“​ဆောင်းရာသီတွင်း အသားမပတ်​​အောင်​ ဘယ်​လို ကာကွယ်​ရမလဲ”

“အလွန်​​အေးတဲ့ ရာသီ… အလွန်​ချမ်းတဲ့ရာသီ”

ဆောင်းတွင်းဝင်​လာ​တော့.. အချမ်းပိုပြီး.. အအိပ်​ပိုမယ်​.. ​အိပ်​ရာထဲ​ကွေး​ကောင်းတာနဲ့အတူ..အားကစားလိုက်​စားသူ​တွေအဖို့ကျပြန်​​တော့ မနက်​ခင်း အ​အေး​လေးပို​​နေချိန်​ ပိုအားစိုက်​လို့ရပြန်​သလို.. မဖြစ်​မ​နေ အလုပ်​ရှိလို့ မနက်​ထရသူ​တွေ.. အပြင်​သွားရသူ​တွေအဖို့… ဂရုစိုက်​ရမယ့်​အရာက​တော့.. အသားအ​ရေပါပဲ…

အ​​ရေပြားဟာ ခန္ဓာကိုယ်​တစ်​ခုလုံးမှာ အပါးဆုံး ဖြစ်​သလို သူ့ကို မ​ခြောက်​​သွေ့​အောင်​ ကာကွယ်​ဖို့ကလဲ ခက်​ခဲပြန်​ပါတယ်​.. သို့​သော်​ ဒီလိုအချက်​​လေး​တွေ လိုက်​နာခြင်း အားဖြင့်​​တော့ အ​တော်​တန်​ သက်​သာ ကွယ်​နိုင်​ပါတယ်​..

– အသားအရည်​နဲ့ ပတ်​သတ်​တဲ့ အထူးကုဆရာဝန်​​တွေဆီက ကိုယ်​နဲ့ သင့်​​လျော်​တဲ့ ​ဆေးများ၊ လိမ်း​ဆေးများ ​အကြံဥာဏ်​​တောင်းယူလို့ရပါတယ်​..ခု​​ခေတ်​ ​ဈေးကြီးစရာမလိုပဲ.. သင့်​တင့်​တဲ့​​ဈေးနှုန်းနဲ့ ​ဆေးများလဲ ရနိုင်​ပါပြီ…

– ​ဒါ့ပြင်​ အသားအရည်​ကို အမြဲလို စိုစွတ်​​နေဖို့… အဆီဓာတ်​ပါတဲ့ ointment ​တွေ၊ drycream ၊ night cream ​တွေ အသုံးပြုလို့ရပါတယ်​..သို့​သော်​ တချို့​သော cream​တွေဟာ မျက်​နှာအတွက်​မသင့်​​လျော်​တာမို့ ​သေချာဂရုစိုက်​လိမ်းသင့်​ပါတယ်​..

– ​နေ​လောင်​ခံကာကွယ်​လိမ်း​ဆေး​တွေကို ​ဆောင်းတွင်းမှာလဲ လိမ်းဖို့ သင့်​​လျော်​ပါတယ်​… ​​ဆောင်းတွင်းမှာ ထွက်​​ပေါ်လာတဲ့ ​နေ​ရောင်​ခြည်​​တွေဟာလဲ အသားအ​ရည်​ကို ​​နွေရာသီကဲ့သို့ ထိခိုက်​​စေနိုင်​ပါ​သေးတယ်​…

– အပြင်​သို့ထွက်​ရင်​ ​ခြေအိတ်​ လက်​အိတ်​စွပ်​ပါ.. သိုး​မွေးနဲ့ ဓာတ်​မတည့်​တဲ့ သူ​တွေအဖို့ ချည်​သား လက်​အိတ်​ ထူထူ​လေး​တွေ အသုံးပြုလို့ရပါတယ်​…

– အထူးသတိပြုဖို့ရာ စို​နေတဲ့ ​ခြေအိတ်​လက်​အိတ်​​တွေ မသုံးပါနဲ့.. ယားယံခြင်း၊အသားပိုပတ်​ခြင်းနဲ့.. နှင်းခူ​​တွေထိ​တောင်​ ဖြစ်​နိုင်​ပါတယ်..

– အိမ်​တွင်း ရုံးတွင်းမှာ humidifier ​​တပ်​ထားပြီး ​လေထုကို အနည်းငယ်​ စိုစွတ်​​နေ​အောင်​ ထားခြင်းဖြင့်​.. အသားအရည်​​ခြောက်​​သွေ့မှုကို ​လျော့ပါး​စေနိုင်​ပါတယ်​…

– ​ဆောင်းတွင်း​.. ​ရေ​အေးဖြင့်​ ​ရေမချိုးနိုင်​သူ​တွေအဖို့… ​အရမ်းပူ​သော ​ရေဖြင့်​ မချိုးဖို့ သတိထားရပါမယ်​.. အလွန်​ပူ​သော ​ရေဟာ အသားအရည်​ကို ပိုမို​ခြောက်​​သွေ့​စေနိုင်​ပါတယ်​…

ဒီလို ​ဆောင်​ရန်​ ​ရှောင်​ရန်​​တွေကို သိရှိထားခြင်းအားဖြင့်​.. ​ဆောင်းရာသီတွင်း အသားပတ်​ခြင်းဒဏ်​ကို ကာကွယ်​နိုင်​မှာ ဖြစ်​ပါတယ်​…

ချမ်း​အေးလှတဲ့ ​ဆောင်းရာသီကို စိတ်​ရွှင်​လန်း ချမ်း​မြေ့ စွာ ဖြတ်​သန်းနိုင်​ကြပါ​စေလို့ ​တောင်းဆု​မေတ္တာပြုလျက်​…

ပိုင်​နီ​မောင်
#WebMD