သုံးလခံသန္ဓတားဆေး(Depo)၏အကျိုးအပြစ်များ

သန္ဓေတားဆေး(Depo)ကအသားထဲထိုးရတာဖြစ်ပြီးအရမ်းကိုလွယ်ကူထိရောက်ပြီးရက်သတ္တပတ် ၁၁ပတ်မှ၁၄ပတ် ပုံမှန်အားဖြင့်၃လအထိ ကိုယ်ဝန်မရအောင်ကာကွယ်ပေးပါတယ်။မြန်မာနိူင်ငံမှာသုံးလခံသန္ဓေတားဆေးဆိုရင်မသိတဲ့မိခင်ဆိုတာအရမ်းရှားပါတယ်။သုံးလခံသန္ဓေတားဆေး(depo)ကတစ်နှစ်မှာပုံမှန်အားဖြင့်လေးကြိမ်ထိုးရပါမည်။ Depoတားဆေးက progestin ခေါ်medroxy progesterone acetate ဆိုတဲ့ hormone ဟော်မုန်းတစ်မျိုးကိုထုတ်ပေးပြီးသုံးလလောက်ကိုယ်ဝန်ရနိူင်ခြင်းကိုတားဆီးပေးပါတယ်။progestin ဟော်မုန်းကသားဥကြွေခြင်းovulation နှင့် သားအိမ်ခေါင်းအကျိအချွဲထူခြင်း thicking the cervical mucus တို့ကိုကာကွယ်ပေးခြင်းဖြင့်သားဆက်ခြားခြင်းကိုထိထိရောက်ရောက်ကာကွယ်ပေးပါသည်။ Depo သားဆက်ခြားဆေးသည်လေ့လာစမ်းသပ်ချက်များအရအသုံးပြုသောမိခင်များတွင်လူအယောက်(၁၀၀)တွင်(၃)ယောက်သာကိုယ်ဝန်ရပြီး း၉၄% မှ ၉၉% ထိကိုယ်ဝန်ရနိူင်ခြင်းကိုတားဆီးပေးပါသည်။

အခြားတစ်ဖက်မှာလည်းသုံးလခံဆေး(Depo)အသုံးပြုခြင်းအားဖြင့်

၁။ပထမဆုံးအကြိမ်ထိုးခြင်းတွင်(၆)လကနေ(၁၂)လအထိ ရာသီအချိန်မမှန်ခြင်း

၂။ရာသီသွေးဆင်းများခြင်း

၃။ အစားစားချင်စိတ်များပြောင်းလဲခြင်း

၄။လိင်မှုကိစ္စများတွင်စိတ်ဝင်စားမှုလျော့နည်းခြင်း

၅။ပျို့ခြင်း ခေါင်းကိုက်ခြင်း ရင်သားများနာခြင်း

၆။ကိုယ်အလေးချိန်တက်ခြင်း

၇။ဝက်ခြံများထွက်ခြင်းတို့ကိုများသောအားဖြင့်ဖြစ်တတ်ကြပါသည်။

အဆိုးဆုံးအနေနဲ့ကတော့ကြာရှည်စွာအသုံးပြုလျှင်ရင်သွေးလိုချင်သောအခါကိုယ်ဝန်ဆောင်နိူင်ရန်ခက်ခဲခြင်းနှင့်အရိုးများ၏သိပ်သည်းဆကိုလည်းနည်းပါးစေသောကြောင့်အရိုးပါးရောဂါများကိုလည်းခံစားရနိူင်ပါသည်။

သုံးလခံတားဆေး(Depo)ကိုဘယ်လိုများစပြီးသုံးသင့်ပြီးဘယ်လိုမျိုးအချိန်ကျရင်ရပ်သင့်သလဲဆိုတာသိထားဖို့လိုအပ်ပါသည်။ သုံးလခံတားဆေးကိုစသုံးတော့မည်ဆိုလျှင်နီးစပ်ရာကျွမ်းကျင်သောကျန်းမာရေးဝန်ထမ်းများနှင့်တိုင်ပင်ပြီးလိုအပ်တဲ့ကျန်းမာရေးစစ်ဆေးမူများကိုပြုလုပ်ပြီးမှထိုးသင့်ပါသည်။ ဘယ်လိုအချိန်မျိုးတွေမှာရပ်သင့်သလိုဆိုတော့ခလေးလိုချင်တော့သည့်အချိန်အခါမျိုးတွင်ကျန်းမာရေးဝန်ထမ်းများဖြင့်တိုင်ပင်ပြီးမှရပ်သင့်ပါသည်။ များသောအားဖြင့်မိခင်များသည် ခန္ဓာကိုယ်အလေးချိန်တိုးလာသောအခါတွင်depoတားဆေးအသုံးပြုခြင်းကိုရပ်တန့်ပစ်ကြပါသည်။ Depoတားဆေးအသုံးပြုပြီးခန္ဓာကိုယ်အလေးချိန်မတက်အောင် အဆီအစိမ့်ကင်း၍အာဟာရမျှတသောအစားအစာစားသုံးခြင်းနှင့်သင့်တင့်မျှတသောအားကစားပြုလုပ်ပေးခြင်းဖြင့်လည်းဝိတ်မတက်အောင်ပြုလုပ်ပေးနိူင်ပါသည်။

ပျော်ရွှင်ကျန်းမာသောမိသားစုကိုပိုင်ဆိုင်ပါစေ။

ဒေါက်တာအာကာမျိုးသန့်