Rubella ဂျိုက်သိုးကာကွယ်ဆေး

ယခင်က ပုံမှန်ကာကွယ်ဆေးထိုးသောအစီအစဉ်တွင်မပါဝင်သော်လည်း ယခုစတင်ထိုးနေပြီ ဖြစ်သည်။
ဝက်သက်နှင့် ဂျိုက်သိုးကာကွယ်ဆေး(MR) ၊ ၀က်သက်၊ ဂျိုက်သိုး၊ ပါးချိတ်ရောင်ရောဂါ ကာကွယ်ဆေး(MMR) စသည့်ပုံစံများဖြင့်လည်း
ထုတ်လုပ်ထားပါသည်။ ဤရောဂါပိုးသည် ကလေးများတွင်သာမက ကိုယ်ဝန်ဆောင်မိခင်များတွင်လည်း သားပျက်သားလျောနှင့် မွေးလာသော
ကလေးတွင်လည်း မွေးရာပါရောဂါဆိုးများပါလာတတ်သောကြောင့် ကလေးရော လူကြီးပါထိုးသင့်သောကာကွယ်ဆေးဖြစ်ပါသည်။
ကူးစက်မြန်သောရောဂါဖြစ်၍ ကာကွယ်ထားရန်လိုအပ်ပါသည်။တစ်ကြိမ်ထိုးဖြင့် ကာကွယ်ရန်လုံလောက်ပါသည်။
ကလေးများတွင် အသက် ၉လတွင် ထိုးပေးနေပါသည်။
အရွယ်ရောက်ပြီးကလေးမွေးနိုင်သော မိန်းကလေးများနှင့် မိခင်လောင်းများထိုးထားသင့်ပါသည်။