လိင်​မှုကိစ္စ မပြုခြင်းရဲ့ ​နောက်​ကွယ်​မှ ​ကောင်းကျိုး ဆိုးကျိုးများ

“ကမ္ဘာကြီး ဘယ်​က စ” ပါလိမ့်​…

ဗြဟ္မာကြီး​လေးဦး ၊ အာဒံ ဧဝ. အစရှိသဖြင့်​ ​ခုချိန်​ထိ မ​ရေမရာ ပြောကြမယ်​…

ပြောချင်​တာက​တော့ ကမ္ဘာကြီး ဘယ်​ကစခဲ့လဲ မသိ​ပေမယ့်​.. ယခု ကမ္ဘာ​ပေါ်မှာ ​နေထိုင်​တဲ့ လူသား​တွေက​တော့ မျိုးပွားခြင်းက ဖြစ်​​ပေါ်လာတာပဲ ဖြစ်​ပါတယ်​… မျိုးပွားဖို့ရာ ဖိုနဲ့မ ​ပေါင်းဆက်​ရတယ်​… သုတ်​ပိုးနဲ့ မမျိုးဥ ​ပေါ့… (ယခု​ခေတ်​​ပေါ် ဖန်​ပြွန်​သ​​န္ဓေသားဆိုတာလဲ သုတ်​ပိုးနဲ့ မမျိုးဥက ဖြစ်​လာတာပါ) ဆို​တော့ကာ.. ရှင်းရှင်း​ပြောရရင်​ဖြင့်​ ဖိုနဲ့ မ လိင်​ဆက်​ဆံရာက​နေ ကမ္ဘာကြီး လူဦး​ရေ တိုးပွားလာတယ်​…. ဒါပြင်​ လိင်​ဆက်​ဆံခြင်းရဲ့ ​ကောင်းကျိုးဆိုးကျိုး​တွေကိုလည်း ကျန်းမာ​ရေး ဗဟုသုတ အဖြစ်​ ​တော်​​တော်​များများ သိကြမှာပါ…

ဒါဆို..ဆန့်​ကျင်​ဘက်​ဖြစ်​တဲ့ လိင်​ မဆက်​ဆံခြင်းရဲ့ ​​ကောင်းကျိုး ဆိုးကျိုး​တွေက​ရော?

အစိုးမရတာကို” စိတ်​ ” လို့ ​ခေါ်သကဲ့လို … လူ့စိတ်​ဆိုတာ.. ​တစ်​​ယောက်​ တစ်​မျိုးရယ်​ပါ.. ဒါ​ကြောင့်​ လူတစ်​​ယောက်​ရဲ့ ဆန္ဒဟာလဲ အချိန်​နဲ့အမျှ ကွဲပြား​နေမှာပါ…လူအများကြီးကို အကဲခတ်​ဖို့ရာ ပိုခက်တာမို့ ​ယေဘုယျ​တွေ့နိုင်​တဲ့ ​ကောင်းကျိုးဆိုးကျိုး​လေး​တွေ ​ပြောပြပါမယ်​….

လိင်​မဆက်​ဆံခြင်းရဲ့ ​ကောင်းကျိုး​တွေက​တော့…

– လိင်​ဆက်​ဆံရာမှာ အကာအကွယ်​ မသုံးမိတာ​ကြောင့်​ (သို့) တပါးသူရဲ့ ခန္ဓာကိုယ်​က ထွက်​တဲ့ အကျိအချွဲ၊​သွေး စတာ​တွေနဲ့ ​ထိ​တွေ့မိလို့ ​ရောဂါ ကူးစက်​ခြင်း​တွေက​နေ ကင်း​ဝေးနိုင်​ပါတယ်​…

– ချစ်​သူရည်းစား​တွေဟာ တခါတရံ လိင်​ဆက်​ဆံရာမှာ အကာအကွယ်​မသုံးတာ​ကြောင့်​ ကိုယ်​ဝန်​လွယ်​ရခြင်း၊​နောက်​ဆက်​တွဲမှာ စီးပွား​ရေး လူမှု​ရေး ပြသနာ ကြုံရခြင်း​တွေနိုင်​ပါတယ်​… ဒါ​ကြောင့်​ လိင်​ဆက်​ဆံတဲ့ အခါမှာ အကာအကွယ်​ သုံးဖို့ရာ(သို့) အသုံးမပြုခဲ့မိပါက အ​ရေး​ပေါ်သ​န္ဓေတား​ဆေးဖြင့်​ တားဆီးဖို့ရာ လိုအပ်​ပါတယ်​… ချစ်​သူ၊ လင်​မယား​တွေမှာ လိင်​ဆက်​ဆံမှု နည်းတဲ့အခါမှာ ဒီလို ပြသနာ​တွေက အနည်းငယ်​ ကင်း​ဝေးနိုင်​ပါတယ်

– ချစ်​သူ၊လင်​မယားတို့မှာ အ​ကြောင်းတစ်​စုံတစ်​ရာ​ကြောင့်​ လိင်​မဆက်​ဆံနိုင်​​ပါကလည်း… တနည်းအားဖြင့်​ ခန္ဓာကိုယ်​ချင်း ချစ်​ခြင်းကို ဖလှယ်​တာထက်​…တစ်​ဦးတစ်​​ယောက်​ရဲ့ စိတ်​ကို ပိုနားလည်​​ပေးပြီး sex ကိစ္စမဟုတ်​​သော တခြား romantic ဆန်​တဲ့ နည်းလမ်း​တွေ ပို​တွေးမိလာနိုင်​တယ်​..အချစ်​မ​လျော့ပဲ ပိုတိုးလာနိုင်​ပါ​သေးတယ်​(တ​ယောက်​ကိုတ​ယောက်​ နားလည်​ဖို့ ပိုလိုအပ်​ပါတယ်​)

– မဇ္ဇိမ ပဋိပဍာ ဆိုသလို … ကာမအာရုံကို အရမ်းစွဲလန်းတတ်​ပါက မ​ကောင်းပါဘူး.. ဒါ​ကြောင့်​ မိမိဟာ လိင်​ကိစ္စကို သာမန်​​လောက်​သာ စိတ်​ဝင်​စားတဲ့အခါ အခြား​သော လူမှု​ရေး၊စီးပွား​ရေးနဲ့ အ​တွေး အ​ခေါ်ဘက်​ကို ပိုမို အချိန်​​ပေးနိုင်​မှာ ဖြစ်​ပါတယ်​…

လိင်​မဆက်​ဆံခြင်းရဲ့ ဆိုးကျိုး​တွေက​တော့…

– ​မြွေ​တွေ ငါး​တွေမှာ ​ခြေလက်​​တွေ ပါခဲ့ဖူးတယ်​ဆို.. သိပ္ပံပညာရှင်​​တွေ ဆိုကြဖူးတယ်​.. ဒါဆို ဘာလို့ ခုမရှိ​တော့လဲလို့ ​မေးကြမယ်​… သဘာဝတရားကြီးက ဆန်းကြယ်​တယ်​… အသုံးမပြု​ အသုံးမလို​တော့တဲ့ အရာ တစ်​ခုဟာ တဖြည်းဖြည်း သိမ်​သွားပြီး ​​ပျောက်​ကွယ်​သွားတယ်​တဲ့… မစိုးရိမ်​ပါနဲ့.. ဒီလို ဖြစ်​ဖို့ဆိုတာက​ ရာစုနှစ်​​တော်​​တော်​များများကြာမှ ဖြစ်​နိုင်​တာပါ.. သို့်​​သော်​.. ကျွန်​​တော့်​ကို “ဆရာ ကျွန်​​တော်​သာ အသုံးမပြု​တော့ရင်​ သိမ်​သွားမှာလားလို့ ​မေးလာခဲ့ရင်​​တော့… အ​ပေါ်က ​မြွေနဲ့ ငါး ဥပမာလိုပဲ ​ဖြေပါရ​စေ”

-သု​တေတန​တွေ အဆိုအရ တစ်​ပတ်​မှာ ​လေးငါးကြိမ်​​လောက်​ သုတ်​လွှတ်​ခြင်းဟာ ပရိစတိတ်​(prostate)ကို ပုံမှန်​ဖြစ်​​စေပြီး ကျန်းမာ​ရေးကို မထိခိုက်​နိုင်​ပါဘူး… ဒီလိုပဲ အမျိုးသမီး​တွေမှာဆိုရင်​လဲ လိင်​မဆက်​ဆံတာ ကြာလာတဲ့အခါ မိန်းမကိုယ်​ကြွက်​သား အား​လျော့လာတတ်​ပြီး သားအိမ်​ကျွံကျခြင်း​ ဖြစ်​တတ်​ပါတယ်​…

– ဆား မပါတဲ့ ဟင်းဟာ ​ပေါ့ရွှတ်​ရွှတ်​နိုင်​တယ်​လို့ ​ပြောကြတယ်​.. အဲ့စကားလိုပဲ… အိမ်​​ထောင်​မှုတစ်​ခုမှာလဲ ကာမသုခ ဆိုတဲ့ ဆား​လေး​ လိုတတ်​ပါတယ်​… သို့မဟုတ်​ပါက တစ်​​ယောက်​နဲ့ တစ်​​ယောက်​ စိတ်​ချင်း ရင်းနှီးသင့်​သ​လောက်​ မရင်းနှီးနိုင်​ပဲ အိမ်​​ထောင်​မှု အဆင်​မ​ပြေ ဖြစ်​တတ်​ပါတယ်​…

-တခါတရံမှာ လူတစ်​​ယောက်​ဟာ ကာမဆန္ဒ​​တွေ ရှိ​နေပြီး သိက္ခာ ၊ လူမှု​ရေး၊ တခြားအ​ခြေအ​​နေ တစ်​ခု​ကြောင့်​ အလိုမပြည့်​တဲ့ အခါမျိုးမှာ မိမိကိုယ်​ကို စိတ်​အလိုမကျခြင်း၊ ​ဒေါသ ထွက်​လွယ်​ခြင်း စတာ​တွေ ဖြစ်​တတ်​ပါတယ်​..

– ကာမစိတ်​ များလွန်းတာမျိုးကို​ ​လျော့ချဖို့ရာ တရား ထိုင်​ခြင်း၊ တခြား​သော မိမိ ဝါသနာ ပါရာ အလုပ်​များကို ပြုခြင်း အားဖြင့်​ ​လျော့ချနိုင်​ပါတယ်​…

အရာရာတိုင်းမှာ ​ကောင်းကျိုး ဆိုးကျိုး ဒွန်​တွဲလျက်​ရှိတာမို့… မိမိ စိတ်​ကို အုပ်​စိုးနိုင်​​သော ကျန်းမာ​ရေး အသိနဲ့ ပြည့်​စုံသူများ ဖြစ်​ကြပါ​စေလို့ ​တောင်းဆု ​မေတ္တာပြုလျက်​….

ပိုင်​နီ​မောင်