Diaper အသုံးပြုခြင်းရဲ့ ​ကောင်းကျိုး၊ ဆိုးကျိုးများ

ကောင်းကျိုးများ

-အသုံးပြုရလွယ်​ကူတယ်​။

-တစ်​ခါသုံးပြီး စွန့်​ပစ်​နိုင်​တာမို့ ပြန်​​လျှော်​ဖွပ်​ရတဲ့ ဒုက္ခက ကင်း​ဝေး​စေတယ်​။

-က​​​လေးနဲ့ ခရီးသွားရာမှာ diaper အသုံးပြုရင်​ ပိုအဆင်​​ပြေတယ်​။ လူကြားထဲ အနံ့ထွက်​ခြင်း၊ ​ပေကျန်​ခြင်း​တွေမှ ကင်း​ဝေး​စေတယ်​။

-ယိုစိမ့်​တာ​တွေကို ကာကွယ်​​ပေးလို့ ကြမ်းပြင်​​တွေ​ပေတာ၊ ချီပိုးထားသူရဲ့ အဝတ်​​တွေ စွန်း​ပေတာမျိုး​တွေ မရှိနိုင်​ပါဘူး။

ဆိုးကျိုးများ

-အကုန်​အကျများတယ်​။

-က​လေးကို အိမ်​သာမှာ အ​ပေါ့​အ​လေးသွားဖို့ ​လေ့ကျင့်​ရာမှာ ခက်​ခဲတတ်​တယ်​။

-​ပေါင်​ခြံ​တွေ၊ တင်​ပါးကြားနဲ့ တင်​ပါး​အောက်​​တွေမှာ ပွန်းရာ​လေး​တွေ၊ အနီပြင်​​လေး​တွေ (Diaper rash) ဖြစ်​နိုင်​တယ်​။

-Diaper မှာအသုံးပြုတဲ့ ဓာတုပစ္စည်းနဲ့ ဓာတ်​မတည့်​ရင်​ ယားယံဖု​လေး​တွေ ဖြစ်​နိုင်​တယ်​။

ကျန်းမာလှပ​သော ဘဝတစ်​ခု ပိုင်​ဆိုင်​​စေရန်​ ရည်​ရွယ်​လျက်

ပွင့်​ရည်​(​ဆေး၂)