ခွေးရူးပြန်ရောဂါ လက္ခဏာများ

အဆင့် ၅ဆင့် ရှိပါသည်

၁။ပထမဆင့်- ရောဂါအစပျိုးချိန်
ခွေးကိုက်ခံရသည့် နေရာနှင့် ဦးနှောက်တည်ရှိမှု အနီးအဝေးပေါ် မူတည်ပြိး အစောဆုံး ၄ရက် မှ ၆နှစ် အထိ ကြာတတ်ပါသည်။
အနာယားယံလာသည့် လက္ခဏာမှ အပ မည်သည့်လက္ခဏာမှ မတွေ့ရပါ

၂။ ဒုတိယအဆင့် – ရောဂါအစောပိုင်း လက္ခဏာများ
-ကိုယ်နွေးခြင်း
– ချမ်းစိမ့်စိမ့်ဖြစ်ခြင်း
– ကိုယ်လက်ကိုက်ခဲခြင်း
– ခေါင်းကိုက်ခြင်း
– အစာစားချင်စိတ် မရှိခြင်း
– ကိုယ်လက် မအီမသာ ဖြစ်ခြင်း

၃။တတိယအဆင့်- ဦးနှောက်နှင့် အာရုံကြော လက္ခဏာများ
-အဖျားကြိးပြိး ရုန်းရင်းဆန်ခတ် ဖြစ်ခြင်း
-မျက်လုံးများ ဂနာမငြိမ် ဖြစ်ခြင်း
-တံတွေးမမျိုချနိုင်ပဲ တံတွေး တပျစ်ပျစ် ဖြစ်နေခြင်း
-ရေသောက်ရန် ကြောက်ခြင်း
အထက်ပါ လက္ခဏာများ ၃ရက်မှ ၅ရက်ခန့် ကြာပြိးနောက်

၎။ စတုတ္ထအဆင့်- နောက်ဆုံး လက္ခဏာများ
-ပါးစပ်တွင် အမြှုပ် တစီစီ ထလာခြင်း
-တက်ခြင်း၊ ကြွက်သားများတောင့်တင်းလာကာ အစာမစားတော့ဘဲ တဖြည်းဖြည်း မေ့မျောသွားခြင်း

၅။ နောက်ဆုံး၌ လှုပ်ရှားမှုအားလုံး ငြိမ်သက်သွားပြီး
အသက်ရှု သို့မဟုတ် နှလုံးခုန်ရပ် သေဆုံးခြင်း တို့ ဖြစ်ပါသည်။