခါမှာလဲ ​ဆေးထမုးအပ်​ကို မျှ​ဝေသုံးစွဲခြင်း မပြုပါနှင့်​…

– sex toys ​တွေ အသုံးပြုပါက အတူတူသုံးခြင်း မပြုပါနဲ့.. အသုံးပြုပြီး​နောက်​တွင်​ သန့်​ရှင်းစွာထားပါ…

– ပါးစပ်​ ၊ စအို (သို့) မိန်းမကိုယ်​မှ တဆင့်​ တခါ ဆက်​ဆံပြီးတိုင်း အကာအကွယ်​အသစ် လဲလှယ်​​အသုံးပြုပါ….

– liquid based lubricant ​အသုံးပြုပါ

– ကြမ်းတမ်းစွာ ဆက်​ဆံခြင်းပြုပါက ကွန်​ဒုံး​ပေါက်​ပြဲခြင်းများ ​တွေကြုံရနိုင်​သလို…လိင်​အင်္ဂါတွင်​ ထိခိုက်​ခြင်း ပြဲခြင်းမှာ ဖြစ်​နိုင်​ပါတယ်​… မိမိဆက်​ဆံ​ဖော်​မှ နာကျင်​မှု ခံစားရပါက ရပ်​တန့်​ပါ…

မိမိကိုယ်​​ရော ဆက်​ဆံ​ဖော်​ကိုပါ…လိင်​မှတဆင့်​ ​ရောဂါပိုး မကူးစက်​ဖို့ရာ .. လိင်​အင်္ဂါမှ ထွက်​​သော အရည်​များ၊ ​သွေးများကို မထိ​တွေ့ဖို့လိုအပ်​ပြီး အ​ရေပြားမှတဆင့်​ (သို့) လိင်​အင်္ဂါမှတဆင့်​ မ​ထိ​တွေ့နိုင်​​အောင်​ သတိထားသင့်​ပါတယ်​….

လိင်မှတဆင့်ေ​​ရာဂါကူးစက်​မှု ​လျော့ချဖို့ရာ အကာအကွယ်​ကို မှန်​ကန်​စွာ အသုံးပြုကြဖို့ တိုက်​တွန်းလိုက်​ရပါတယ်​..

ပိုင်​နီ​မောင်