PCV ပီစီဗီခေါ် ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး

၂၀၁၆ နှစ်လည်ပိုင်းမှ မြန်မာနိုင်ငံတွင် စတင်ထိုးသော ကာကွယ်ဆေးအသစ်ဖြစ်ပါသည်။
အင်္ဂလိပ်အမည်မှာ Pneumococcal conjugate vaccine ဖြစ်ပါသည်။ ပီစီဗီ ၇၊ ၁၀၊ ၁၃၊ ၂၃ စသည်ဖြင့် ကာကွယ်ဆေး
အမျိုးအစားအမျိုးမျိုးရှိသည့်အနက် မြန်မာနိုင်ငံတွင်လက်ရှိထိုးနေသော ကာကွယ်ဆေးမှာ ပီစီဗီ ၁၀ ဖြစ်ပါသည်။
S pneumonia ခေါ် ဘက်တီးရီးယားပိုးကို ကာကွယ်သောဆေးဖြစ်၍ ဤပိုးသည်ကလေးများတွင် ဦးနှောက်အမြှေးရောင်၊ အဆုတ်ရောင်၊
စသည့်ရောဂါများကိုဖြစ်စေသည်။
အသက် ၂လ၊ ၄လ၊ ၆လ များတွင် ၃ကြိမ် ထိုးရပါမည်။
အိပ်အိုင်ဗွီနှင့် ခုခံအားကျဆင်းသောရောဂါရှိသော ကလေး နှင့် စောမွေးသောကလေးများတွင်လည်း အသက် ၁၂လ မတိုင်မီ
၃ကြိမ်အပြည့်ထိုး၍ အသက် ၂ နှစ်တွင် အားဖြည့်တစ်ကြိမ်ထိုးသင့်ပါသည်။
ပီစီဗီ ၁၃ကို အနည်းဆုံး ကလေးအသက် ၆လမှစတင်ထိုးနိုင်ပြီး ၂၃ကို အသက် ၂နှစ်မှ သာထိုးရပါမည်။
ပီစီဗီ ၁၃နှင့် ၂၃တို့ကို အသက် ၆လ မှ ၁၈နှစ်အတွင်း ရောဂါပိုးဝင်ရောက်နိုင်သူအားလုံးကို ထိုးပေးနိုင်ပါသည်။