ချောကလက်အမဲ နဲ့ ချစ်ကြောင်းသက်သေပြရအောင်

ချစ်ကြောင်းသက်သေပြဖို့ဆိုတာ ချောကလက်အမဲလိုပါသလား?
ဒီအဖြေ ဖြေဖို့ဆို လိုပါတယ်လို့ပဲ ဖြေရပါလိမ့်မယ်။

ဘာကြောင့်လဲဆို ချောကလက်အမဲတစ်တောင့်မှာ အံ့ဩဖွယ်အစွမ်းသတ္တိကောင်းများ နဲ့ ပြည့်စုံနေလို့ပါ။

🔖ကိုယ်အလေးချိန်ကျစေပါတယ်။
ချောကလက်အမဲမှာပါတဲ့ ကြွယ်ဝတဲ့အမျှင်ဓာတ်ဟာ ဗိုက်ပြည့်စေပြီး ဇီဝကမ္မဖြစ်စဉ်မြန်စေတာမို့
အဆီတွေ လောင်ကျွမ်းစေပါတယ်။

🔖ရေရှည်ချောင်းဆိုးခြင်းသက်သာစေပါတယ်။
ချောကလက်အမဲမှာ ပါဝင်တဲ့ Theobromine ဟာ ချောင်းဆိုးသက်သာစေပါတယ်။

🔖သွေးတွင်း အဆီဓာတ်ကျစေပါတယ်။
မကောင်းသော LDL ကိုလက်စတီရောကို ကျစေပါတယ်။

🔖ကိုယ်ခံအားကောင်းစေပါတယ်။
Flavinoid ပါဝင်တာကြောင့် ကိုယ်ခံအားစွမ်းရည် မြင့်စေပါတယ်။

🔖လေဖြတ်ကာကွယ်ပေးပါတယ်။
တစ်ပတ်လျှင် ၂.၂ အောင်စ စားသုံးခြင်းဖြင့် ၁၇ % လေဖြတ်ခြင်း ကာကွယ်ပေးနိုင်ပါသည်

🔖အရေပြားတင်းရင်းလှပစေပါတယ်။
ချောကလက်အမဲဟာ အရေပြားသွေးလည်ပတ်မှုကောင်းစေပြီး ရေဓာတ်ထိန်းပေးပါတယ်။ နေရောင်ကြောင့် အရေပြားပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။

🔖စိတ်ဖိစီးခြင်းလျော့ကျစေပါတယ်။
စိတ်ပျော်ရွင်စေတဲ့ Endrophinဟော်မုန်းထွက်စေတာမို့ စိတ်ပျော်ရွင် စေပါတယ်။

🔖မှတ်ဥာဏ်ကောင်းစေပါတယ်။
ဦးနှောက်သွေးလည်ပတ်ခြင်းကောင်းစေတာမို့ မှတ်ဥာဏ်အားကောင်းပြီး အသက်ကြီး၍ မှတ်ဥာဏ်ချို့ယွင်းခြင်းမဖြစ်အောင်ကာကွယ်ပေးသည်။

ဒါကြောင့် ကောင်းမွန်လှတဲ့ချောကလက်အမဲကို ဒီလိုတင်စားတာလွန်မယ် မထင်ပါဘူးနော်။

မယ်တင် (ဆေး ၁)