က​လေးက ခဏခဏတက်​ရင်​ စိုးရိမ်​ရသလား:?

က​လေး တက်​​နေတယ်​ဆိုတာ ဘာ​ကြောင့်​လဲ? ဘယ်​လိုပုံစံ​တွေ ဖြစ်​နိုင်​သလဲ?

၁။ အသက်​ ၆လက ၆နှစ်​အတွင်းဖြစ်​ပြီး အဖျားကြီးမှ တက်​တယ်​။ ကျန်​တဲ့ အန်​တာ၊ လည်​ပင်း​တောင့်​တာ၊ သတိလစ်​တာ​တွေ မရှိဘူးဆိုရင်​ အဖျားကြီးလို့ သာမန်​တက်​တာမျိုး ဖြစ်​နိုင်​ပါတယ်​။ အထူးသဖြင့်​ မျိုးရိုးထဲမှာ အဖျားကြီးတိုင်း တက်​တတ်​တဲ့သူပါရင်​ ပိုဖြစ်​နိုင်​ပါတယ်​။

၂။ အဖျားကြီးရုံသာမက လည်​ပင်း​တောင့်​တာ၊ က​လေးက ကျီကျ​နေတာ၊ မှိန်း​နေတာ စတာ​တွေပါ ပါလာရင်​​တော့ ဦး​နှောက်​အ​မြှေး​ယောင်​ စိုးရိမ်​ရပါတယ်​။ အထူးသဖြင့်​ နားပြည်​ယိုထားတဲ့ က​လေး​တွေ၊ ​ခေါင်းထိခိုက်​ထားတဲ့ က​လေး​တွေမှာ ပိုစိုးရိမ်​ရပါတယ်​။

၃။ က​လေးက က​ယောင်​ကတမ်း​တွေပါ ​ပြော​နေတယ်​၊ သတိလစ်​တယ်​ ဆိုရင်​ ဦး​နှောက်​​ယောင်​တာလည်း ဖြစ်​တတ်​ပါတယ်​။

၎။ က​လေးက အဖျားလည်း မရှိပဲ ခဏခဏ တက်​​နေရင်​​တော့ အတက်​​ရောဂါ ​ကြောက်​ရပါတယ်​။

မိမိက​လေး တက်​​နေတဲ့ အခါ

၁။ က​လေးကို ​ဘေး​စောင်းထားပါ

၂။ ပါးစပ်​ထဲကို ​ကြောက်​လန့်​တကြား ပစ္စည်း​တွေ မထိုးထည့်​ပါနဲ့

၃။ လက်​ချိုး ​ခြေချိုး မလုပ်​ပါနဲ့

၎။ ချုပ်​မထားပါနဲ့

၅။ အတက်​ကျတာနဲ့ နီးစပ်​ရာ​ဆေးရုံကို ပို့ပါ။